၁၀ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆု ကိုမန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီကရရှိပြီး  ပြည်သူ့ဂုဏ်ရည် (အထူးဆု)ကို ဒုရဲမှူးဟောင်း ဦးမိုးရန်နိုင်အပါအဝင် ၄ ဦးရရှိခဲ့

ရန်ကုန် ၊ ဧပြီ ၇

TGH (vom)

၁၀ကြိမ်မြောက်  ပြည်သူ့ဂုဏ်ရည်ဆု ကို မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီကရရှိခဲ့ပြီး    ပြည်သူ့ဂုဏ်ရည်အသင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ချီးမြှင့်တဲ့ ပြည်သူ့ဂုဏ်ရည် (အထူးဆု) ဆုကိုတော့  မဆွတ်ဆိုင်းထွယ်၊ဒုရဲမှူးဟောင်း ဦးမိုးရန်နိုင်၊ ဒေါ်အိအိညိမ်း  အပါအဝင် Clean Yangon Campaign က  ရရှိခဲ့တယ်လို့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့၊ပြည်သူ့ဂုဏ်ရည်အသင်းကထုတ်ပြန်ခဲ့ပါတယ်။

ဧပြီလ ၆ ရက်နေ့က အမေရိကန်ပြည်ထောင်စု၊ အရီဇိုးနားပြည်နယ်၊ ဖီးနစ်မြို့မှာ ပြုလုပ်ခဲ့တဲ့  ပြည်သူ့ဂုဏ်ရည်ဆုရှင် နှင့် အထူးဆုရှင်များကြေငြာတဲ့ပွဲမှာ ရွေးချယ်ကြေငြာခဲ့တာဖြစ်ပါတယ်။

ပြည်သူ့ဂုဏ်ရည်ဆု နဲ့ အထူးဆုတွေအတွက် ဂုဏ်ပြုဆုငွေနဲ့  ဆုတံဆိပ်တွေကိုတော့ ဧပြီလ ၂၈ ရက်နေ့ မန္တလေးမြို့Mandalay Convention Center မှာ ပေးအပ်သွားမှာဖြစ်တယ်လို့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့၊ပြည်သူ့ဂုဏ်ရည်အသင်းက ဒီကနေ့မနက်မှာထုတ်ပြန်ကြေငြာခဲ့တာဖြစ်ပါတယ်။

၁၀ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုအတွက် အဆိုပြုထားတဲ့ အဖွဲ့အစည်းနဲ့လူပုဂ္ဂိုလ် အမည်စာရင်းတွေထဲကနေ ပြည်သူ့ဂုဏ်ရည်အသင်းရဲ့ အခြေခံမူတွေနဲ့ စိစစ်ပြီး ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

ပြည်သူ့ဂုဏ်ရည်ဆုရှင် ရွေးချယ်ခြင်း နောက်ဆုံးအဆင့်ကို ပြီးခဲ့ မတ်လ ၁၇ ရက် က ပြုလုပ်ခဲ့တာဖြစ်ပြီး ပြည်သူ့ဂုဏ်ရည်အသင်း ဌာနခွဲရဲ့ဆုံးဖြတ်ချက်နဲ့ ၁၀ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည် ဆုရှင်ကို ရွေးချယ်ခဲ့တာဖြစ်တယ်လို့ဖော်ပြထားပါတယ်။

 

#voiceofmyanamr #ပြည်သူ့ဂုဏ်ရည် #မန္တလေးမြို့တော်စည်ပင် #MCDC

Related posts

Leave a Comment

VOM News

FREE
VIEW