ဂါဇာစီးတီး၊ မေ-၅-၂၀၁၉
မျိုးဆက် (VOM)
မကြာသေးမီနှစ်တွေအတွင်းက တင်းမာမှုတွေမြင့်တက်ခဲ့တဲ့ ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးနဲ့ ပါလက်စတိုင်းစစ်သွေးကြွတွေအကြား အပြန်အလှန်တိုက်ခိုက်မှုတွေ အရှိန်အဟုန်မြင့်လာနေပါတယ်။
ပါလက်စတိုင်းစစ်သွေးကြွတွေဟာ မေ ၄ ရက်နေ့ကတည်းက အစ္စရေးပိုင်နက်ထဲကို ဒုံးကျည် ၄၃၀ ကျော်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အဲဒီဒုံးပျံအများစုကို ကြားဖြတ်ပစ်ချနိုင်ခဲ့တယ်လို့ အစ္စရေးဘက်က ပြောပါတယ်။ ဒါပေမယ့် တိုက်ခိုက်မှုကြောင့် လူတစ်ဦးသေဆုံးခဲ့ပါတယ်။
မေ ၅ ရက်မှာတော့ ဂါဇာကမ်းမြောင်ဒေသက ပါလက်စတိုင်းပစ်မှတ် ၂၀၀ ကိုပြန်လည်တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ကပြောပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း လေးဦးသေဆုံးခဲ့တယ်လို့ ပါလက်စတိုင်းဘက်က ပြောပါတယ်။
ပြီးခဲ့တဲ့လက နှစ်ဘက်အကြား အပစ်အခတ်ရပ်စဲရေး သဘောတူထားခဲ့ပေမယ့်လည်း ဒီလိုတိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်ပေါ်နေတာဖြစ်ပါတယ်။ ရေရှည်ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးအတွက် အီဂျစ်နဲ့ ကုလသမဂ္ဂတို့က မကြာသေးမီက ကြိုးစားခဲ့ကြပါတယ်။
စစ်သွေးကြွတွေဆီကို လက်နက်တွေမရောက်ဖို့ လိုအပ်တယ်လို့ အစ္စရေးတို့က ပြောဆိုပြီး ဂါဇာဒေသကို ပိတ်ဆို့ထားတာကို ဆန္ဒပြနေတဲ့ မေ ၃ ရက်ကတည်းက တိုက်ခိုက်မှုတွေ စတင်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
Ref : BBC Photo : Getty Images