အနာဂတ်မျိုးဆက်သစ်တွေ  မိမိနိုင်ငံရဲ့ အမျိုးဂုဏ် ဇာတိဂုဏ် သမိုင်းကြောင်းသိဖို့လို

နေပြည်တော် ၊မေ ၃-၂၀၁၉

သိင်္ဂီ (VOM)

 

အနာဂတ်မျိုးဆက်သစ်တွေအနေနဲ့  နိုင်ငံရဲ့အမျိုးဂုဏ် ဇာတိဂုဏ် သမိုင်းကြောင်းကို သိရှိနားလည်ခြင်းမရှိတဲ့အပြင် ယဉ်ကျေးမှုကိုယ်ခံစွမ်းအားနည်းနေမယ်ဆိုရင် ပြည်ပနိုင်ငံ ယဉ်ကျေးမှုတွေရဲ့ ဝါးမြိုခြင်းကို ခံရနိုင်တယ်လို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက  နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ ရှေးဟောင်းမြန်မာ့လက်ဝတ်ရတနာအထူးပြပွဲ ဖွင့်ပွဲမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

 

” ရှေးဟောင်း ရွှေထည်လက်ဝတ်ရတနာအဆင်တန်ဆာတွေက ဒြပ်ရှိယဉ်ကျေးမှုအမွေအနှစ်ဖြစ်တယ်၊ ဒီလက်ဝတ်ရတနာတွေကို ပြုလုပ်တဲ့ မြန်မာ့ ရိုးရာပန်းတိမ်လုပ်ငန်းကလည်း ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်တစ်ခုဖြစ်တယ်၊ ဒြပ်ရှိ ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေကို လက်ဆင့်ကမ်း ထိန်းသိမ်းစောင့်ရှောက်ဖို့က နိုင်ငံသားတိုင်းမှာ တာဝန်ရှိတယ်”လို့ ပြောခဲ့ပါတယ်။

 

မေ ၂ရက်နေ့က စတင်ဖွင့်လှစ်လိုက်တဲ့ ရှေးဟောင်းမြန်မာ့လက်ဝတ်ရတနာအထူးပြပွဲမှာ ဆိုရင် ဘီစီ ၂ ရာစုကမေ အေဒီ ၂၀ ရာစု သက်တမ်းရှိ ရှားပါးပြီးလက်ရာမြောက်တဲ့ ရွှေထည်လက်ဝတ်ရတနာအမျိုးအစား ၁၀၀ ၊အရေအတွက် ၈၇၀၊ ရွှေချိန် ၂ပိဿ၇၅ ကျပ်သားကျော်ခန့် ကို ပြသထားပါတယ်။

 

ဒီပွဲကို နေပြည်တော် အမျိုးသားပြတိုက်မှ  မေလ၁၉ ရက်နေ့အထိ ၁၈ ရက်ကြာ ပြသထားမှာဖြစ်သလို တနင်္လာနေ့နဲ့ ပြန်တမ်းဝင်ရုံးပိတ်ရက်ကလွဲလို့  နေ့စဉ် မနက် ၉ နာရီခွဲကနေ ညနေ ၄ နာရီခွဲအထိ ဝင်ကြေးအခမဲ့နဲ့ ဘယ်သူမဆိုဝင်ရောက်လေ့လာနိုင်မှာဖြစ်တယ်လို့သိရပါတယ်။

ဓါတ်ပုံ ကိုထွန်း(နေပြည်တော်)

#voiceofmyanmar #နေပြည်တော် #သူရအောင်ကို #ရှေးဟောင်းမြန်မာ့လက်ဝတ်ရတနာအထူးပြပွဲ

Related posts

Leave a Comment

VOM News

FREE
VIEW