ပြီးခဲ့တဲ့နှစ်အတွင်း ဆိုင်ကယ်တိုက်မှုကြောင့် လူနှစ်ထောင်ကျော်သေဆုံးခဲ့ရပြီး  ဒဏ်ရာရရှိသူ တစ်သောင်းကျော် ရှိခဲ့

 

 

ရန်ကုန် ၊ဧပြီ ၉

TGH(VOM)

၂ဝ၁၈ခုနှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ ဆိုင်ကယ်တိုက်မှုတွေကြောင့် လူပေါင်း ၂၃၇၆ ဦးသေဆုံးခဲ့ရပြီး ဒဏ်ရာရရှိသူ ၁၂၉၈၅ ဦးရှိခဲ့တယ်လို့ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူကပြောပါတယ်။

 

ယာဉ်အမျိုးအစားအလိုက် ယာဉ်တိုက်မှုနှုန်းကိုလေ့လာကြည့်ပါမယ်ဆိုရင်လည်း ၂ဝ၁၈ခုနှစ်အတွင်းဖြစ်ပွားခဲ့တဲ့ ယာဉ်တိုက်မှုတွေထဲမှာ မော်တော်ဆိုင်ကယ်ယာဉ်မတော်တဆနှုန်း  ၄၉ ရာခိုင်နှုန်းရှိတယ်လို့ ပြောပါတယ်။  ၂ဝ၁၈ခုနှစ်ရဲ့ ယာဉ်တိုက်မှု၊ ဒဏ်ရာရမှုနဲ့ သေဆုံးမှုနူန်းက လွန်ခဲ့တဲ့ နှစ်တွေနဲ့ နှိုင်း ယှဉ်ရင်လျော့ကျခဲ့တဲ့အခြေနေ သာဖြစ်တယ်လို့ ဆိုပါတယ်။

 

“ယာဉ်တိုက်မှုတွေ ရဲ့ထက်ဝက်ဝန်းကျင်ခန့်က မော်တော်ဆိုင်ကယ် ကြောင့်ဖြစ်တယ်၊ဒါကြောင့်  ဆိုင်ကယ် တိုက်ခိုက်မှု၊ သေဆုံး၊ ဒဏ်ရာရမှုလျှော့ချနိုင်ဖို့ မော်တော်ဆိုင်ကယ်ဦးထုပ်အရည်အသွေးစံချိန်စံညွှန်း ထွက်ပေါ်လာရေးနဲ့ စပ်လျဉ်းတဲ့ စီမံခန့်ခွဲရေး ဆပ်ကော်မတီကနေ ဆိုင်ကယ်  စီးနင်းသူတွေအတွက်  Safety Helmet Standard ပြုစုပြဋ္ဌာန်းရေးကို ဆွေးနွေးခဲ့ကြတယ်။နောက်ပြီး ဆိုင်ကယ်စီးနင်သူတွေအနေနဲ့ကလည်း E-mark ပါတဲ့ ဦးထုပ်ကိုအသုံးပြုနိုင်မယ်ဆိုရင် ယာဉ်မတော်တဆမှုကြောင့် အသက်ဆုံးရှုံး ရတဲ့ကိစ္စတွေ လျော့ကျနိုင်မယ်”လို့ ပြောပါတယ်။

 

ဒီနှစ်ရဲ့ နှစ်ဆန်းပိုင်း နှစ်လမှာတော့ ယာဉ်မတော်တဆမှုတွေကြောင့် သေဆုံးမှုသိသိ သာသာမြင့်တက်လာခဲ့တယ်လို့  NRSC ရဲ့စိစစ်တွေ့ရှိချက်အရ သိရပါတယ်။

 

NRSC အနေနဲ့ အောင်မြင်တဲ့မူဝါဒချမှတ်နိုင်ဖို့ဆိုရင်  ယာဉ်မတော်တဆမှုဆိုင်ရာ စာရင်းဇယား၊ အချက်အလက်တွေ တိကျ ပြည့်စုံမှုဖို့ လိုအပ်တာကြောင့် မြန်မာနိုင်ငံရဲ့ ယာဉ်မတော်တဆမှုအချက်အလက်ကောက်ခံတဲ့  DataCollecting စနစ် အားနည်းချက်ကိုပြုပြင်ပြီး Road Crash Database System ကို ခုနှစ် ဇန်နဝါရီ ၁ရက်နေ့ကတည်းကစတင်  ပြောင်းလဲအသုံးပြုထားတယ်လို့သိရပါတယ်။

Photo credit-အမြန်လမ်းမကြီးရဲတပ်ဖွဲ့

#voiceofmyanmar #ယာဉ်တိုက်မှု #ဆိုင်ကယ် #NRSC

Related posts

Leave a Comment

VOM News

FREE
VIEW