ရေသူမလို ရေကူးတတ်ဖို့ လေ့ကျင့်နေရတဲ့ အိချောပို

ရန်ကုန် ဧပြီ ၂၀ -၂၀၁၉ သင်းသဒ္ဒါ ပရိသတ်က ချစ်စနိုးနဲ့ စူစူခေါ်တဲ့ သရုပ်ဆောင် အိချောပိုကတော့ ရေသူမလို ရေကူးတတ်ဖို့ လေ့ကျင့်နေရတယ်လို့ ဆိုပါတယ်။ ”အိချော ရေသူမ ကားလေးရိုက်ဖို့ရှိပါတယ်။ အခုကထဲက ရေသူမလိုရေကူးနိုင် အောင်လေ့ကျင့်နေတယ်၊ နဂိုကတည်းက ရေကူးတတ်ပါတယ်၊ ဒါပေမယ့် ရေသူမနဲ့တူအောင်ပြန် သင်ရတာပေါ့။ ပြီးတော့ ရေငုပ်ပြီးသွားရတယ်။ ရေသူမဝတ်စုံနဲ့ကျတော့ကူးရခက်တယ် ခြေနှစ်ဖက် စုပြီးကူးရတာ အဲ့အတွက် သင်္ကြန်မတိုင်မီက ရှုတင်ပြီးတဲ့ရက်တွေဆို ရေကူးကန်မှာ ညဘက်လေ့ကျင့်ဖြစ်တယ်။ ကိုယ့်ဘက်က ကြိုတင်ပြင်ဆင်ရတာပေါ့ ။ မနက်ဖြန်ဆိုလည်း စီလီကွန် တွေနဲ့ငါးလက်တွေလုပ်ဖို့ အတိုင်းတွေ သွားပေးရမယ်။ ဝတ်စုံကို သမီး အမေရိကားကမှာထားတယ် အဲ့ဒီအပေါ် မှာပိုပြီးတော့ ထပ်လုပ်ရမှာပေါ့ ”လို့ဆိုပါတယ်။ သူမရဲ့ “ဒဏ္ဏာရီပင်လယ်” ဇာတ်ကားကို တော့ ဇာတ်ညွှန်း သမီးမြတ်ကျော် ရေးကာ ဒါရိုက်တာအနေနဲ့ ဦးကျော်သူ က…

Read More

ဘူးသီးတောင်မြို့နယ်ထဲက တိုက်ပွဲဖြစ်ပွားရာနေရာမှာ ပိတ်မိနေတဲ့ကျေးရွာသား ၆ ဦးကို နှစ်ရက်အကြာမှာ ကယ်ထုတ်နိုင်ခဲ့

  ဘူးသီးတောင်၊ ဧပြီ ၂၁-၂၀၁၉ ခိုင်လင်းစံ(VOM)   ဘူးသီးတောင်မြို့နယ် နွားရုံတောင်ကျေးရွာအနီးမှာ မြန်မာ့တပ်မတော်စစ်ကြောင်းက လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေ ပြုလုပ်နေတဲ့အတွက် ဧပြီလ ၁၉ ရက်နေ့က ကျေးရွာလုံးကျွတ်ထွက်ပြေးလာခဲ့ကြတာဖြစ်ပါတယ်။ ကျေးရွာသားတွေ ထွက်ပြေးနေချိန်မှာ ကျန်းမာရေးမကောင်းတဲ့ နေထိုင်မကောင်းတဲ့ အသက်ပိုင်း ဘိုးအဘွားတွေဟာ ကျေးရွာအတွင်းမှာ ပိတ်မိနေခဲ့ပြီး သူတို့တွေကို နှစ်ရက်အကြာမှာ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက သွားရောက် ကယ်ထုတ် နိုင်ခဲ့တာဖြစ်ပါတယ်။ “ပိတ်မိနေတဲ့ အသက်ကြီးပိုင်းတွေကိုတော့ ကျွန်တော်တို့ မနေ့ကကယ်ထုတ်နိုင်ခဲ့ပါတယ်။ အကုန်လုံးက ၆ ယောက်ဖြစ်ပါတယ်။ နွားရုံတောင်ရွာက ၅ ယောက်၊ သသျှားတောင်ကတစ်ယောက်ပါ။ အသက် ၉၀ ကျော်နှစ်ယောက်ပါပါတယ်။ လေဖြတ်နေသူတွေ၊ မျက်စိမမြင်သူတွေပါပါတယ်။”လို့ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းကပြောပါတယ်။   ရွာသားတွေ ထွက်ပြေးလာခဲ့ပြီး စေတီတောင်ကယ်ဆယ်ရေးစခန်းကို ရောက်ရှိနေတဲ့အချိန်မှာ အသက်ကြီးပိုင်းတွေနဲ့ နေမကောင်းသူတွေ ကျန်နေခဲ့ကြောင်း သိရတဲ့အတွက် ဘူးသီးတောင်က ကူညီကယ်ဆယ်ရေး အဖွဲ့တွေနဲ့…

Read More

ရုပ်ရှင်ကားတွေရဲ့ ရသကို ဇကာတိုက်ရမယ့်အချိန်ရောက်ပြီလို့ သရုပ်ဆောင်လွင်မိုးဆို

  ရန်ကုန် ဧပြီ ၂၁ -၂၀၁၉ သင်းသဒ္ဒါ အနုပညာအလုပ်တွေ ပြန်လည် လုပ်ဆောင်လာတဲ့ သရုပ်ဆောင်လွင်မိုး ကတော့ ရုပ်ရှင်ကားတွေရဲ့ ရသကို ဇကာတိုက်ရမယ့်အချိန်ရောက်ပြီလို့ ဆိုပါတယ်။ “လက်ရှိ ရုပ်ရှင်ရဲ့ ဈေးကွက်မှာ ငွေရေးကြေးရေးရတဲ့သူတွေလည်း ရှိနေသလို ၊ ရှုံးတဲ့သူတွေလည်း ရှိနေပါပြီ။ ဇာတ်ကား လူမ၀င်တာတွေလည်း ဖြစ်လာပါပြီ။ စီးပွားသဘောနဲ့ ပြန်ပြောမယ်ဆိုရင် ဒီလုပ်ငန်းကို ဘယ်လို ပိုက်ဆံရှာရမလဲဆိုတာလည်း အရေးကြီးလာပါပြီ။ဘယ်သူ့တွေနဲ့ ရိုက်မလဲ၊ ဘယ်သူတွေ ရိုက်ရမလဲ ဆိုတာလည်း အရေးကြီးလာပါပြီ။သရုပ်ဆောင် မင်းသားစူပါးစတားတွေမှမဟုတ်ပဲနဲ့ ဥပမာ- လိပ်ပြာစံအိမ်လို့ အရာ မျိုးတွေလည်း ပိုက်ဆံရတယ်လို့ ပြန်ဖြစ်လာတယ်။ ရုပ်ရှင်ရဲ့ ရသတွေကို ဇကာတိုက်ရမယ့် အချိန် ရောက်လာပါပြီ။ ဇကာတိုက်ရမယ့် အချိန်ဆိုတော့ ၂၀၂၀ လောက်မှာ အရည်အသွေးပြည့်ဝလုပ်နိုင်တဲ့ ဇာတ် ကားတွေ ထွက်လာမယ်။ ရုံတွေလည်း ဒီထက်ပိုများလာမှာ ဖြစ်ပါတယ်။…

Read More

သီရိလင်္ကာမှာ အီစတာပွဲတော်ကျင်းပစဉ် တိုက်ခိုက်မှု လူ ၁၃၇ ဦးသေဆုံး

ကိုလံဘို၊ ဧပြီ-၂၁ မျိုးဆက် (VOM) သီရိလင်္ကာနိုင်ငံမှာ ဧပြီ ၂၁ ရက်က ခရစ်ယာန်တို့ရဲ့ အီစတာပွဲတော်ကျင်းပနေချိန်မှာ  ဘုရားကျောင်းနဲ့ ဟိုတယ်တွေမှာ ပေါက်ကွဲမှု ခြောက်ကြိမ်ဖြစ်ပွားခဲ့တဲ့အတွက် လူ ၁၃၇ ဦးသေဆုံးသွားပြီး လူ ၂၀၀ ကျော် ဒါဏ်ရာရရှိသွားတယ်လို့ ဒေသဆိုင်ရာ အာဏာပိုင်တွေက အတည်ပြုပြောဆိုပါတယ်။ ပေါက်ကွဲမှုတွေဟာ ဒေသစံတော်ချိန် နံနက် ၈ နာရီ ၄၅ မိနစ်က ဖြစ်ပွားခဲ့တာဖြစ်ပြီး အီစတာပွဲတော်ကာလအတွင်း ခိုရှီခိတ်၊ နီဂွမ်ဘို နဲ့ ဘက်တီကာလို ဘုရားကျောင်းတို့ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ကိုလံဘိုမြို့ရှိ ရှန်ဂရီလာ၊ စီနာမွန်ဂရန်းနဲ့ ကင်းဆဘူရီ ဟိုတယ်တွေလည်း ပစ်မှတ်ထားတိုက်ခိုက်မှုခံခဲ့ရပါတယ်။ ဧပြီ ၂၁ ရက်ကပြုလုပ်တဲ့ အီစတာပွဲတော်ဟာ ခရစ်ယာန်ပြက္ခဒိန်မှာတော့ အဓိကပွဲလမ်းသဘင်တစ်ခုဖြစ်ပါတယ်။ သီရိလင်္ကာအစိုးရအဖွဲ့ဝန်ကြီး မာနိုဂါနီရှန်က ကိုလံဘိုရှိ ပေါက်ကွဲမှုဖြစ်ပွားရာနေရာတွေထဲက အခင်းဖြစ်ရာနေရာတစ်ခုမှာ ရောက်ရှိနေပြီး တိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ ထိတ်လန့်အံ့သြမိသလို…

Read More

မြန်​မာ့အာမခံ ဈေးကွက်တွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်လာ

ရန်ကုန်၊ ဧပြီ ၂၁ TGH (vom) မြန်မာနိုင်ငံရဲ့ အာမခံဈေးကွက်ထဲကို  နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ရာနှုန်းပြည့်ပိုင်ဆိုင်တဲ့ နိုင်ငံခြားအသက်အာမခံ ကုမ္ပဏီ ၅ ခုဝင်ရောက်လာတယ်လို့   စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနက တရားဝင် ပြောဆိုလိုက်ပါတယ်။ ” အာမခံလုပ်​ငန်းကို လမ်းဖွင့်​ပေးမယ်​ဆိုတာက အသက်​အာမခံကို ပိုပြီးတော့ တိုးတက်​စေချင်​တာနဲ့ နိုင်​ငံတကာအလေ့အကျင့်​ ပိုပြီးရစေချင်​တာကြောင့်ပါ။နိုင်​ငံခြားအာမခံလုပ်​ကိုင်​ခွင့်​ကိုလဲ အားလုံးခွင့်​ပြုထားပြီးသားဖြစ်​ပါတယ်​။ နိုင်​ငံတကာအာမခံကုမ္ပဏီတွေဝင်​ရောက်​လာပြီဆိုရင်​ မြန်​မာနိုင်​ငံရဲ့အာမခံလုပ်​ငန်းကလည်း ခေတ်​တစ်​ခုလောက်​ပြန်​ရောက်​လာမယ်၊ လူတိုင်းအတွက်​ အာမခံ အကာအကွယ်​က ပိုပြီး ​တော့ ရနိုင်​လိမ့်​မယ်​” လို့ အာမခံလုပ်​ငန်းကြီးကြပ်​ရေးအဖွဲ့က အတွင်းရေးမှူး ဦးဇော်​နိုင်​ကပြောပါတယ်။ နိုင်ငံခြား အသက်အာမခံလုပ်ငန်း ဆောင်ရွက်ခွင့်ရမယ့်  ကုမ္ပဏီ တွေက AIA Company Limited  ၊ Chubb Tempest Reinsurance  Limited  ၊ Dal-lChi Life Insurance Company Limited ၊ Manufacturers…

Read More

ပြည်သူအတွက် ပြည်သူ့မီဒီယာဖြစ်ဖို့

ဧပြီ ၂၁-၂၀၁၉   တိုင်းပြည်ရဲ့ အဓိက မဏ္ဍိုင်ကြီး ၃ခုပြီးရင် ကျနော်တို့ သတင်းမီဒီယာလုပ်ငန်းဟာလည်း အရေးကြီးတဲ့ တိုင်းပြည်တည်ဆောက်ရေးမှာပါတဲ့ လုပ်ငန်းတခုဖြစ်ပါတယ်။ ပြည်သူတွေကို ပညာပေးဖို့၊  သတင်းမှန်တွေ ထုတ်ပြန်ပေးဖို့ စိတ်ပျော်ရွှင်မှုအတွက် ဖျော်ဖြေရေးကဏ္ဍတွေ ထုတ်လွှင့်ပေးဖို့ စတာတွေလုပ်ရမယ့် တာဝန်တွေရှိပါတယ်။ အဲလိုရှိတဲ့နေရာမှာ ကျနော်တို့က ဘာကိစ္စဖြစ်ဖြစ် ခရေစေ့တွင်းကျသိဖို့ နှံ့စပ်ဖို့ ကျွမ်းကျင်လိမ္မာဖို့ အင်မတန်မှအရေးကြီးပါတယ်။ ကျနော်တို့ မသိပဲ မတတ်ဘဲ သတင်းတင်ပြမိရင် ပြည်သူရဲ့ နား၊ မျက်စေ့ထဲ အဆိပ်တွေ လောင်းထည့်မိသလိုဖြစ်သွားနိုင်ပါတယ်။   စာပေကင်ပေတိုင်ခေတ်ပြီးတော့ စပွင့်လင်းလာတယ်လို့ပြောလို့ရတဲ့  ဦးသိန်းစိန်အစိုးရတက်လာပြီးတဲ့နောက်ပိုင်းမှာ သတင်းမီဒီယာလောကဟာ တရှိန်ထိုးစိတ်ဝင်စားသူတွေများလာခဲ့ပါတယ်။ သတင်းထောက်လုပ်ငန်း သတင်းစာနဲ့ အသက်မွေးတဲ့ လုပ်ငန်းဟာ အနေအစားချောင်တယ်လို့ ထင်သူတွေလည်းပါကောင်းပါနိုင်ပါတယ်။ ၆၆ ဃ ဆိုတဲ့  မီဒီယာကို ခြိမ်းခြောက်တဲ့ လက်နက်တခု အစွယ်ငေါငေါနဲ့ ထွက်လာတဲ့ နောက်ဆွဲဆွဲမှာတော့ မီဒီယာနဲ့ စီးပွားရေးလုပ်စားရတာ…

Read More

ပြည်ကြီးတံခွန်မြို့နယ်က ဖိနပ်စက်ရုံ မီးလောင်မှု Level-2 အဆင့်နဲ့ ငြိမ်းသတ်ခဲ့ရ

  မန္တလေး၊ ဧပြီ ၂၁-၂၀၁၉ ဟိန်းကို(VOM) မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ ချမ်းမြသာယာရပ်ကွက်၊ ၇၃လမ်း ဆင်ဖြူရှင်လမ်း နှင့် မြဝတီမင်းကြီးလမ်းကြားရှိ ‘ငွေနဂါး’ဖိနပ်ချုပ်လုပ်ငန်းမှာ ဒီကနေ့ နံနက်ပိုင်းက လုပ်ငန်းတွင်းအသုံးပြုတဲ့ မီးဘုတ်ခုံအပူလွန်ကဲပြီး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပါတယ်။ #voiceofmyanmar #မီးလောင် #ဖိနပ်စက်ရုံ #ပြည်ကြီးတံခွန်

Read More

စစ်ကိုင်းမြို့က ရေရှားပါးတဲ့ ကျေးရွာကို သောက်သုံး ရေ သွားရောက်လှူဒါန်း

  စစ်ကိုင်း၊ဧပြီ ၂၀-၂၀၁၉ မောင်တာရာ (VOM) စစ်ကိုင်းမြို့နယ် အတွင်းက ရွာသာယာ တွင် သောက်သုံးရေရှားပါမှု ဖြစ်ပေါ်နေတဲ့ အတွက် ဒီနေ့ နံနက်ပိုင်းက စစ်ကိုင်းမြို့က လွှတ်တော်ကိုယ်စားလှယ်တွေ၊မြို့နယ် မီးသတ်​ ဦးစီး ဌာန ၊အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့ စစ်ကိုင်း (SERT RESUCE )၊မြတ်နိုးသူ ကုမ္ပဏီ တို့ ပူးပေါင်းပြီး သောက်သုံး ရေတွေ သွား ရောက် လှူဒါန်းခဲ့ပါတယ်။ #voiceofmyanmar #စစ်ကိုင်း #သောက်သုံးရေ #ရွာသာယာ

Read More

စစ်တွေထောင်တွင်းဆူပူမှုဖြစ်ပွားခဲ့

  စစ်တွေ၊ ဧပြီ ၂၁-၂၀၁၉ ခိုင်လင်းစံ (VOM)   ရခိုင်ပြည်နယ် စစ်တွေအကျဉ်းထောင်တွင်းမှာ မနေ့က ညနေ ၈ နာရီဝန်းကျင်လောက်မှာ ဆူပူမှုတစ်ခုဖြစ်ပွားခဲ့တဲ့အတွက် သေနတ်ပစ်ဖောက်ပြီး နှိမ်နင်းခဲ့ရတာဖြစ်ပါတယ်။ အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူးကတော့ ပြဿနာဖြစ်တာတွေနဲ့ပတ်သက်လို့ စိစစ်မှုတွေဆောင်ရွက် နေတယ်လို့ ပြောပါတယ်။ “ဘာမှမဖြစ်ပါဘူး။ မနေ့က ဆူတဲ့အတွက် ထိန်းလိုက်ရတာပဲရှိပါတယ်။ ဖြစ်ပွားတာနဲ့ပတ်သက်လို့တော့ စိစစ်မှုတွေပြုလုပ် နေပါတယ်။”လို့ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးကြည်လင်းက ပြောပါတယ်။   အဲ့ဒီဆူပူမှုနဲ့ပတ်သက်လို့ သေနတ်ပစ်ခတ်နှိမ်နင်းတဲ့အခါမှာ အကျဉ်းသားတွေအပေါ် ထိခိုက်ဒဏ်ရာရရှိတာတွေ ရှိမရှိမေးမြန်းမှုကိုတာ့ ပြန်လည်ဖြေကြားခဲ့ခြင်းမရှိတာဖြစ်ပါတယ်။ “မနေ့က ညနေပိုင်းလောက်မှာဖြစ်တာပါ။ ဘာကြောင့်ဖြစ်တယ်ဆိုတာတော့ကျွန်တော်တို့မသိဘူး။ ၇ နာရီခွဲကျော် ၈ နာရီလောက်မှာတော့ သေနတ်ပစ်သံတွေကိုကြားလိုက်ရတယ်။ အချက်ပေါင်း တော်တော်များများပစ်ခတ်ခဲ့ပါတယ်။ ပြီးတော့ ထောင်ထဲက ဆူညံနေတဲ့အသံတွေကိုလည်းကြားရတယ်။”လို့ ထောင်အနီးဝန်းကျင်မှာ ရှိနေသူတွေက ပြောပါတယ်။ အခုလိုမျိုးဆူပူမှုဖြစ်ပွားခဲ့တာဟာ ပြီးခဲ့ နှစ်ဆန်းတစ်ရက်နေ့က နိုင်ငံတော်သမ္မတရဲ့လွှတ်ငြိမ်းချမ်းသာခွင့်မှာ ပါသင့်တဲ့သူတွေမပါခဲ့တဲ့အတွက်…

Read More
VOM News

FREE
VIEW