စဥ့်ကူး ရွှေလုပ်ကွက်အတွင်း မြေပြိုကျလို့ တရုတ်နိုင်ငံသားအပါအဝင် သုံးဦးသေဆုံး

ဧပြီ ၂၇ ၂၀၁၉

သွေးသစ် (VOM)

 

ဧပြီလ၂၇ရက်နေ့မှာ စဥ့်ကူးမြို့နယ်၊ ရှောက်ပင်ရိုးရွာအုပ်စု၊ ကံတောင်ရွာ၊ ထက်ရည်လင်း ရွှေသတ္တုတူးဖော်ရေးကုမ္ပဏီပိုင် ၊ လုပ်ကွက်အမှတ် SiU1A လုပ်ကွက်အတွင်းက ရွှေတူးဖော်တဲ့ အင်းအတွင်းမှာ မြေစာပြိုကျခဲ့ပြီး တရုတ်နိုင်ငံသား တစ်ဦးအပါအဝင် သုံးဦး သေဆုံးခဲ့တယ်လို့  ရဲတပ်ဖွဲ့ရဲ့ ပထမ သတင်းပေးဖို့ချက်အရ သိရပါတယ်။

တရုတ်နိုင်ငံသားအပါအဝင် သုံးဦးဟာ အမြင့်ပေ ၁၉၀၀ ပေရှိတဲ့ အင်း ခေါင်သားအတွင်းဝင်ချိန်မှာ အမိုးပေါ်က မြေစာတွေပြိုကျပြီး ဖိမိ သေဆုံးခဲ့တာဖြစ်တယ်လို့သိရပါတယ်။

သေဆုံးခဲ့တဲ့ဒေသခံမှာ ရွှေလုပ်သားကိုဇော်မင်းနဲ့ စကားပြန် ကိုဝဏ္ဏအောင် ဆိုသူတွေဖြစ်ပြီး တရုတ်နိုင်ငံသားဖြစ်တဲ့ LIU DIANHONGမှာ မန္တလေးဆေးရုံကြီးကို ပိုဆောင်ကုသပေးချိန်မှာ သေဆုံးသွားခဲ့တယ်လို့သိရပါတယ်။

 

#voiceofmyanmar #စဥ့်ကူး #ရွှေလုပ်ကွက်မြေပြိုကျ #

 

Related posts

Leave a Comment

VOM News

FREE
VIEW