မြန်​မာ့အာမခံ ဈေးကွက်တွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်လာ

ရန်ကုန်၊ ဧပြီ ၂၁

TGH (vom)

မြန်မာနိုင်ငံရဲ့ အာမခံဈေးကွက်ထဲကို  နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ရာနှုန်းပြည့်ပိုင်ဆိုင်တဲ့ နိုင်ငံခြားအသက်အာမခံ ကုမ္ပဏီ ၅ ခုဝင်ရောက်လာတယ်လို့   စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနက တရားဝင် ပြောဆိုလိုက်ပါတယ်။

” အာမခံလုပ်​ငန်းကို လမ်းဖွင့်​ပေးမယ်​ဆိုတာက အသက်​အာမခံကို ပိုပြီးတော့ တိုးတက်​စေချင်​တာနဲ့ နိုင်​ငံတကာအလေ့အကျင့်​ ပိုပြီးရစေချင်​တာကြောင့်ပါ။နိုင်​ငံခြားအာမခံလုပ်​ကိုင်​ခွင့်​ကိုလဲ အားလုံးခွင့်​ပြုထားပြီးသားဖြစ်​ပါတယ်​။

နိုင်​ငံတကာအာမခံကုမ္ပဏီတွေဝင်​ရောက်​လာပြီဆိုရင်​ မြန်​မာနိုင်​ငံရဲ့အာမခံလုပ်​ငန်းကလည်း ခေတ်​တစ်​ခုလောက်​ပြန်​ရောက်​လာမယ်၊ လူတိုင်းအတွက်​ အာမခံ အကာအကွယ်​က ပိုပြီး

တော့ ရနိုင်​လိမ့်​မယ်​” လို့ အာမခံလုပ်​ငန်းကြီးကြပ်​ရေးအဖွဲ့က အတွင်းရေးမှူး ဦးဇော်​နိုင်​ကပြောပါတယ်။

နိုင်ငံခြား အသက်အာမခံလုပ်ငန်း ဆောင်ရွက်ခွင့်ရမယ့်  ကုမ္ပဏီ တွေက AIA Company Limited  ၊ Chubb Tempest Reinsurance  Limited  ၊ Dal-lChi Life Insurance Company Limited ၊ Manufacturers Life Insurance Company နဲ့  Prudential Hong Kong  Limited ပဲဖြစ်ပါတယ်။

ဒီကုမ္ပဏီတွေက အသက်အာမခံလုပ်ငန်း အဆိုပြုလျှောက်လွှာပါ လိုင်စင်စိစစ်အကဲဖြတ်ခြင်းလုပ်ငန်း အကဲဖြတ်စံနှုန်းတွေအရ ကိုက်ညီမှုရှိတယ်လို့ သိရပါတယ်။ကုမ္ပဏီတွေအနေနဲ့ဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ လိုင်စင်အကြိုလုပ်ငန်းစဉ်တွေကို မဖြစ်မနေ ဖြည့်ဆည်းဆောင်ရွက်ရမှာဖြစ်ပြီး  နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ရာနှုန်းပြည့်ပိုင်ဆိုင်သောကုမ္ပဏီလုပ်ငန်း စတင်ချိန်မှာလည်း  အသက်အာမခံလုပ်ငန်းကို ဆောင်ရွက်ရန်အတွက် လိုအပ်တဲ့ ကိစ္စတွေ ကို ဖြည့်ဆည်း​ဆောင်ရွက်ရမှာဖြစ်ပါတယ်။

အာမခံလုပ်ငန်း ဆောင်ရွက်တဲ့အခါ အကန့်အသတ်ရှိခြင်း၊ ငွေအင်အား ပြည့်စုံမှုမရှိခြင်း၊ အာမခံလုပ်ငန်းပညာ နားလည်တဲ့ ဝန်ထမ်းနည်းပါးခြင်း၊ နည်းပညာမရှိခြင်း စတဲ့ အခက်အခဲတချို ရှိနေတယ်လို့သိရပါတယ်။

လက်ရှိအာမခံဈေးကွက်မှာ မြန်မာ့ အာမခံလုပ်​ငန်းအပါအဝင်​ ပြည်​တွင်းပုဂ္ဂလိက အာမခံကုမ္ပဏီ စုစုပေါင်း ၁၂ ခုကနေ အာမခံလုပ်​ငန်းအမျိုးအစားပေါင်း ၁၃မျိုးကို ဝန်​ဆောင်​မှုပေးနေပါတယ်။

#voiceofmyanmar #မြန်မာ့အာမခံ #နိုင်ငံခြားကုမ္ပဏီ #ရင်းနှီးမြှုပ်နှံမှု

 

 

 

Related posts

Leave a Comment

VOM News

FREE
VIEW