ရန်ကုန် ၊ဧပြီ ၉ TGH(VOM) ၂ဝ၁၈ခုနှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ ဆိုင်ကယ်တိုက်မှုတွေကြောင့် လူပေါင်း ၂၃၇၆ ဦးသေဆုံးခဲ့ရပြီး ဒဏ်ရာရရှိသူ ၁၂၉၈၅ ဦးရှိခဲ့တယ်လို့ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူကပြောပါတယ်။ ယာဉ်အမျိုးအစားအလိုက် ယာဉ်တိုက်မှုနှုန်းကိုလေ့လာကြည့်ပါမယ်ဆိုရင်လည်း ၂ဝ၁၈ခုနှစ်အတွင်းဖြစ်ပွားခဲ့တဲ့ ယာဉ်တိုက်မှုတွေထဲမှာ မော်တော်ဆိုင်ကယ်ယာဉ်မတော်တဆနှုန်း ၄၉ ရာခိုင်နှုန်းရှိတယ်လို့ ပြောပါတယ်။ ၂ဝ၁၈ခုနှစ်ရဲ့ ယာဉ်တိုက်မှု၊ ဒဏ်ရာရမှုနဲ့ သေဆုံးမှုနူန်းက လွန်ခဲ့တဲ့ နှစ်တွေနဲ့ နှိုင်း ယှဉ်ရင်လျော့ကျခဲ့တဲ့အခြေနေ သာဖြစ်တယ်လို့ ဆိုပါတယ်။ “ယာဉ်တိုက်မှုတွေ ရဲ့ထက်ဝက်ဝန်းကျင်ခန့်က မော်တော်ဆိုင်ကယ် ကြောင့်ဖြစ်တယ်၊ဒါကြောင့် ဆိုင်ကယ် တိုက်ခိုက်မှု၊ သေဆုံး၊ ဒဏ်ရာရမှုလျှော့ချနိုင်ဖို့ မော်တော်ဆိုင်ကယ်ဦးထုပ်အရည်အသွေးစံချိန်စံညွှန်း ထွက်ပေါ်လာရေးနဲ့ စပ်လျဉ်းတဲ့ စီမံခန့်ခွဲရေး ဆပ်ကော်မတီကနေ ဆိုင်ကယ် စီးနင်းသူတွေအတွက် Safety Helmet Standard ပြုစုပြဋ္ဌာန်းရေးကို ဆွေးနွေးခဲ့ကြတယ်။နောက်ပြီး ဆိုင်ကယ်စီးနင်သူတွေအနေနဲ့ကလည်း E-mark ပါတဲ့…
Read MoreMonth: April 2019
မလေးရှားကို လှေနဲ့ခိုးဝင်တဲ့ ရိုဟင်ဂျာ ၄၀ ကျော်ဖမ်းဆီးခံရ
ကွာလာလမ်ပူ ၊ ဧပြီ၉-၂၀၁၉ မျိုးဆက် (VOM) မလေးရှားနိုင်ငံ မြောက်ပိုင်းမှာ ရိုဟင်ဂျာဒါဇင်နဲ့ချီ တွေ့ရှိပြီးနောက် ပင်လယ်ထဲမှာ ရိုဟင်ဂျာ ၂၀၀ လောက်တင်ဆောင်လာတဲ့လှေတွေရှိနေတယ်လို့ယုံကြည်ရကြောင်း မလေးရှားအာဏာပိုင်တွေက ဧပြီ ၈ ရက်မှာ ပြောပါတယ်။ မလေးရှားနိုင်ငံမှာ ၂၀၁၅ ခုနှစ်က လူကုန်ကူးမှုတွေကို အကြီးအကျယ်တိုက်ဖျက်ပြီးနောက် ပင်လယ်ရေလမ်းကြောင်းကတစ်ဆင့် လူကုန်ကူးတာတွေ နောက်ထပ်ဖြစ်လာမှာကို အာဏာပိုင်တွေက စိုးရိမ်နေကြပြီး မကြာသေးမီလတွေအတွင်းကလည်း ရိုဟင်ဂျာမွတ်ဆလင်တွေဟာ မလေးရှားနိုင်ငံကို လှေတွေနဲ့ ၀င်ရောက် လာဖို့ကြိုးစားမှုတွေ မြင့်တက်နေပါတယ်။ ဧပြီ ၈ ရက်မှာတော့ ဆန်ဂီဘီလာတီ ကမ်းခြေကိုရောက်ရှိလာတဲ့ အသက် ၁၄ နှစ်ကနေ ၃၀ နှစ်အရွယ်ကြားရှိတဲ့ ရိုဟင်ဂျာ အမျိုးသား ၄၁ ဦးကို ဆင်ပန်အမ်ပက်မြို့အနီးမှာ ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ ပြည်နယ်ရဲတပ်ဖွဲ့အကြီးအကဲ နောမူရှာမိုဟာမက်က ပြောပါတယ်။ လွန်ခဲ့တဲ့လကလည်း ထိုင်းနိုင်ငံနယ်စပ်အနီးက ပါလစ်ပြည်နယ်က ဆန်ဂီဘီလာတီ ကမ်းခြေကိုရောက်ရှိလာတဲ့ ရိုဟင်ဂျာ…
Read Moreကြက်သွန်အထွက်နည်းပါးတာကြောင့် မုံရွာမြို့ကြက်သွန်စိုက်တောင်သူများ အရှုံးပေါ်
ဧပြီ ၉-၂၀၁၉ ရန်နိုင်စိုး (VOM) အခုနှစ်မှာ ကြက်သွန် အထွက်နည်းပါးတာတွေနဲ့ ဈေးနှုန်းကျဆင်းတာတွေကြောင့် မုံရွာမြို့က ကြက်သွန်စိုက်တောင်သူတွေ အရှုံးပေါ်နေကြပါတယ်။ အခုလိုအထွက်နည်းရတာဟာ ဒီနှစ် ရာသီဥတုဖောက်ပြန်မှုတွေကြောင့်ဖြစ်ပြီး ကြက်သွန်ဈေးမှာလည်း တပိဿာကို ၃၀၀ ကျပ် ဝန်းကျင်အထိ ကျဆင်းနေတဲ့အတွက် တောင်သူတွေ အရှုံးနဲ့ ရင်ဆိုင်နေကြရတာပါ။ ” ဒီနှစ်က မုံရွာက ကြက်သွန်စိုက်တောင်သူအားလုံး အရှုံးပေါ်နေကြတယ်။စိုက်ပျိုးစရိတ်တောင် ပြန်မရကြတဲ့အပြင် တစ်ဧကကို ၃ သိန်းလောက်ထိ ရှုံးတယ်။ကြက်သွန်က အထွက်နည်းရတဲ့အထဲ ဈေးကထိုးကျနေတော့ ပိုဆိုးတာပေါ့ ။ တချို့ဆိုရင် ကိုယ်ပိုင်မြေမရှိတော့ မြေအငှားနဲ့စိုက်ကြတဲ့လူတွေက ပိုအထိနာတာပေါ့။ တစ်ဧကို မြေဌားခ ၆ သိန်းလောက်ရှိတယ်။ ငွေတိုးအကြွေးယူပြီး စိုက်ကြရတာ။ ဒါတွေ ကြေအောင်ဆပ်ကြရအုံးမှာ ” လို့ မုံရွာမြို့နယ် ရွာသစ်ကျေးရွာမှ တောင်သူ ဦးအောင်မြင့်က ပြောပါတယ်။ ကြက်သွန်မျိုးစေ့ ၁ ပြည်ကို ကျပ်ငွေ…
Read Moreပြည်ထောင်စုကောင်းကျိုးဆောင်ပါတီနဲ့ပက်သတ်ပြီး သူရဦးရွှေမန်း သတင်းစာရှင်းလင်းပွဲပြုလုပ်
ဧပြီ ၈-၂၀၁၆ သူရဦးရွှေမန်းရဲ့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ ကိုထူထောင်ခွင့်ပြုလိုက်ပြီဖြစ်ပါတယ်။အဲ့ဒါနဲ့ပက်သတ်ပြီး ပါတီရဲ့မူဝါဒနဲ့ရပ်တည်ချက်တွေကို သူရဦးရွှေမန်းကသတင်းစာရှင်းလင်းပွဲပြုလုပ်ပြီးပြောဆို ခဲ့ပါတယ်။ ရိုက်ကူး – ကိုထွန်း(VOM)
Read Moreအမြန်လမ်းဖြတ်မယ့် လိုက်ထရပ်ကားတွေအနေနဲ့ ကားခေါင်မိုးပေါ်မှာ ပစ္စည်းတွေနဲ့၊လူတွေ တင်လာရင် ဖြတ်သန်းခွင့်ပြုတော့မှာ မဟုတ်
ရန်ကုန် ၊ဧပြီ ၈-၂၀၁၉ ကား ခေါင်မိုးပေါ်မှာ ပစ္စည်းတွေ၊လူတွေတင်ဆောင်လာတဲ့ လိုက်ထရပ်ကားတွေကို အမြန်လမ်းမပေါ် ဖြတ်သန်းသွားလာခွင့်မပြုတော့ဘူးလို့ အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံး (နေပြည်တော် )က ရဲမှူးဇာနည်မောင်ကပြောပါတယ်။ ဒီအချက်က အမြန်လမ်းကို ဖြတ်သန်းမယ့် Light Truck ယာဉ်တွေအတွက် အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနဲ့ ကြီးကြပ်ရေးအဖွဲ့က ထုတ်ပြန်ထားတဲ့ အချက် ၁၈ ချက်ထဲက တစ်ခုဖြစ်ပါတယ်။အဲ့ဒီအချက်တွေထဲက အချက်တစ်ချက်မပြည့်စုံရင်လည်း အမြန်လမ်းကိုဖြတ်သန်းမောင်းနှင်ခွင့်မရှိဘူးလို့ ဆိုပါတယ်။ ” အဖွဲ့ ၇ ဖွဲ့ကနေ စစ်ဆေးတာတွေလုပ်မှာဖြစ်တယ်။ ဒီနေ့စတင်တာဖြစ်တယ်။ ထုတ်ပြန်ထားတဲ့ အချက်တွေမပြည့်စုံရင် ကျွန်တော်တို့က အမြန်လမ်းကိုဖြတ်ခွင့်ပြုမှာမဟုတ်ပါဘူး။လမ်းဟောင်းကပဲ မောင်းရမှာဖြစ်ပါတယ်”လို့ ရဲမှူးဇာနည်မောင်ကဆိုပါတယ်။ လိုက်ထရပ်တွေအတွက် ထုတ်ပြန်ထားတဲ့ အချက်တွေက ယာဉ်ရဲ့ အစိတ်အပိုင်း ကောင်းမွန်စွာ အလုပ်လုပ် ဖို့ ယာဉ်ရဲ့ ကိုယ်ထည် ကြံ့ခိုင်ကောင်းမွန်မှု ရှိဖို့…
Read Moreဈေးချိုကို သင်္ကြန်ကာလအတွင်း မီးဘေးနဲ့ဖောက်ထွင်းဝင်ရောက်တာတွေ မရှိစေဖို့ လုံခြုံရေး နေ့/ညဆောင်ရွက်သွားမယ်
မန္တလေး၊ ဧပြီ ၈-၂၀၁၉ ဟိန်းကို(VOM) မန္တလေးမြို့က အဆင့်မြင့် ဈေးချိုတော်ကြီးကို သင်္ကြန်ကာလ ဈေးပိတ်ရက်တွေမှာ မီးဘေးအန္တရာယ် နဲ့ ဖောက်ထွင်းဝင်ရောက်မှုတွေ မရှိစေရေးအတွက် နေ့/ည လုံခြုံရေး ချထားပြီး ဆောင်ရွက်သွားမယ်လို့ ဈေးချိုတော် ဈေးအကျိုးတော်ဆောင်အဖွဲ့ကနေ သိရပါတယ်။ “ဈေးအကျိုးတော်ပူးပေါင်းအဖွဲ့ဖြစ်တဲ့ နယ်မြေခံရဲတပ်ဖွဲ့၊ ဈေးချို မီးသတ်တပ်ဖွဲ့၊ စည်ပင်သာယာရေးကော်မတီ က ဈေးစည်းကမ်းထိန်းသိမ်းရေးအဖွဲ့ ၊ ဈေးအကျိုးတော်ဆောင် အဖွဲ့ စတဲ့အဖွဲ့ လေးဖွဲ့ကနေ နေ့/ည တာဝန်ခွဲပြီးတော့ ဈေးကြီးရဲ့ မီးဘေးအန္တရာယ် နဲ့ ဖောက်ထွင်းဝင်ရောက်မှု မရှိစေရေးအတွက် ဆောင်ရွက်သွားမှာပါ” လို့ အဆင့်မြင့်ဈေးချိုတော် နှင့် တိုက်တန်းကြီး ဈေးအကျိုးတော်ဆောင်အဖွဲ့ အတွင်းရေးမှူး ဦးမျိုးမင်းထွန်း က ပြောပါတယ်။ အရင်က မူခင်းဖြစ်ရပ်ွေ မဖြစ်ပွားခဲ့ပေမယ့်လည်း ဈေးကြီးတစ်ခုမှာ မီးဘေးအန္တရာယ် တစ်ခုခုကြုံတွေ့လာရင် ပျက်စီးဆုံးရှုံးမှု အလွန်များပြားတဲ့အတွက် အခုလို နေ့/ည…
Read Moreညောင်သပြေကျေးရွာ ရာအိမ်မှူး နဲ့ ဆယ်အိမ်မှူး တွေကိုထုတ်ပေးဖို့ ရွာသားတွေ ဆန္ဒထုတ်ဖော်
မော်လိုက် ဧပြီ ၈-၂၀၁၉ မိုင်ချယ်ရီ(VOM) စစ်ကိုင်းတိုင်း မော်လိုက်မြို့နယ် ညောင်သပြေကျေးရွာ က ကျေးရွာသူ ကျေးရွာသားတွေ စုပေါင်းပြီးတော့ ကျေးရွာက ရာအိမ်မှူးနဲ့ ဆယ်အိမ်မှူးတို့ကို အလုပ်ကနေ ထုတ်ပယ်ပေးရေး မော်လိုက်မြို့ပေါ်မှာ ဒီနေ့ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဆန္ဒထုတ်ဖော်တာကို ညောင်သပြေကျေးရွာက ကျေးရွာသူ ကျေးရွာသား (၁၇) ဦးက ပြုလုပ်ခဲ့တာဖြစ်ပြီး နံနက် ၉ နာရီ ကနေ ၁၀ နာရီအထိ ပြုလုပ်ခဲ့ကြတာပါ။ဆန္ဒထုတ်ဖော်ရာမှာ “အခုလက်ရှိ ရာအိမ်မှူး နဲ့ ဆယ်အိမ်မှူးများ ထုတ်ပယ်ပေးရေး ဒို့အရေး ဒို့အရေး ၊ယခုအဖွဲ့ကို ရွာကျဉ်ထားတာ ဖျက်သိမ်းပေးရေး ဒို့အရေး ဒို့အရေး ၊မြေနုကျွန်းကို ရာသီမီအောင် အချိန်မီ ဝေငှပေးရေး ဒို့အရေး ဒို့အရေး နဲ့ မြေနုကျွန်းကို လယ်ယာမဲ့များကို သာ ချထားပေးရေး ဒို့အရေး ဒို့အရေး” ဆိုတဲ့ ဆိုင်းဘုတ်တွေ…
Read Moreစစ်ဘေးရှောင်တွေအတွက် အလှူငွေကောက်ခံတဲ့အပေါ် တားဆီးခံရတာနဲ့ပတ်သက်ပြီး သဘောထားကြေညာချက်ထုတ်ပြန်
စစ်တွေ၊ ဧပြီ ၇-၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်၊ စစ်တွေမြို့ပေါ်မှာ ဧပြီလ ၆ ရက်နေ့မနက်ပိုင်းက စစ်ဘေးရှောင်တွေကို ကူညီပေးရေးအတွက် အလှူငွေကောက်ခံနေတဲ့ မျိုးဆက်ရင်သွီးပရဟိတအဖွဲ့ကို နယ်မြေခံရဲတပ်ဖွဲ့က တားဆီးမှုတွေပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီ အလှူငွေကောက်ခံနေတဲ့ အဖွဲ့ကလူငယ်တွေကို တားဆီးမှုတွေပြုလုပ်ခဲ့တဲ့အပေါ်ရှုတ်ချကြောင်းနဲ့ အခုလို ဆက်လက်မပြုလုပ်ကြဖို့အတွက် စစ်တွေမြို့နယ် လူမှုအဖွဲ့အစည်းများ ကိုယ်စားပြုကော်မတီက မနေ့ညနေပိုင်းမှာ ကြေညာချက်တစ်စောင်ကို ထုတ်ပြန်လိုက်ပါတယ်။ “စစ်ဘေးရှောင်ဦးရေ ၂၅၀၀၀ ကျော်လောက်ကို ပုဂ္ဂလိကအလှူရှင်တွေဆီကနေ အခုလို အလှူငွေတွေကောက်ခံပြီးတော့ ကျွေးမွေးလာတာ ရက်ပေါင်း ၁၀၀ ကျော်လာခဲ့ပြီ။ အခုမှ အလှူငွေမကောက်ခံရဆိုပြီး တားဆီးပိတ်ပင်တယ်ဆိုလို့ရှိရင် ဒီလူတွေအတွက် အစိုးရကအပြည့်အဝတာဝန်ယူပေးဖို့လိုပါတယ်။ အလှူမခံရလို့ တရားဝင်ထုတ်ပြန်ပေးပါ။”လို့ စစ်တွေမြို့နယ် အရပ်ဖက်လူမှုအဖွဲ့အစည်းများ ကိုယ်စားပြုကော်မတီနာယက ဦးသန်းထွန်းကပြောပါတယ်။ အဲ့ဒီကြေညာချက်မှာ အလှူငွေကောက်ခံမှုအပေါ် ရဲတပ်ဖွဲ့ရဲ့အခုလုပ်ရပ်ဟာ ဗုဒ္ဓဘာသာဓလေ့ထုံးတမ်းနဲ့ ညီညွတ်မှုမရှိ သလို မတရားတားဆီးကန့်ကွက်မှု၊ ရာဇဝတ်မင်းသောအနိုင်အထက်ပြုမှုတွေနဲ့ ငြိစွန်းနေတဲ့အတွက်…
Read Moreမင်းပြားမြို့လေးမြို့မြစ်အတွင်းမှာ ကြိုးချည်ထားတဲ့ လူသေအလောင်းတစ်လောင်းတွေ့ရှိ
မင်းပြား၊ ဧပြီ ၇-၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်၊ မင်းပြားမြို့ လေးမြို့မြစ်အတွင်းမှာ ခြေထောက်နှစ်ဖက်ကို ကြိုးချည်ထားတဲ့ လူသေအလောင်းတစ်လောင်း ကို ဒီကနေ့မနက် ၈ နာရီလောက်က တွေ့ရရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ အဲ့ဒီအလောင်းဟာ လေးမြို့မြစ်အထက်ပိုင်းကနေ မျောလာတာဖြစ်ပြီး မင်းပြားမြို့မဈေးရဲ့ အရှေ့ဘက် ဦးစိုးတင့်ရပ်ကွက် ကင်းချောင်း၊ ချောင်းဝ ကမ်းပါးမှာ မှောက်လျက်တင်နေတာဖြစ်ပါတယ်။ “အလောင်းက ဦးစိုးတင့်ရပ်ကွက် ကင်းချောင်းဝမှာတင်နေတာပါ။ ယောက်ျားအလောင်းဖြစ်ပါတယ်။ အထက်ပိုင်းကနေ မျောလာတာဖြစ်ပါတယ်။ ကြိုးချည်ထားပြီးတော့ မှောက်လျက်ကိုရှိနေတာပါ။”လို့ မင်းမြားမြို့ခံ ဦးသိန်းဇံကပြောပါတယ်။ အဲ့ဒီအလောင်းမှာ ခြေထောက်နှစ်ဖက်ကို ကြိုးတွေနဲ့တုပ်ချည်ထားတာတွေကိုတွေ့ရတဲ့အတွက် လူသတ်ပြီးတော့ ရေထဲမှာမြှုပ်ထားတာကနေ ပြန်လည်ပေါ်လာပြီးတော့ မျောလာခဲ့တာဖြစ်နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ “လောလောဆယ်မှာတော့ အလောင်းက ဒီရေတက်လာလို့ မြစ်ထဲမျောနေတဲ့အတွက် ပြန်ဆယ်ယူနေရပါတယ်။ လှေတွေနဲ့ မြစ်ထဲမှာဆယ်နေတုန်းပါပဲ။ အကျိုးအကြောင်းကတော့ ပြောလို့မရသေးဘူး။”လို့ မင်းပြားမြို့မရဲစခန်းမှူးက ပြောပါတယ်။ အလောင်းတွေ့ရှိတဲ့…
Read Moreဂေါတမ မြတ်စွာဘုရားပုံစံတုပ၀တ်ဆင်ထားသူကို ဖမ်းဆီးမယ်ဆိုတဲ့ကိစ္စ သာသနာရေးဌာနက ထုတ်ပြန်ထားတာမဟုတ်
ရန်ကုန် ၊ ဧပြီ ၇ TGH (VOM) ဂေါတမမြတ်စွာ ဘုရားပုံစံ တုပ၀တ်ဆင်ပြီး သာသနာညှိုးနွမ်းအောင် လုပ်ဆောင်နေတဲ့ Saw Seven အမည်ရှိ ဖေ့စ်ဘုတ်အကောင့်ပိုင်ရှင်ကို ထိန်းသိမ်းအရေးယူဖို့ဆိုတဲ့ ညွှန်ကြားချက်တစ်စောင် လူမှုကွန်ယက်မှာပြန့်နှံ့နေပေမယ့် ဒီညွှန်ကြားချက်ဟာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနအနေနဲ့ မသိရှိကြောင်း ၊ ထုတ်ပြန်ထားတာမျိုးလည်းမရှိဘူးလို့ ပြည်တွင်းပြည်ပဆက်ဆံရေးနှင့်သတင်းပြန်ကြားရေး ဌာနခွဲ( သာသနာရေး)ညွှန်ကြားရေးမှူးဦးအောင်ဆန်းဝင်းကပြောပါတယ်။ ” ဘာညွှန်ကြားချက်မှ ထုတ်ထားတာမရှိဘူး။ တကယ်လို့ ခုပြောတဲ့ကိစ္စက အမှန်ဆိုရင် ဘယ်နေရာမှာလဲ ဘယ်သူလဲ အတိအကျကို ကျွန်တော်တို့ကို ပြောပြပါ။ ဒီလိုဆိုရင် ထိထိရောက်ရောက် လုပ်သွားပါမယ်။”လို့ ပြောပါတယ်။ လူမှုကွန်ယက်မှာ ထွက်ပေါ်လာတဲ့ ညွှန်ကြားချက်မှာရေးသားဖော်ပြထားတာက လူမှုကွန်ယက်အမည် saw seven ( ဦးကျော်စွာအောင် အသက် ၃၅ ) ဟာ ဗုဒွမြတ်စွာဘုရားပုံစံ တုပ၀တ်ဆင်ပြီး သာသနာညှိုးနွမ်းအော် ဆောင်ရွက်ခဲ့ကြောင်း ၀န်ကြီးဌာနသို့တိုင်ကြားစာများလက်ခံရရှိခဲ့ပါတယ်။သူဟာ…
Read More