ခေတ်သစ်ပိုးလမ်းမစီမံကိန်း ကြွေးမြီထောင်ချောက်မဟုတ်ဘူးလို့ တရုတ်ငြင်းဆို

ပေကျင်း ၊ ဧပြီ ၂၆-၂၀၁၉

မျိုးဆက် (VOM)

တရုတ်နိုင်ငံရဲ့  ပိုးလမ်းမသစ်စီမံကိန်း ရည်မှန်းချက်တွေနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေ ကြီးထွားနေတာကို လျှော့ချဖို့ တရုတ်သမ္မတ ရှီကျင်းပင်က ကြိုးပမ်းနေပြီး ဒီစီမံကိန်းဟာ နိုင်ငံတွေအတွက် ကြွေးမြီထောင်ချောက် မဟုတ်ဘူးလို့ ငြင်းဆိုလိုက်ပါတယ်။

ဒါ့အပြင်  စီမံကိန်းကြောင့် ဖြစ်ပေါ်လာမယ့် ကြွေးမြီအန္တရာယ်တွေကို ကာကွယ်ဖို့ကိုလည်း ရှီကျင့်ပင်က ကတိပြုလိုက်ပြီး ကမ္ဘာလုံးဆိုင်ရာ အဲဒီစီမံကိန်းဟာ  တစ်နိုင်ငံတည်းအတွက် သီးသန့်မဟုတ်ဘူးလို့ ဧပြီ ၂၆ ကပြုလုပ်တဲ့ ပိုးလမ်းမသစ်စီမံကိန်းဆိုင်ရာဆွေးနွေးပွဲမှာ ပြောဆိုပါတယ်။

ရေကြောင်း၊ လမ်းမ နဲ့ မီးရထားလမ်းစီမံကိန်းတွေမှာ အများအပြားရင်းနီးမြုပ်နှံမှုတွေကတစ်ဆင့် အာရှ၊ ဥရောပနဲ့ အာဖရိကတို့ကို ဆက်သွယ်ဖို့ ရှေးခေတ်ပိုးလမ်းမဟောင်းကို ပြန်လည်ဆန်းသစ်တည်ဆောက်ဖို့ ရည်ရွယ်ထားတဲ့ နိုင်ငံခြားရေးရာဆိုင်ရာ ၎င်းရဲ့ ကိုယ်ပိုင်မူဝါဒကို ပေကျင်းမှာ ပြုလုပ်တဲ့ ထိပ်သီးဆွေးနွေးပွဲမှာ ရှီကျင်းပင်က ဆွေးနွေးပြောဆိုပါတယ်။

အဲဒီစီမံကိန်းအတွက် ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ခေတ်မီအခြေခံအဆောက်အဦးတွေအများကြီး  လိုအပ်လာမှာဖြစ်ပြီး နိုင်ငံတွေမှာ ကြွေးမြီတွေနဲ့ ၀န်ပိနေပြီး သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပျက်စီးမှုတွေ ဖြစ်ပေါ်နေချိန်မှာ တရုတ်ကုမ္ပဏီတွေသာ အဓိက အကျိုးအမြတ်ရရှိသွားမယ်လို့ ဝေဖန်သူတွေက သုံးသပ်ပြောဆိုပါတယ်။

ခေတ်သစ်ပိုးလမ်းမသစ်စီမံကိန်းဟာ ကြွေးမြီထောင်ချောက်တစ်ခုဖြစ်ကြောင်းနဲ့ ကမ္ဘာ့အင်အားအကြီးဆုံးဖြစ်ဖို့ တရုတ်နိုင်ငံရဲ့ ရည်မှန်းချက်တွက် ပထ၀ီနိုင်ငံရေး လက်နက်တစ်ခုဖြစ်တယ်ဆိုတဲ့  စွပ်စွဲချက်တွေကို တရုတ်နိုင်ငံက ငြင်းဆိုပါတယ်။

ကြွေးမြီကိစ္စရပ်တွေနဲ့ ပတ်သက်လို့ စိုးရိမ်ပူပန်မှုတွေမှာ  မိမိတို့အနေနဲ့ စီမံကိန်းအားလုံးရဲ့  စီးပွားရေးနဲ့ ဘဏ္ဍာရေးရေရှည်တည်တံ့မှုကို အာမခံဖို့လည်းလိုအပ်မှာဖြစ်ပြီး ဒီလိုလုပ်ဆောင်မှသာ စီစဉ်ထားတဲ့အတိုင်း ရည်ရွယ်ထားတဲ့  ပန်းတိုင်အောင်မြင်မှာဖြစ်တယ်လို့ တရုတ်သမ္မတရှီကျင်းပင်က ပြောဆိုပါတယ်။

#voiceofmyanmar#ခေတ်သစ်ပိုးလမ်းမစီမံကိန်း#ကြွေးမြီထောင်ချောက်မဟုတ်ဘူးလို့တရုတ်ငြင်းဆို#

Ref : Straitstime

Photo :Getty Images

Related posts

Leave a Comment

VOM News

FREE
VIEW