စစ်တွေထောင်တွင်းဆူပူမှုဖြစ်ပွားခဲ့

 

စစ်တွေ၊ ဧပြီ ၂၁-၂၀၁၉

ခိုင်လင်းစံ (VOM)

 

ရခိုင်ပြည်နယ် စစ်တွေအကျဉ်းထောင်တွင်းမှာ မနေ့က ညနေ ၈ နာရီဝန်းကျင်လောက်မှာ ဆူပူမှုတစ်ခုဖြစ်ပွားခဲ့တဲ့အတွက် သေနတ်ပစ်ဖောက်ပြီး နှိမ်နင်းခဲ့ရတာဖြစ်ပါတယ်။

အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူးကတော့ ပြဿနာဖြစ်တာတွေနဲ့ပတ်သက်လို့ စိစစ်မှုတွေဆောင်ရွက် နေတယ်လို့ ပြောပါတယ်။

“ဘာမှမဖြစ်ပါဘူး။ မနေ့က ဆူတဲ့အတွက် ထိန်းလိုက်ရတာပဲရှိပါတယ်။ ဖြစ်ပွားတာနဲ့ပတ်သက်လို့တော့ စိစစ်မှုတွေပြုလုပ် နေပါတယ်။”လို့ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးကြည်လင်းက ပြောပါတယ်။

 

အဲ့ဒီဆူပူမှုနဲ့ပတ်သက်လို့ သေနတ်ပစ်ခတ်နှိမ်နင်းတဲ့အခါမှာ အကျဉ်းသားတွေအပေါ် ထိခိုက်ဒဏ်ရာရရှိတာတွေ ရှိမရှိမေးမြန်းမှုကိုတာ့ ပြန်လည်ဖြေကြားခဲ့ခြင်းမရှိတာဖြစ်ပါတယ်။

“မနေ့က ညနေပိုင်းလောက်မှာဖြစ်တာပါ။ ဘာကြောင့်ဖြစ်တယ်ဆိုတာတော့ကျွန်တော်တို့မသိဘူး။ ၇ နာရီခွဲကျော် ၈ နာရီလောက်မှာတော့ သေနတ်ပစ်သံတွေကိုကြားလိုက်ရတယ်။ အချက်ပေါင်း တော်တော်များများပစ်ခတ်ခဲ့ပါတယ်။ ပြီးတော့ ထောင်ထဲက ဆူညံနေတဲ့အသံတွေကိုလည်းကြားရတယ်။”လို့ ထောင်အနီးဝန်းကျင်မှာ ရှိနေသူတွေက ပြောပါတယ်။

အခုလိုမျိုးဆူပူမှုဖြစ်ပွားခဲ့တာဟာ ပြီးခဲ့ နှစ်ဆန်းတစ်ရက်နေ့က နိုင်ငံတော်သမ္မတရဲ့လွှတ်ငြိမ်းချမ်းသာခွင့်မှာ ပါသင့်တဲ့သူတွေမပါခဲ့တဲ့အတွက် နှစ်ရှည်ကျခံနေရသူတွေက မကျေမနပ်ဖြစ်ပြီး အခုလိုဖြစ်ပွားခဲ့တာဖြစ်တယ်လို့ သတင်းတွေထွက်ပေါ်နေတာဖြစ်ပါတယ်။

#voiceofmyanmar #ရခိုင်ပြည်နယ် #စစ်တွေအကျဉ်းထောင် #လွတ်ငြိမ်းချမ်းသာခွင့်

Related posts

Leave a Comment

VOM News

FREE
VIEW