ပဲခူးတိုင်း အ​နောက်​ခြမ်းမှာ တစ်​ပတ်​အတွင်း​လေပြင်းတိုက်​လို့လူ​နေအိမ်​ တစ်​​ထောင်​နီးပါး ​လေ​ဘေးသင့်​ခဲ့

မေ ၆ -၂၀၁၉

မိုးယံ ဇီးကုန်း

 

 

မေလ ၂ ရက်​​နေ့က​နေစတင်​ပြီး​တော့ တစ်​ပတ်​တာကာလအတွင်း တိုက်​ခတ်​ခဲ့တဲ့ ​လေပြင်း​ကြောင့်​ ပဲခူး တိုင်းအ​နောက်​ခြမ်းမှာ ရှိတဲ့လူ​နေအိမ်​ တစ်​​ထောင်​နီးပါး ပျက်​စီးခဲ့တယ်​လို့ အ​ထွေ​ထွေ အုပ်​ချုပ်​​ရေးဦးစီးဌာန က သိရပါတယ်​။

 

မေလ ၂ ရက်​​နေ့မှာ တစ်​ကြိမ်​ ​မေလ ၄ ရက်​​နေ့မှာ တစ်​ကြိမ်​နဲ့ ​မေလ ၅ရက်​​နေ့က ပဲခူးတိုင်းအ​နောက်​ခြမ်း မှာရှိတဲ့ (၁၄)မြို့နယ်​မှာ ​လေပြင်း​တွေတိုက်​ခတ်​ခဲ့တာဖြစ်​ပါတယ်​။

 

ဒီလိုတိုက်​ခတ်​ခဲ့တဲ့​လေပြင်း​တွေ​ကြောင့်​ လူနဲ့တိရစ္ဆာန်​​တွေ ထိခိုက်​ ပျက်​စီး မှုမရှိပင်​မယ့်​ လူ​နေအိမ်​(၃၀၀)ခန့်​ပြိုလဲခဲ့ပြီး စာသင်​​ကျောင်း ဘုန်း​တော်​ကြီး ​ကျောင်းအပါအဝင်​ အ​ဆောက်​အဦး တစ်​​ထောင်​နီးပါး ပျက်​စီးခဲ့တယ်​လို့ ​အ​ထွေ​ထွေအုပ်​ချုပ်​​ရေးဦးစီးဌာန က သိရပါတယ်​။

 

မေ၂ရက်​​နေ့က တိုက်​ခတ်​ခဲ့တဲ့ ​လေပြင်း​ကြောင့်​ မိုးညိုမြို့နယ်​ မှာ ပျက်​စီး ခဲ့တဲ့ အိမ်​​ခြေ ​ခြောက်​လုံးအတွက်​ ​မေလ ၃ ရက်​​နေ့က သဘာဝ​ဘေးအန္တရာယ်​ဆိုင်​ရာ စီမံခန့်ခွဲ မှုဦးစီးဌာနက (၃၇၈၅၀၀)ကျပ်​နဲ့ အိမ်​သုံးပစ္စည်း၁၆ မျိုး သုံးပုံး ​ထောက်​ပံ့ခဲ့တယ်​လို့ မိုးညို မြို့နယ်​အ​ထွေ​ထွေအုပ်​ချုပ်​​ရေးဦးစီးဌာန က သိရပါတယ်​။

 

မေလ ၄ ရက်​နဲ့၅ရက်​​နေ့က တိုက်​ခတ်​ခဲ့တဲ့ ​လေ​ပြင်း​ကြောင့်​ ​လေ​ဘေးသင့်​ခဲ့ တဲ့အိမ်​​ထောင်​စုများနဲ့ လုံးဝပြိုလဲသွားတဲ့အိမ့်​​ထောင်​စုများအတွက်​ ဒီက​နေ့ ​မေ​လေ ၆ ရက်​​နေ့အထိ​ထောက်​ပံ့မှု မရ​သေးဘူးလို​ ပြိုလဲသွား​တဲ့အိမ်​ရှင်​နတ္တလင်းမြို့ က မစန်းစန်းခိုင်​က ​ပြောပါတယ်​။

 

လေ​ဘေးသင့်​ခဲ့ တဲ့ အိမ်​​ထောင်​စု ​တွေဟာနီးစပ်​ရာ ​ဆွေမျိုး များအိမ်​နဲ့ ဘုန်း​တော်​ကြီး ​ကျောင်း​တွေမှာ ခိုလှုံ​နေတယ်​လို့ကူညီ​ပေး​နေတဲ့ လူမှုကယ်​ဆယ်​​ရေး အဖွဲ့​ မီးသတ်​ တပ်​ဖွဲ့ NGOအဖွဲ့အစည်း​တွေက​နေ သိရပါတယ်​။

 

ဒီကိစ္စ နဲ့ပတ်​သက်​လို့ ဇီးကုန်းမြို့နယ် အ​ထွေ​ထွေ အုပ်​ချုပ်​​ရေးမှူး ဦးညီညီ​အောင်​ ကို ဆက်​သွယ်​​မေးမြန်းတဲ့အခါ

`ကျွန်​​တော်​တို့ ​လေ​ဘေးသင့်​နဲ့ပတ်​သက်​လို့ လူကယ်​ပြန်​ဌာနကို တင်​ပြထားပါတယ်​ အကူအညီ ​တွေ​ပေးမှာပါလို့´​ပြောပါတယ်​ ။

 

သဘာဝ​ဘေးနဲ့ပတ်​သက်​လို့်​ ​လေ​ဘေးသင့်​ခဲ့ တဲ့ အိမ်​​ခြေတစ်​​ထောင်​နီးပါး ပျက်​စီး ဆုံးရှူံးးမှုတန်​ဖိုး သိန်း(၇၀၀ခန့်​ရှိခဲ့ပါတယ်​။

 

#voiceofmyanmar #ပဲခူးတိုင်းအနောက်ခြမ်း  #လေပြင်းတိုက်

Related posts

Leave a Comment

VOM News

FREE
VIEW