ဒေါ်လာ ၇ သန်းတန်းဖိုးရှိ မူးယစ်ဆေးဝါးတွေ သြစတြေးလျ သက်ကြီးစုံတွဲဆီ မှားရောက်

မဲလ်ဘုန်း၊ မေ-၃-၂၀၁၉

မျိုးဆက် (VOM)

 

သြစတြေးလျနိုင်ငံရှိ သက်ကြီးစုံတွဲဆီကို ဒေါ်လာ ၇ သန်းတန်ဖိုးရှိ မက်သာအဖက်တမင်း မူးယစ်ဆေးတွေပါတဲ့ ပါဆယ်ထုတ်တစ်ခု မှားယွင်းပြီးရောက်ရှိခဲ့ပါတယ်။

 

ပါဆယ်ထုတ်ထဲမှ အဖြူရောင်အမှုန့်တွေထည့်ထားတဲ့ အိပ်တွေကို တွေ့ရှိပြီးနောက် အဲဒီစုံတွဲက ရဲတပ်ဖွဲ့ကို ခေါ်ယူအကြောင်းကြားခဲ့တယ်လို့ အေဘီစီ သတင်းဌာနက ဖော်ပြပါတယ်။ ပါဆယ်ထုတ်ထဲမှာ မူးယစ်ဆေး ၂၀ ကီလိုဂရမ်ရှိတဲ့ အိပ်တွေပါရှိတယ်လို့ မဲလ်ဘုန်းရဲတပ်ဖွဲ့က ပြောပါတယ်။

 

ထောက်လှမ်းရေတွေက အနီးနားရှိ အိမ်တစ်အိမ်က အမျိုးသားတစ်ဦးကို နောက်ပိုင်းမှာ ဖမ်းဆီးခဲ့ပြီး အဲဒီနေအိမ်ကနေ နောက်ထပ် မူးယစ်ဆေး ၂၀ ကီလိုဂရမ်ကိုတွေ့ရှိခဲ့ကြပါတယ်။

 

ဒီလိုမူးယစ်ဆေးဝါးတွေ မှားယွင်းလက်ခံမိတဲ့အတွက် သြစတြေးလျ သက်ကြီ စုံတွဲက မယုံကြည်နိုင်အောင်ဖြစ်နေပြီး သူတို့ဟာ ဘယ်လို့အမှားကိုမှ ကျူးလွန်တာ မရှိဘူးလို့ တာဝန်ရှိသူတွေက အာမခံခဲ့ကြပါတယ်။

 

မူးယစ်ဆေးဝါးတွေရှာဖွေတွေ့ရှိပြီးနောက် ဘန်ဒူရာ ဆင်ခြေဖုန်းမှာနေထိုင်တဲ့အသက် ၃၀ နှစ်အရွယ် ဒေသခံအမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့ ဖမ်းဆီးလိုက်ပြီး မက်သာအဖက်တမင်းရောင်းဝယ်မှုနဲ့ စွဲချက်တင်ထားပါတယ်။

 

Ref :BBC

Photo : Getty Images

 

Related posts

Leave a Comment

VOM News

FREE
VIEW