မော်လမြိုင်ကလာတဲ့ တရားမ၀င်မြန်မာလုပ်သား ၃၂ ဦး ထိုင်းနိုင်ငံမှာ အဖမ်းခံရ

ဘန်ကောက်၊ ဧပြီ-၂၇-၂၀၁၉

မျိုးဆက် (VOM)

 

ထိုင်းနိုင်ငံ တောင်ပိုင်း မြောင်ခရိုင်ထဲမှာ ထိုင်းနိုင်ငံသားတစ်ဦးမောင်းနှင်လာတဲ့ ပစ်ကပ်ကားတစ်စီးပေါ်ကနေ တရားမ၀င် မြန်လာလုပ်သား ၃၂ ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။

 

သံအမိုးကိုင်းတွေတပ်ဆင်ပြီး ကားပေါ်မှာ အိပ်ယာပုံစံတွေပါကာ တာပေါ်လင်အုပ်ထားတဲ့ အဖြူရောင်ပစ်ကပ်ကားကို မြောင်ခရိုင်က ဆန်ခွန်စစ်ဆေးရေးဂိတ်အနီးက ဖက်ခါဆန်လမ်းအနီးမှာ လှည့်ကင်းအဖွဲ့တစ်ဖွဲ့က ဧပြီ ၂၅ ရက် ညနေပိုင်းက တွေ့ရှိခဲ့တာဖြစ်တယ်လို့ လှည့်ကင်းအဖွဲ့ခေါင်းဆောင် မာနစ်ခါမာနီကပြောပါတယ်။

 

ရဲတပ်ဖွဲ့က ကားကိုတွေ့ရှိသွားချိန်မှာ ကားမောင်းသူဟာ တစ်နာရီကို ၁၃၀ နဲ့ ၁၄၀ ကီလိုမီတာလောက်အထိ အရှိန်မြင့်မောင်းနှင်ခဲ့ပြီး ရဲတပ်ဖွဲ့က စစ်ဆေးရေးဂိတ်တွေကို အပြန်အလှန်အကြောင်းကြားပြီး ဖမ်းဆီးရမိဖို့ လုပ်ဆောင်ရာ ခူဘူရီခရိုင်အနီးမှာ ခြေရာခံနိုင်ခဲ့ပါတယ်။

 

ဒါပေမယ့် ကားမောင်းသမားဟာ ဖမ်းဆီးခံရမှာစိုးတဲ့အတွက် ကားကိုအခြားလမ်း ကြောင်းကိုပြောင်းလဲမောင်းနှင်ခဲ့ပေမယ့်လည်း ရဲတပ်ဖွဲ့က တစ်နာရီကျော် လိုက်လံခြေရာခံပြီးနောက်မှာတော့ ကားကိုရပ်တန့်နိုင်ခဲ့ပြီး အသက် ၃၁ နှစ်အရွယ်ထိုင်းနိုင်ငံသားကိုဖမ်းဆီးခဲ့ပါတယ်။

 

ကားမှာအုပ်ထားတဲ့ တာပေါ်လင်ကို ရဲတပ်ဖွဲ့ဝင်တွေက ဖယ်ရှားလိုက်တဲ့အခါအခါမှာတော့ ကားနဲ့အပြည့်ရှိနေတဲ့ တရားမ၀င်မြန်မာလုပ်သားတွေကိုတွေ့ရှိခဲ့ပြီး မောပန်းနွယ်နယ် ကြောက်ရွံ့နေကြတာကို တွေ့ရှိခဲ့တယ်လို့ဆိုပါတယ်။

 

တရားမ၀င်မြန်မာလုပ်သာ ၃၂ ဦးထဲက ၂၀ ဦးမှာ အမျိုးသားတွေဖြစ်ပြီး အသက် ၂၀ ကနေ ၃၂ နှစ်အရွယ်ရှိတယ်လို့ ဆိုပါတယ်။ မြန်မာလုပ်သားတွေရဲ့ ပြောဆိုချက်အရ သူတို့ဟာ မော်လမြိုင်ကနေလာရောက်ကြသူတွေဖြစ်ပြီး မြိတ်မှာရှိတဲ့ နှစ်နိုင်ငံနယ်စပ်ကိုရောက်ဖို့ နှစ်ရက်ကြာလမ်းလျှောက်လာခဲ့ရတယ်လို့သိရပါတယ်။

 

မြန်မာလုပ်သားတွေဟာ မလေးရှားနိုင်ငံကိုသွားဖို့ စီစဉ်ထားတာဖြစ်ပြီး ဒီလိုသွားရောက်ဖို့အတွက် သူတို့ကိုပို့ဆောင်ပေးမယ့် ထိုင်းလူကုန်ကူးဂိုဏ်းအတွက် တစ်ဦးကို ဘတ်ငွေ ၁၆၅၀၀ ပေးခဲ့ရတယ်လို့ ထိုင်းရဲတပ်ဖွဲ့ပြောပါတယ်။

 

Ref : Bangkok Post Photo : Chaiwat Satyaem

Related posts

Leave a Comment

VOM News

FREE
VIEW