ရသေ့တောင်​က လူဦးရေ ၁၀၀ ဝန်းကျင်​ခန့်​ စစ်​တွေမြို့မှာလာရောက်​ခိုလှုံ

စစ်​တွေ၊ မေ ၁၀-၂၀၁၉

ခိုင်​လင်းစံ(VOM)

 

ရခိုင်​ပြည်​နယ်​၊ ရသေ့တောင်​မြို့နယ်​က ကျေးရွာတချို့က ဒေသခံ ၁၀၀ ဝန်းကျင်​တို့ဟာ ဒေသမတည်​မငြိမ်​မှုတွေကြောင့်​ စစ်​တွေမြို့မှာ ခိုလှုံဖို့ရောက်ရှိနေကြတာဖြစ်​ပါတယ်​။ အဲ့ဒီကျေးရွာသားတွေဟာ ပြီးခဲ့တဲ့ တနင်္လာနေ့က စတင်​ပြီးရောက်​ရှိလာခဲ့ကြတာဖြစ်​ပြီး စစ်​တွေမြို့ပေါ်က ဘုန်းတော်​ကြီးကျောင်းတွေဖြစ်​တဲ့ ကယုချောင်းကျောင်းတိုက်​၊ အမျိုးသားကျောင်းတိုက်​ စတဲ့ဘုန်းတော်​ကြီးကျောင်းသုံးကျောင်းမှာ ရောက်​ရှိနေကြတာဖြစ်​ပါတယ်​။

 

“အန်​တီတို့က ရသေ့တောင်​မြို့နယ်​ ရေစိုးချောင်းကလာကြတာပါ။ တခြားရွာတွေက မိသားစာုတွေလည်းပါပါတယ်​။ ရွာမှာနေရတာ အဆင်​မပြေတော့ဘူး။ ဒါကြောင့်​ ဒီကိုလာကြတာပါ။ အစကတော့ အောင်​စည်​ကုန်းစခန်းမှာနေခဲ့တယ်​။ စားရေးသောက်​ရေး၊ နေရေးထိုင်​ရေး အခက်​အခဲရှိတယ်​။ ပြီးတော့ မလုံခြုံဘူး စစ်​တွေမှာဆိုရင်​ လုံခြုံမလားဆိုပြီး လာတာပါ။”လို့ ကယုချောင်းဘုန်းတော်​ကြီးကျောင်းမှာ ရောက်​ရှိနေတဲ့ ဒေါ်မချေကပြောပါတယ်​။

 

 

စစ်​တွေမြို့ကို စစ်​ဘေးခိုလှုံဖို့ရောက်​ရှိနေကြသူတွေဟာ ရသေ့တောင်​မြို့နယ်​က ရေစိုးချောင်း၊ ရေခေါင်းချောင်း၊ သိုင်းတပုတ်​၊ ခရုချောင်း၊ သပြေဆိပ်​စတဲ့ကျေးရွာသားတွေဖြစ်​ကြပါတယ်​။

 

“ရွာမှာတပ်​ကရှိနေတယ်​။ ည ၆ နာရီလောက်​ဆိုရင်​ ဘယ်​မှမသွားရတော့ဘူး။ ၉ နာရီထိုးတာနဲ့ အိမ်​အပြင်​မထွက်​ရတော့ဘူး။ ဒါကြောင့်​ အလုပ်​အကိုင်​တွေလည်းမလပ်​ရ။ ငါးလည်းမရှာရ။ တောလည်းမဝင်​ရဆိုတော့ စားရေးသောက်​ရေးကအစ အခက်​အခဲတွေဖြစ်​လာပါတယ်​။ “လို့ ထွက်​ပြေးလာခဲ့ကြသူတွေကပြောပါတယ်​။

ဒါ့အပြင်​ ရသေ့တောင်​မြို့နယ်​အတွင်းမှာ တိုက်​ပွဲဖြစ်​ပွားမှုတွေနဲ့ ပစ်​ခတ်​မှုတွေ နေ့စဉ်​လိုလိုဖြစ်​ပွားနေတာကြောင့်​ ကျေးရွာသားတွေဟာ ကြောက်​ရွံ့ပြီး အခုလိုထွက်​ပြေးနေကြတာဖြစ်​ပါတယ်​။

 

#voiceofmyanmar #ရသေ့တောင် #စစ်တွေ #စစ်ရှောင်ဒုက္ခသည်

Related posts

Leave a Comment

VOM News

FREE
VIEW