တောင်နဝင်းဆည်မှာ ရေကစားသူတွေစည်ကားနေ

ပြည် ဧပြီ ၁၆-၂၀၁၉
ဂျန်​ကိုးလ်
ပြည်​မြို့အနီး​တောင်​န၀င်းဆည်​က လွှတ်​​ပေးတဲ့ သာစည်​ဆည်​လို့​ခေါ်တဲ့ ဆည်​​ရေ​အေး​အေး​လေးမှာ ​ဒေသစုံကလာတဲ့ ​ရေချိုးသူတွေ အပူဒဏ်ခိုသူတွေနဲ့သင်္ကြန်​အတက်​​နေ့မှာ တိုးမ​ပေါက်​​အောင်​စည်​ကား​နေပါတယ်​။
“ဆည်​​မြောင်းက​တော့ဆည်​​ရေလွှတ်​ထားလို့ ​ရေမချိုးဘို့တားမြစ်​ထားတယ်​ဘဲဆိုပါ​တော့ သတိ​ပေးစာကဒ်​ထားတယ်​ ပြည်​မြို့အထွက်​တိုးဂိတ်​အ​ကျော်​ ဇီးအုပ်​ဆိုတဲ့အနားက၀င်​ရတာ ၀င်​ပြီးပြန်​ထွက်​ဘို့ခက်​​အောင်​ကိုစည်​တယ်​”ဟု ဥသျှစ်​ပင်​မြို့ကနေ ပြည်​သင်္ကြန်​လာရင်း ​ရေစိမ်​သူကိုမင်းမင်းက​ပြောပါတယ်​။
ယခုနှစ်​သင်္ကြန်​အခါမှာအပူရှိန်​ပြင်းထန်​လို့ ​အခြားမြို့က​နေ ပြည်​သင်္ကြန်​ကို​ရေလာကစားသူများ အပူဒဏ်​ခံနိုင်​ရန်​သာစည်​ဆည်​သို့​နေ့လယ်​ခင်းဘက်​တွေမှာ ​သွား​ရောက်​ခိုလှုံကြ​ကြောင်းသိရပါတယ်​ ။ 

Related posts

Leave a Comment

VOM News

FREE
VIEW