နတ္တလင်းမြို့ နယ်​မှာ  အိမ်​(၈)လုံး မီး​လောင်

ဧပြီလ -၂၀ ရက် -၂၀၁၉

မိုးယံ(ဇီးကုန်း)

 

 

ဧပြီ ၂၀ ရက်​ ​နေ့လယ် ၁နာရီ ခန့်​က ပဲခူးတိုင်း ၊ သာယာဝတီခရိုင်​ နတ္တလင်းမြို့ နယ်​ ပျဉ်းမကုန်​အုပ်​စု ကံတွင်းရွာမှာ နွားတင်းကုတ်​ မီးကြွင်းမီးကျနှ် က​နေ တဆင့်​ မီး​လောင်​မှု ဖြစ်​ခဲ့လို့ အိမ် ၈ လုံး မီးထဲပါသွားခဲ့ပါတယ်။

 

ကံတွင်းရွာအုပ်​ချုပ်​​ရေးမှူး ဦးညွန့်​ဦး က ​” အဲ့ဒီအချိန်မှာ အိမ်​သား​တွေ တစ်​​ယောက်​မှ မရှိဘူး နွားတဲကုတ်​ မီးဖိုးက​နေ စ​လောင်​တာ အဲဒီက​နေ အိမ်​မကြီး​လောင်​တယ်​ပြီး​တော့ အနီးအနားက အိမ်​​တွေ ဆက်​လောင်​တယ်​  စပါးတင်း(၉၀၀) မတ်​ပဲ တင်း(၁၅၀) မီးထဲပါသွားတယ်​´လို့ ပြောပါတယ်​။

 

မီး​လောင်​မှု​ကြောင့်​ ဦးခင်​​မောင်​လွင်​ရဲ့  သွပ်​မိုး ပျဉ်​ထောင်ပျဉ်ခင်း ​လေးပင်​အိမ၊်​  ကို​ကျော်​ဇင်​ဦးရဲ့ သက်​ငယ်​မိုး ထရံကာ ဝါးကြမ်းခင်း ​လေးပင်​အိမ်​၊  ဦး​အောင်​မြင့်​ရဲ့ သွပ်​မိုး ပျဉ်​ထောင်ပျဉ်ခင်း လေးပင်​အိမ်​ အပါအဝင် အိမ်​ရှစ်​လုံးမီး​လောင်​သွားခဲ့ပါတယ်။

မီးလောင်ဆုံးရှုံးမှုတန်​ဖိုး ၁၅ သိန်းကျပ်​ ရှိ​တယ်​လို့ ရဲမှတ်​တမ်းမှာဖော်​ပြထားပါတယ်​။ မီးစတင်​​လောင်​ကျွမ်းခဲ့​တဲ့ အိမ်​ရှင်​ ဦးခင်​​မောင်​လွင်​ ကို (ပ)၇၁/၂၀၁၉ ရာဇသတ်​ကြီးပုဒ်​မ ၂၈၅နဲ့အမှုဖွင့်​ထားတယ်​လို့ တာပွန်​ နယ်​​မြေရဲစခန်းကနေ သိရပါတယ်​။

 

#voiceofmyanmar  #နတ္တလင်း #ကံတွင်းရွာ #မီးလောင်မှု

 

Related posts

Leave a Comment

VOM News

FREE
VIEW