ရုပ်ရှင်ကားတွေရဲ့ ရသကို ဇကာတိုက်ရမယ့်အချိန်ရောက်ပြီလို့ သရုပ်ဆောင်လွင်မိုးဆို

 

ရန်ကုန် ဧပြီ ၂၁ -၂၀၁၉

သင်းသဒ္ဒါ

အနုပညာအလုပ်တွေ ပြန်လည် လုပ်ဆောင်လာတဲ့ သရုပ်ဆောင်လွင်မိုး ကတော့ ရုပ်ရှင်ကားတွေရဲ့ ရသကို ဇကာတိုက်ရမယ့်အချိန်ရောက်ပြီလို့ ဆိုပါတယ်။

“လက်ရှိ ရုပ်ရှင်ရဲ့ ဈေးကွက်မှာ ငွေရေးကြေးရေးရတဲ့သူတွေလည်း ရှိနေသလို ၊ ရှုံးတဲ့သူတွေလည်း ရှိနေပါပြီ။ ဇာတ်ကား လူမ၀င်တာတွေလည်း ဖြစ်လာပါပြီ။ စီးပွားသဘောနဲ့ ပြန်ပြောမယ်ဆိုရင် ဒီလုပ်ငန်းကို ဘယ်လို ပိုက်ဆံရှာရမလဲဆိုတာလည်း အရေးကြီးလာပါပြီ။ဘယ်သူ့တွေနဲ့ ရိုက်မလဲ၊ ဘယ်သူတွေ ရိုက်ရမလဲ ဆိုတာလည်း အရေးကြီးလာပါပြီ။သရုပ်ဆောင် မင်းသားစူပါးစတားတွေမှမဟုတ်ပဲနဲ့ ဥပမာ- လိပ်ပြာစံအိမ်လို့ အရာ မျိုးတွေလည်း ပိုက်ဆံရတယ်လို့ ပြန်ဖြစ်လာတယ်။ ရုပ်ရှင်ရဲ့ ရသတွေကို ဇကာတိုက်ရမယ့် အချိန် ရောက်လာပါပြီ။ ဇကာတိုက်ရမယ့် အချိန်ဆိုတော့ ၂၀၂၀ လောက်မှာ အရည်အသွေးပြည့်ဝလုပ်နိုင်တဲ့ ဇာတ် ကားတွေ ထွက်လာမယ်။ ရုံတွေလည်း ဒီထက်ပိုများလာမှာ ဖြစ်ပါတယ်။ စီးပွားရေးအခြေခံပိုင်ကအစ ပိုကြီးလာမှာဖြစ် ပါတယ်။ ကိုယ်လုပ်ချင်တဲ့ ဇာတ်တွေလည်း လုပ်ဆောင်လာနိုင်မှာပါ”လို့ ဆိုပါတယ်။

သူကတော့ မြန်မာ့ရုပ်ရှင်ဖွံ့ဖြိုးတက်ရေးကို အထောက်အကူပြုနေတဲ့ ရုပ်ရှင်ရုံ(၁၀၀)စီမံကိန်းဖြစ်တဲ့ HMAWBI PARADISO CINEMA တွေကိုလည်း မြန်မာပြည်အနှံ့တည်ဆောက်မှုတွေ လုပ်ဆောင် ခဲ့ပြီးတော့ အနုပညာလှုပ်ရှားမှုအနေနဲ့ ရုပ်ရှင်ဇာတ်ကားတွေလည်း လက်ခံရိုက်ကူးနေတယ်လို့ သိရပါတယ်။ ” ကျွန်တော် အနေနဲ့ မဒါ နဲ့ အရင်ရိုက်ဖို့ လုပ်ခဲ့တဲ့ နန်းဟာဗီကိုတော့ အိချောပို နဲ့ ရိုက် ချင်လည်း ရိုက်ဖြစ်သွားမှာပါ။ လောလောဆယ်ကတော့ ဒီဇာတ်ကားက အိချောပိုနဲ့ ပိုလိုက်နေပါတယ်။ သေချာ ရင်တော့ ပရိသတ်ကို အသိပေးမှာပါ ခုကတော့ စီစဉ်နေတုန်းမို့ပါ”လို့ ဆိုပါတယ်။

ဓာတ်ပုံ- သင်းသဒ္ဒါ

#voiceofmyanmar #အနုပညာ #လွင်မိုး #မြန်မာ့ရုပ်ရှင်

Related posts

Leave a Comment

VOM News

FREE
VIEW