၂၀၀၈ အ​ခြေခံဥပ​ဒေပြင်​ဆင်​​ရေး တမူး မြို့တွင်း လှည့်​လည် တောင်းဆို

တမူး မေ၃-၂၀၁၉

သစ်တော် (VOM)

 

တမူးခရိုင်တမူးမြို့မှာ ဒီနေ့မနက်  ၉နာရီက ဗိုလ်ချုပ်ပန်းခြံကနေ တမူးမြို့အတွင်းကို လူအင်အား၃၀၀၀်ခန့်ဟာ မြို့တွင်းလှည့်လည်ပြီးတောင်းဆိုဆန္ဒပြခဲ့ကြပါတယ်

 

ဒါအပြင် အဲ့ဒီဗိုလ်ချူပ်ပန်းခြံအတွင်းမှာလည်း စာရေးဆရာ ထင်လင်းဦးနဲ့ တောင်လုံးပြန်တို့က အခြေခံဥပဒေပြင်ဆင်ရေးနဲ့ပတ်သတ်ပြီးဟောပြောခဲ့ကြတယ်လို့သိရပါတယ်။

 

တို့အတွက်ဘယ်သူကတန်ဖိုးရှိတယ် ဘယ်သူဘယ်ပါတီက လုပ်​​ပေးနိုင်တယ်ဆိုတာသေခြာစဉ်းစားပြီးထောက်ခံပါလို့စာရေးဆရာ တောင်လုံးပြန်က ပြောပါတယ်

 

 

၂၀၀၈ ခြေခံဥပဒေပြင်ဆင်​​ရေးအတွက် တမူးမြို့ကဦးဆောင်သူတစ်ဦးဖြစ်သူဒေါ်ချိုချိုအောင်ကတော့ပြည်သူ့ဆန္ဒမပါဘဲရေးဆွဲထားတဲ့ ၂၀၀၈ ခြေခံဥပဒေကို ပြည်သူ့ဆန္ဒနဲ့ထပ်တူကျအောင်ပြင်ဆင်​​စေချင်ပါတယ်ဒါမှလဲ ဒီမိုကရေစီရဲ့အနှစ်သာရကို ပြည်သူတွေအပြည့်အဝခံစားနိုင်မယ်လို့​” လိုပြောပါတယ်

 

၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေးကော်မတီဖွဲ့ပြီးလုပ်နေတာကိုလည်း ထောက်ခံကြောင်း ဆန္ဒပြသူတွေက ထုတ်ဖေါ်ခဲ့ကြပါတယ်။

 

 #voiceofmyanmar #တမူး #၂၀၀၈အခြေခံဥပဒေပြင်ဆင်ရေး  

Related posts

Leave a Comment

VOM News

FREE
VIEW