သာယာဝတီ ၊ ဧပြီ ၂၆-၂၀၁၉
မိုးယံ (ဇီးကုန်း)
ပြည်ထောင်စုမြန်မာနိုင်ငံတော် သမ္မတ ရဲ့ အမိန့်အမှတ် ၁၅/၂၀၁၉ အရ လူသားခြင်း စာနာထောက်ထားမှုကို အလေးထားတဲ့အနေနဲ့ အကျဉ်းထောင်/စခန်း အသီးသီးမှာ အကျဉ်းကျခံနေကြရတဲ့ နိုင်ငံသား အကျဉ်းသား၊အကျဉ်းသူ
(၆၉၄၈)ဦး တို့ကို ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁ ၊ ပုဒ်မခွဲ(၁)အရ စည်းကမ်းသတ်မှတ်ချက် မထားပဲ လွတ်ငြိမ်းသက်သာခွင့် ပေးခဲ့ရာ ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် သာယာဝတီ အကျဉ်းထောင်မှာလည်း ဒီနေ့ နေ့လည် ၂နာရီခွဲအချိန်က အကျဉ်းသား(၂၀၁)ဦး၊အကျဉ်းသူ(၈)ဦး၊ စုစုပေါင်း(၂၀၉)ဦး တို့ ထက်မံလွတ်မြောက်လာပါတယ်။
ဧပြီ ၁၇ ရက်နေ့ကလည်း နိုင်ငံတော်သမ္မတရဲ့ လွတ်ငြိမ်းသက်သာခွင့်နဲ့ သာယာဝတီ အကျဉ်းထောင် က အကျဉ်းသား (၁၃၉)ဦး အကျဉ်းသူ(၃)ဦးလွတ်မြောက်ခဲ့တယ်လို့ သာယာဝတီ အကျဉ်းထောင် ဦးစီးဌာနကနေ သိရပါတယ်။
#voiceofmyanmar#သာယာဝတီ#အကျဉ်းသား/သူ(၂၀၉)ဦးလွတ်မြောက်#