ဖားကန့် နွံကန်ပြိုမှုမှာ သေဆုံးသူစုစုပေါင်း ၅၄ ဦးနဲ့ စက်ယန္တရား အစီး ၄၀ ဆုံးရှုံး

ဧပြီ ၂၃-၂၀၁၉

သစ်တော် (VOM)

ဖားကန့် မြို့နယ် ဗလခရွာထိပ်အနီး နွံကန်ပြိုကျမှုဖြစ်ပွားခဲ့တာကြောင့် သေဆုံးသူစုစုပေါင်း ၅၄ ဦးနဲ့ စက်ယန္တရား အစီး ၄၀ ဆုံးရှုံးခဲ့တယ်လို့ ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်က (VOM) ကိုပြောပါတယ်။

ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင့်စိုးပြောပြတာကတော့ ”ဖြစ်တာက ဒီနေ့မနက် ၁၂ နာရီ မိနစ် ၂၀ချိန်မှာဖြစ်တယ်ဖြစ်စဉ်ကအဲ့ဒီလုပ်နေတဲ့လုပ်ကွက်နားလေးကကျင်းကအစောက်ထဲရောက်နေတာ အပေါ်မှာအနက်ပေ ၁၀၀ အကျယ်က ၅ ဧကလောက် ရှိတဲ့နွံကန်ကြီးရှိနေတာပေါ့ သူတို့ကျင်းကအောက်ဖက်ကိ်ုရောက်နေတဲ့အခါအဲ့ဒီ နွံကန်ကြီးကပေါက်ကျပီး နွံတွေနဲ့လုပ်ငန်းလုပ်နေတဲ့ မြေယန္တရားတွေပေါ် ကျလာတဲ့အခါ လူတွေရော စက်တွေပါဆုံးရှုံးရတဲ့အနေအထားပေါ့ ကန်ပြိုမှုမှာ သေဆုံးသူစုစုပေါင်း ၅၄ ဦးနဲ့ စက်ယန္တရား အစီး ၄၀ ဆုံးရှုံး ခဲ့ပါတယ်လို့” သူကပြောပါတယ်။

ဒီလူသေဆုံးမှုနဲ့ စက်ယန္တရားတွေဆုံးရှုံးမှုတွေဟာ အဲ့ဒီလုပ်ကွက်မှာလုပ်နေတဲ့နဂါးကိုးကောင်ကုမ္ပဏီနဲ့မြန်မာသူရ ကုမ္ပဏီ တို့ဖြစ်ပြီး နှစ်ခုပေါင်းဆုံးရှုံးခဲ့တာဖြစ်ပါတယ် နစ်မြုပ်ဆုံးရှုံးခဲ့တဲ့စက်တွေကတော့ ဘက်ဖိုးတွေ မြေသယ်ကားတွေ မိုင်းဖောက်စက်တွေဖြစ်ပြီးသေဆုံးသူတွေကတော့ စက်မောင်းသူတွေဖြစ်တယ်လို့လည်းသိရပါတယ်။

လက်ရှိအခြေအနေမှာတော့ သက်ဆိုင်ရာမြို့နယ်အုပ်ချူပ်ရေးကတာဝန်ရှိသူတွေ မြို့နယ်ရဲတပ်ဖွဲ့တွေ ကျေးရွာအုပ်ချူပ်ရေးမှူးနဲ့မြို့နယ်အရန်မီးသတ်တို့က ကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်နေတယ်လို့လည်းသိရပါတယ်။

photo ဖားကန့်သား

#Voiceofmyanmar #ဖားကန့် #မြေပြို #နွံကန်

Related posts

Leave a Comment

VOM News

FREE
VIEW