ကိုယ်စားလှယ်တွေအနေနဲ့ အမျိုးသားရေးဝါဒီလိုမျိုး ပြောဆိုဆွေးနွေးမှုမပြုလုပ်ဖို့ လွှတ်တော်ဥက္ကဌတိုက်တွန်း 

စစ်တွေ၊ ဧပြီ ၂၉-၂၀၁၉
ခိုင်လင်းစံ (VOM)
ရခိုင်ပြည်နယ် လွှတ်တော် ဒုတိယအကြိမ် ဒသမပုံမှန်အစည်းအဝေး ပထမနေ့ကို ဒီကနေ့ ဧပြီလ ၂၉ ရက်နေ့မှာ စတင်ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ရခိုင်ပြည်နယ်အရေးကိစ္စတွေကို ဆွေးနွေးတဲ့အခါမှာ ဥပဒေဘောင်အတွင်း ပြောရေးဆိုရေးဖို့လိုအပ်သလို အမျိုးသားရေးဝါဒီတစ်ဦးလိုမျိုး ပြောဆိုဆွေးနွေးမှုတွေ မပြုလုပ်ကြဖို့အတွက် လွှတ်တော်ဥက္ကဌက သတိပေးပြောကြားခဲ့ပါတယ်။
“ကျွန်တော်တို့တွေဟာ ရခိုင်ပြည်သူတွေရွေးချယ်ထားတဲ့ လူထုကိုယ်စားလှယ်တွေဖြစ်ကြပါတယ်။ ဒါကြောင့် ရခိုင်ပြည်နယ်အတွင်းက ပြဿနာတွေကို ဖြေရှင်းရာမှာလည်း ကျွန်တော်တို့မှာ တာဝန်အပြည့်အဝရှိပါတယ်။ ကိုယ်စားလှယ်တွေအနေနဲ့ ဥပဒေဘောင်အတွင်းက ပြောရဲဆိုရဲရှိဖို့လိုအပ်ပါတယ်။ ဒါပေမယ့် အမျိုးသားရေးဝါဒီ တစ်ယောက်လို ပုံစံမျိုးမဖြစ်ဖို့ကို ရှောင်ကြဉ်ကြပါ။”လို့ လွှတ်တော်ဥက္ကဌာ ဦးစံကျော်လှက အဖွင့်မိန့်ခွန်းမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် လူမျိုးတစ်မျိုးနဲ့တမျိုးအကြားမှာ ပြဿနာဖြစ်ပွားစေနိုင်တဲ့ အမုန်းစကားမျိုးကိုလည်း မပြောဆိုရဖို့အတွက် တိုက်တွန်းပြောကြားခဲ့ပါတယ်။
“ကျွန်တောို့ ရခိုင်မှာ စားကားပုံတစ်ခုရှိပါတယ်။ ကြမ်းပေါက်ကျွံရင် နှုတ်လို့ရတယ်။ နှုတ်ကျွန်ရင်နှုတ်လို့မရဆိုတဲ့အတိုင်း ဗမာလူမျိုးတွေမှာလည်းရှိပါတယ်။ ဒါကြောင့် ပြောဆိုဆွေးနွေးတဲ့အခါမှာ နှုတ်လွန်တဲ့ပုံစံမျိုးမဖြစ်ဖို့ အလွန်တရာအရေးကြီးပါတယ်။”လို့ လွှတ်တော်ဥက္ကဌ ကပြောခဲ့ပါတယ်။
ဒါ့အပြင် ရခိုင်ပြည်နယ်ဟာ ပြဿနာတွေရှုပ်ထွေးနေတဲ့ပြည်နယ်တစ်ခုဖြစ်ပြီး လက်ရှိမှာ စစ်ရေးပြဿနာတွေဟာ စိုးရိမ်ရတဲ့အနေအထားရှိနေတာကြောင့် ကိုယ်စားလှယ်တွေအနေနဲ့ အဲ့ဒီကိစ္စတွေကို ငြိမ်းချမ်းမှုရရှိလာအောင် ဆောင်ရွက်ကြရမှာလည်းဖြစ်ပါတယ်။
#voiceofmyanmar #ရခိုင်လွှတ်တော် #အမျိုးသားရေးဝါဒီ

Related posts

Leave a Comment

VOM News

FREE
VIEW