အိုင်ဗရီကို့စ်နိုင်ငံ နဲ့ မြန်မာနိုင်ငံဟာ သံတမန်အဆက်အသွယ်မရှိတာကြောင့်   ဖျက်ဆီးခံလိုက်ရတဲ့ဆန်နဲ့ပတ်သက်ပြီး ချိတ်ဆက်မှုအားနည်း

ရန်ကုန် ၊ဧပြီ ၂၄-၂၀၁၉

TGH (VOM)

 

အိုင်ဗရီကို့စ်နိုင်ငံ နဲ့ မြန်မာနိုင်ငံဟာ သံတမန်အဆက်အသွယ်မရှိတာကြောင့်   ဖျက်ဆီးခံလိုက်ရတဲ့ဆန်နဲ့ပတ်သက်ပြီး ချိတ်ဆက်ဆောင် ရွက်နိုင်မှု အားနည်းနေတာဖြစ်တယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်ကပြောပါတယ်။

 

” မြန်မာ့ဆန်ဆိုပြီး ခေါင်းစဉ်တပ်ထားတယ်။အဲ့ဒီအတွက် မြန်မာ့ပုံရိပ်ကိုထိခိုက်တယ်။ဆန်တွေမဖျက်ဆီးခင်  မြန်မာနိုင်ငံကို ဘာကြောင့်မဆက်သွယ်လဲဆိုတာကတော့ အိုင်ဗရီကို့စ်နိုင်ငနဲ့ မြန်မာနိုင်ငံက သံတမန်အဆက်အသွယ်မရှိဘူး။နောက်ပြီး ပြောချင်တာက အရည်အသွေးမမီရင် ဘာကြောင့်ချလဲ၊သတ်မှတ်ချက်မမီရင် ကမ်းကနေ ချက်ချင်းခွာရမှာ၊သင်္ဘောပေါ်ကနေလည်း ချခွင့်မရှိဘူး၊ဒါဆို ဘာကြောင့် သင်္ဘောပေါ်ကချလဲ ၊ ဘာကြောင့်စားသုံးရန်အသင့်လို့ ပြောလဲ မသိရသေးဘူး။”လို့ ဦးခင်မောင်လွင်ကပြောပါတယ်။

 

 

ဒါကြောင့် နောက်ပြီး ဆန်တွေကို ခုလို ဖျက်ဆီးလိုက်တာဟာ သမရိုးကျဟုတ်ရဲ့လား ၊လုပ်ထုံးလုပ်နည်းတွေနဲ့မှန်ရဲ့လားဆိုတာကို လေ့လာဆန်းစစ်မှာဖြစ်ကြောင်းနဲ့   မြန်မာ့ဆန်ကို စားသုံးရန်မသင့်ဆိုတဲ့ပြောဆိုချက်ဟာ မြန်မာ့ပုံရိပ်ကို ထိခိုက်စေခဲ့တယ်လို့ ဆိုပါတယ်။

 

 

ဒါ ကြောင့် ဆန်တင်ပို့ခဲ့တဲ့   ဧရာဟင်္သာကုမ္ပဏီ၊   ရွှေဝါရောင် ၊ MEC ကုမ္ပဏီ ၃ ခုနဲ့   အရည်အသွေးစစ်ဆေးတဲ့ Vureau Veritas ကုမ္ပဏီ၊ ဆန်ဝယ်ယူခဲ့တဲ့ ရန်ကုန်အခြေစိုက် စင်ကာပူကုမ္ပဏီ ဖြစ်တဲ့ Olam International Co. Ltd.ကို စုံစမ်းစစ်ဆေးသွားမယ်လို့ ဆိုပါတယ်။

 

 

ဒီလို စုံစမ်းစစ်ဆေးနိုင်ဖိုအြတွက် စုံစမ်းစစ်ဆေးရေးအဖွဲ့ကို စတင်ဖွဲ့စည်းရန် ဆောင်ရွက်နေပြီဖြစ်ကြောင်းနဲ့ အဲ့ဒီ အဖွဲ့မှာဆိုရင်  မြန်မာနိုင်ငံဆန်စပါးအသင်းချူပ်ကတာဝန်ရှိသူတွေနဲ့ ဝန်ကြီးဌာနက ပညာရှင်တွေ ပါဝင်မယ်လို့ လတ်တလောသတင်းအရသိရပါတယ်။

 

လတ်တလော စုံစမ်းစစ်ဆေးမှုတွေ မလုပ်ရသေးချိန်မှာ ထင်မြင်ယူဆချက်တွေ ၊မှန်းဆချက်တွေ ကိုပြောဆိုလို့မရသေးကြောင်း၊ သေချာစုံစမ်းစစ်ဆေးပြီးမှသာ တိကျတဲ့ အခြေနေတစ်ခုကို ထုတ်ပြန်ပေးသွားမှာဖြစ်ပါတယ်။

 

“အဲ့ဒီနိုင်ငံက တာဝန်ရှိတဲ့သူတွေ ၊ မြန်မာဆန်စားသုံးရန်မသင့်ဆိုပြီး ဖျက်ဆီးလိုက်တဲ့ အဖွဲ့အစည်းအနေနဲ့ မြန်မာ့ဆန်သေချာရင်ဘာကြောင့် မြန်မာနိုင်ငံကိုအကြောင်းမကြားခဲ့တာလဲ၊မ်ြမာနိုင်ငံရဲ့သံရုံးကို ဘာကြောင့်မဆက်သွယ်ခဲ့တာလဲ။ ခုလိုအကြောင်းမကြားဘဲ မျက်ကွယ်မှာ မြန်မာဆန်လို့ပြောတာကို တရားဝင်ကန့်ကွက်တယ်။ရှုံ့ချပါတယ်။”လို့ UMFCI ရဲ့ဗဟိုအလုပ်မှုဆောင် ဦးအေးလွင်က ပြောပါတယ်။

 

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ရဲ့ ဒုဥက္ကဌ ဦးအောင်သန်းဦးကတော့  မြန်မာ့ဆန်ကို စားသုံးရန်မသင့်ဆိုတဲ့ကိစ္စရပ်ဟာ မြန်မာနိုင်ငံရဲ့အားနည်းချက်မဟုတ်သလို မြန်မာ့ဆန်အရည်အသွေးညံ့တာကြောင့်မဟုတ်တဲ့အတွက် ဆန်ရောင်းချသူတွေအနေနဲ့ မြန်မာနိုင်ငံမှာတာဝန်မရှိဘဲ ၊ ဆန်ဝယ်ယူသွားတဲ့ Buyer မှာသာ တာဝန်အရှိဆုံး ၊အသက်ဆိုင်ဆုံးဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

 

 

ဒါကြောင့်  ဆန်ဖျက်စီးခံခဲ့ရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ကုမ္ပဏီများနဲ့ အရည်အသွေးစစ်ဆေးတဲ့ကုမ္ပဏီ၊ ဆန်ဝယ်ယူခဲ့တဲ့ကုမ္ပဏီတွေကို စုံစမ်းစစ်ဆေးမှုပြုလုပ်မယ့်အကြောင်းကို  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက  ယနေ့ ရက်စွဲနဲ့ တရားဝင်ထုတ်ပြန်ကြေငြာခဲ့ပါတယ်။

 

#voiceofmyanmar #အိုင်ဗရီကိုစ် #မြန်မာ့ဆန် #ဆန်စပါးအသင်းချုပ် #စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန

 

Related posts

Leave a Comment

VOM News

FREE
VIEW