သီရိလင်္ကာမှာ အီစတာပွဲတော်ကျင်းပစဉ် တိုက်ခိုက်မှု လူ ၁၃၇ ဦးသေဆုံး

ကိုလံဘို၊ ဧပြီ-၂၁ မျိုးဆက် (VOM)

သီရိလင်္ကာနိုင်ငံမှာ ဧပြီ ၂၁ ရက်က ခရစ်ယာန်တို့ရဲ့ အီစတာပွဲတော်ကျင်းပနေချိန်မှာ  ဘုရားကျောင်းနဲ့ ဟိုတယ်တွေမှာ ပေါက်ကွဲမှု ခြောက်ကြိမ်ဖြစ်ပွားခဲ့တဲ့အတွက် လူ ၁၃၇ ဦးသေဆုံးသွားပြီး လူ ၂၀၀ ကျော် ဒါဏ်ရာရရှိသွားတယ်လို့ ဒေသဆိုင်ရာ အာဏာပိုင်တွေက အတည်ပြုပြောဆိုပါတယ်။

ပေါက်ကွဲမှုတွေဟာ ဒေသစံတော်ချိန် နံနက် ၈ နာရီ ၄၅ မိနစ်က ဖြစ်ပွားခဲ့တာဖြစ်ပြီး အီစတာပွဲတော်ကာလအတွင်း ခိုရှီခိတ်၊ နီဂွမ်ဘို နဲ့ ဘက်တီကာလို ဘုရားကျောင်းတို့ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ကိုလံဘိုမြို့ရှိ ရှန်ဂရီလာ၊ စီနာမွန်ဂရန်းနဲ့ ကင်းဆဘူရီ ဟိုတယ်တွေလည်း ပစ်မှတ်ထားတိုက်ခိုက်မှုခံခဲ့ရပါတယ်။ ဧပြီ ၂၁ ရက်ကပြုလုပ်တဲ့ အီစတာပွဲတော်ဟာ ခရစ်ယာန်ပြက္ခဒိန်မှာတော့ အဓိကပွဲလမ်းသဘင်တစ်ခုဖြစ်ပါတယ်။ သီရိလင်္ကာအစိုးရအဖွဲ့ဝန်ကြီး မာနိုဂါနီရှန်က ကိုလံဘိုရှိ ပေါက်ကွဲမှုဖြစ်ပွားရာနေရာတွေထဲက အခင်းဖြစ်ရာနေရာတစ်ခုမှာ ရောက်ရှိနေပြီး တိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ ထိတ်လန့်အံ့သြမိသလို ပြစ်တင်ရှုတ်ချကြောင်း ထုတ်ဖော်ပြောဆိုပါတယ်။

ကိုလံဘိုမြို့တိုက်ခိုက်မှုက သေဆုံးဒါဏ်ရာရရှိသူများထဲမှာ နိုင်ငံခြားသား ကိုးဦးထက်မနည်းပါဝင်တယ်လို့ သိရိလင်္ကာသတင်းဌာနတွေက ဖော်ပြပါတယ်။ သေဆုံးသူအရေအတွက်ဟာ ယခုထက်ပိုပြီး များပြားလာနိုင်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။ နီဂမ်ဘိုဒေသတိုက်ခိုက်မှုမှာ လူ ၅၀ ကျော်သေဆုံးခဲ့ပြီး ဘက်တီကာလိုတိုက်ခိုက်မှုမှာတော့ လူ ၂၇ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ အဲ့ဒီ တိုက်ခိုက်မှုများနဲ့ ပတ်သက်ပြီး ကြိုးကိုင်လုပ်ဆောင်ခဲ့တယ်လို့ ဘယ်အကြမ်းဖက်အဖွဲ့ကမှ ထုတ်ဖော်ပြောဆိုခြင်းမရှိသေးဘူးလို့ သိရပါတယ်။

Ref : RT/BBC Photo :Reuters

#voiceofmyanmar #သီရိလင်္ကာ #အီစတာပွဲတော် #ခရစ်ယာန်

Related posts

✕
VOM News

FREE
VIEW