တရုတ်နဲ့ မြောက်ကိုရီးယား ဆက်သွယ်ထားတဲ့ နယ်စပ်တံတားသစ်တစ်စင်း ဖွင့်လှစ်

 

ပေကျင်း၊ ဧပြီ-၉ ၊ ၂၀၁၉

မျိုးဆက် (VOM)

တရုတ်နှင့် မြောက်ကိုရီးယားနိုင်ငံတို့အကြား ယာလူမြစ်ကိုဖြတ်သန်းပြီးနယ်စပ်ဖြတ်ကျော်တံတားသစ်တစ်စင်းကို ဖွင့်လှစ်လိုက်ပါတယ်။အဲ့ဒီတံတားဟာ နှစ်နိုင်ငံအကြား လေးခုမြောက် နယ်စပ်ဂိတ်ဖြစ်တယ်လို့ ဘလွန်းဘာ့သတင်းဌာနက ဧပြီ ၈ ရက်မှာ ဖော်ပြပါတယ်။

အဆိုပါတံတားဟာ တရုတ်နိုင်ငံက ဂျင်ယန်မြို့နဲ့ မြောက်ကိုရီးယားက မန်ပိုမြို့တို့ကို ဆက်သွယ်ထားပြီး ၂၀၁၂ ခုနှစ်ကစတင်ပြီးလေးနှစ်ကြာတည်ဆောက်ခဲ့တာဖြစ်ပါတယ်။တံတားတည်ဆောက်တာ ၂၀၁၆ ခုနှစ်မှာပြီးဆုံးခဲ့ပေမယ့်လည်း ကုမသမဂ္ဂလုံခြုံရေးကောင်စီက မြောက်ကိုရီးယားအပေါ် အရေးယူပိတ်ဆို့မှုတွေ ချမှတ်ခဲ့တာကြောင့် ဖွင့်လှစ်နိုင်ခြင်းမရှိခဲ့ပါဘူး။

အခုနှစ်မှာတော့ ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေဟာ မြောက်ကိုရီးယားကို အသွားအပြန်လုပ်နေတဲ့ တရုတ်ခရီးသွားဘတ်စ်ကားတွေကို မတားဆီးနိုင်ဘဲ နယ်စပ်ဖြတ်သန်းသွားလာတာတွေကို ဖွင့်ပေးခဲ့တယ်လို့ ဘလွန်းဘာ့သတင်းဌာနက ဖော်ပြပါတယ်။

ပြီးပြည့်စုံတဲ့ အဆင့်မြင့် အကောက်ခွန်စစ်ဆေးရေးဂိတ်နဲ့အတူ စစ်ဆေးရေးဂိတ်က ခရီးသည်တင်ယာဉ်တွေနဲ့ ကုန်တင်ကားတွေဖြတ်သန်းသွားလာတာကို ခွင့်ပြုပေးလိမ့်မယ်ဆို့ ဆိုပါတယ်။

လွန်ခဲ့တဲ့ ၁၃ လအတွင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ဟာ တရုတ်နိုင်ငံကို လေးကြိမ်သွားရောက်ခဲ့ပြီး တရုတ်-မြောက်ကိုရီးယား နှစ်နိုင်ငံ ဆက်ဆံရေးတိုးကောင်းမွန်လာပြီးနောက် ဒီလိုနယ်စပ်ဖြတ်ကျော်တံတားကို ထပ်မံဖွင့်လှစ်လိုက်တာဖြစ်ပါတယ်။

တရုတ်နိုင်ငံဟာ မြောက်ကိုရီးယားအတွက် အဓိက ကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး နှစ်စဉ်ကုန်သွယ်မှုပမာဏဖြင့်တဲ့နေရာ ၂၀၁၈ ခုနှစ်မှာ ကုန်သွယ်မှုပမာဏ ၈၇ ရာခိုင်နှုန်းအထိ တိုးတက်လာတယ်လို့ တောင်ကိုရီးယားနိုင်ငံရဲ့ နိုင်ငံတကာ ကုန်သွယ်ရေးအသင်းက ပြုစုတဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။

Ref : Sputnik Photo : SCMP

#voiceofmyanmar #နိုင်ငံတကာသတင်း #မြောက်ဂိုရီးယား #တရုတ်

Related posts

Leave a Comment

VOM News

FREE
VIEW