မူးယစ်ဆေးစွဲသူကို ထောင်ထဲမပို့်ဘဲ ဆေးဖြတ်စခန်းပို့သင့်တယ်လို့ ရဲတိုက်ဆို

ရန်ကုန် ဧပြီ ၂၉-၂၀၁၉
သင်းသဒ္ဒါ ( VOM)
ခုချိန်ထိ ပရိသတ်အားပေးမှု အခိုင်အမာရထားတဲ့ သရုပ်ဆောင် ရဲတိုက်ကတော့ မူးယစ်ဆေးစွဲသူကို ထောင်ထဲမပိုဘဲ ဆေးဖြတ်စခန်းပို့သင့်တယ်လို့ ဆိုပါတယ်။
“အမှန်တော့ ဘာမှ မထူးပါဘူး။ မူးယစ်ဆေးစွဲတဲ့သူတွေကို ပို့သင်တာကတော့ ဆေးဖြတ်စခန်းကို ပို့ ရမှာပါ။ထောင်ထဲ ထည့်လိုက်တော့ ပိုဆိုးသွားတယ်။ ဆေးဖြတ်စခန်းပို့တာ ပိုကောင်းပါတယ်။ လူငယ်တစ်ယောက် ဆေးပြတ်တယ်၊မပြတ်ဘူးဆိုတာ တချိန်လုံးစောင့်ကြည့်နေမှ ရတာပါ။အလစ်ပေးလို့ မရပါဘူး”လို့ ဆိုပါတယ်။
သူကတော့ အနုပညာလှုပ်ရှားမှုအတွက် ကြိုတင်ပြင်ဆင်မှုအနေနဲ့ ၆ လပိုင်းမှာ ဇာတ်ကားတစ်ကား ရိုက်ကူးဖို့လည်း ရှိပါတယ်။၆ လပိုင်း ရိုက်ကူးမယ့် ဇာတ်ကားအတွက်ကတော့ ၀ိတ်ကို ချနေပါတယ်လို့ ဆိုရပါတယ်။
“ကျွန်တော် မောင်ရဲထိုက်သည် WY စိတ်ကြွရူးသွတ်ဆေးပြားကို သုံးစွဲခြင်း မရှိပါကြောင်း ပြောချင်ပါ တယ်။နောင်တဆိုတာ ယူစရာမဟုတ်ပါဘူး”လို့ ဆိုပါတယ်။
မင်းသားအဖြစ် တင်မြောက်ပေးခဲ့တဲ့ ဆာတိုရီ ထုတ်လုပ်ရေးနဲ့ ရုပ်ရှင်ရိုက်ကူးမှုတွေ လုပ်ဆောင်ဖို့ ညှိနှိုင်း နေပါတယ်။ Vampire ဇာတ်ကား ရိုက်ဖို့ပါ။ မြန်မာပြည်မှာဆိုရင် ဒီဇာတ်ကောင် လူတွေ လှောင်ခံနိုင် ရမလားပေါ့။တွေးမိပါတယ်။ မြန်မာဆန်ဆန် နဲ့ ကမ္ဘာလုံးမှာရှိတဲ့ Vampireတွေကို ယုံကြည်သူတွေအတွက် သွားမယ်ပေါ့။ ဒီဇာတ်အတွက် သူတို့ ရေးနေကြပါတယ်လို့ ဆိုပ်ါတယ်။
#voiceofmyanmar # ရဲတိုက် #မူးယစ်ဆေးစွဲ
ဓာတ်ပုံ- သင်းသဒ္ဒါ

Related posts

Leave a Comment

VOM News

FREE
VIEW