ဇီးကုန်း မေ ၅-၂၀၁၉
မိုးယံ (VOM)
မေလ ၄ ရက်နေ့က ဇီးကုန်းမြို့နယ် ဆိတ်ဖူးကျင်းအုပ်စု ၊ ဘုရားကြီးကုန်းအုပ်စု ၊ မီးကောက်ပင်အုပ်စု စတဲ့ကျေး ရွာတွေမှာ (၄-၅-၂၀၁၉)ရက်နေ့ညနေက တိုက်ခတ်ခဲ့တဲ့ လေပြင်းကြောင့် အိမ်ခြေ ၂၀၀ ကျော်ပျက်စီးခဲ့ပြီး တန်ဖိုး သိန်းတရာကျော် ဆုံးရှုံးခဲ့တယ်လို့ နတ္တလင်းမြို့နယ် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနကနေ သိရပါတယ်။
ခုလို လေဘေးသင့်ခဲ့တဲ့ အတွက် မိသားစု တချို့ဟာ နီးစပ်ရာ ဘုန်းကြီးကျောင်းမှာ ခိုလှုံနေကြပါတယ်။ လေဘေးသင့်မိသားစုတွေကို ခိုလှုံခွင့်ပေးထားတဲ့ ရတနာပုံမန္တလေးကျောင်းတိုက်က ဆရာတော် ဦးဥတ္တရကို မေးလျောက်ကြည့်တော့
`ဒီကျောင်းမှာ အိမ်ထောင်စု ၃၈၅ စု လာနေတယ် ညကတော့ ဘုန်ကြီးကိုယ်တိုင် သူတို့ကို ထမင်း ရေသန့် ကျွေးထားပါတယ် အခုမနက်တော့ မြို့နယ်ထွေအုပ်ရုံး က လေဘေးသင့်သူတွေအတွက် ဆန် ၃ အိတ်ကြက်ဥအလုံး ၂၀၀ ပို့ပေးတယ်´လို့မိန့်ပါတယ်။
ဇီးကုန်းက လေးရပ်ကွက် အောင်မြင့်မိုရ် လမ်းက ပြိုလဲသွားတဲ့အိမ်ပိုင်ရှင် ဒေါ်ကြည်သန်းက
`မနေ့က ညနေ ၄နာရီလောက်က မိုးရွာတယ် ၅နာရီ လောက်ကြတော့ လေတိုက်လာလို ကျွန်မလည်း မြေးလေးတွေခေါ်ပြီ တခြားအိမ်တွေဆီ ထွက်ပြေးခဲ့တယ် လေငြိမ်လို့ပြန်လာတော့ အိမ်ပြိုကျနေပြီ အမေကြီးတို့မှာ တစ်နေ့လုပ်တစ်နေ့စားတွေဆိုတော့ ဒီအိမ်ကို ဘယ်လိုပြန်ဆောက်မလဲ ´လို့ပြောပါတယ်။
`မနေ့က လေပြင်းတိုက်ခတ်တာ ခန့်မှန်း ၁၀ မိနစ်ကျော် လောက်ဘဲရှိတယ် ရန်ကုန်-ပြည်ကားလမ်း လည်းသစ်ပင်တွေလဲလို့ပိတ်တယ် ဒါပေမယ့် ကားလမ်းက ချက်ချင်း ရှင်းရလို့ လမ်းပွင့်သွားတယ် ရထားလမ်းကြတော့ အတော်ခက်ခဲတယ် ရထားလမ်းပေါ်ပိနေတာ သစ်ပစ်ကြီး ၁၇ပင်လောက်ရှိတယ် လို့ ´နတ္တလင်းမြို့ နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးဇေဝဏ္ဏလှိုင် က VOMကိုပြောပါတယ်။
မေလ ၄ရက် ညက အမှတ်(၇၁)အဆန် အမြန်ရထားရပ်ဆိုင်းထားရပြီး ရဲတပ်ဖွဲ့ မီးသတ်တပ်ဖွဲ့ ထွေအုပ် ဌာန ကျေးရွာအုပ်ချုပ်ရေးမှုးတွေ ဝိုင်းရှင်းပေးခဲ့လို့ ည ၁၀နာရီ ၁၀မိနစ်မှာ ပြည်မြိုကို ထွက်ခွာနိုင်ခဲ့ပါတယ်။
မေလ ၅ ရက် နေ့ ဒီနေ့မနက်မှာ လေဘေးသင့်အိမ်ထောင်စု စာရင်းဆက်လက်ကောက်ခံနေပြီးပဲခူတိုင်းအစိုးရ လူကယ်ပြန်ဌာနကို တင်ပြထားတယ်လို့သိရပါတယ်။
#voiceofmyanmar #ဇီးကုန်း #နတ္တလင်း #လေပြင်းကျ