ပြည်မှာ သင်္ကြန်အတက်နေ့က ရေနစ်တဲ့အမျိုးသမီးငယ် ၃ ဦးရဲ့ အလောင်းတွေပြန်လည်တွေ့ရှိ

ဧပြီလ ၁၈ ရက်-၂၀၁၉

လမင်း (VOM)

 

ပဲခူးတိုင်း ၊ ပြည်မြို့ ၊ ခေတ္တရာဧရာပန်းခြံနောက် ၊ ဧရာဝတီမြစ်ထဲမှာ ဧပြီလ ၁၆ ရက်နေ့ မနက် ၁၀ နာရီခွဲ ခန့်က ရေဆင်းဆော့ရင်း ရေနစ်ခဲ့တဲ့ အမျိုးသမီးငယ်သုံးဦးအား ဧပြီလ ၁၇ ရက်နေ့က ပြန်လည်တွေ့ရှိခဲ့ကြပါတယ် ။

 

” ဟိုနားကနေလှေလှော်ပြီးရှာတော့ ခေါင်းလေးပေါ်လာတာ ခေါင်းလေးပေါ်လာတော့ သူတို့ကိုလှော်ခိုင်းတာ ရောက်တော့ ခေါင်းကိုပိတ်ဆွဲလိုက်တာ လှေကမှောက်သွားပြီးလက်ထဲကလွတ်သွားကော ပြီးမှ ပြန်ပေါ်ပြီးပြန်တွေ့လာတာ ” လို့ အလောင်းရှာဖွေရေးလုပ်တဲ့ ကိုအောင်ကျော်ကျော်ကဟြေပါတယ် ။

 

မိန်းကလေးငယ် သုံးဦးဟာ ပြည်မြို့သံန္ဒေပင်ရပ်ကွက်မှာ နေထိုင်သူများဖြစ်ပြီး မမြတ်မြတ်သူ အသက် ၁၃ နှစ် ၊ မနှင်းပွင့်ဖြူ အသက် ၁၁ နှစ် နဲ့ မသန်းမြတ်စိုး အသက် ၁၃ နှစ်တို့ဖြစ်ကြပါတယ် ။ သူတို့ကို ငါးဖမ်းပိုက်တွေနဲ့ ရှာတာမှာ ဧပြီလ ၁၇ ရက်နေ့ မနက် ၁၁ နာရီ ၈ မိနစ်မှာ မသန်းမြတ်စိုး အား စတင်ရေနစ်ခဲ့သည့်နေရာတွင်ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပြီး မမြတ်မြတ်သူကိုတော့ ဥပလ္လင်ဆိပ်အနီးတွင်ပြန်လည်တွေ့ရှိခဲ့ပါတယ် ။

 

ကျန်ရှိသည့် မနှင်းပွင့်ဖြူ အသက် ၁၁ နှစ်ကိုတော့ နေ့လည် ၂ နာရီ ၅ မိနစ်ခန့်မှာ  ပြည်မြို့ နဝဒေးတံတားရဲ့ တိုင်အမှတ် ၃ တွင်ပြန်လည်ရှာဖွေတွေ့ရှိခဲ့ကြပါတယ် ။ ပြန်လည်ရှာဖွေတွေ့ရှိသော ရုပ်အလောင်းများသည် သေဆုံးနေကြပြီး မိုးမေတ္တာနာရေးကူညီမှု့အသင်း ၊ မနုဿမေတ္တာ ရှင်/ကူအဖွဲ နှင့် မြတ်စေတနာပရဟိတနာရေးကူညီမှု့အသင်းတို့မှ ရုပ်အလောင်းများအား ပြည်မြို့ ပြည်သူ့ဆေးရုံကြီးရှိ ရင်ခွဲရုံဆီကိုပို့ဆောင်ပေးခဲ့ကြပါတယ် ။

 

 

Related posts

Leave a Comment

VOM News

FREE
VIEW