ကျွဲအုပ်​မောင်းလာတဲ့ စပါးထားရွာသား မိုင်းပေါက်​ကွဲပြီး ဒဏ်​ရာရ

ဘူးသီးတောင်​၊ မေ ၁၃-၂၀၁၉

ခိုင်​လင်းစံ(VOM)

 

ရခိုင်​ပြည်​နယ်​ ဘူးသီးတောင်​မြို့နယ်​ စပါးထားကျေးရွာသား ဦးမောင်​စိန်​ထွန်းဟာ ယနေ့ ညနေ ၅နာရီခွဲခန့်အချိန်​တွင်​ ကျွဲအုပ်​အား ရွာဘက်​သို့ မောင်းလာစဉ်​ ပေါက်​ကွဲမှုဖြစ်​ပြီး ထိခိုက်​ဒဏ်​ရာရရှိခဲ့ပါတယ်။

 

အဲ့ဒီပေါက်​ကွဲမှုမှာ ကျေးရွာနားသို့အရောက်​မှာ ဖြစ်​ပွားခဲ့တာဖြစ်​ပြီး လက်​နက်​ကြီးကျည်​ ဒါမှမဟုတ်​ မိုင်းတစ်​ခုခု ပေါက်​ကွဲတာဖြစ်​နိုင်​တယ်​လို့ ရွာသားတစ်​ဦးကပြောပါတယ်​။

 

“ဦးမောင်​စိန်​ထွန်းက အသက်​ကြီးပါပြီ။ ၆၆ နှစ်​ရှိနေပါပြီ။ သူ့ကျွဲတွေကို ရွာကိုမောင်းလာတဲ့အချိန်​မှာ အဲ့ဒီကွင်းပြင်​က ထပေါက်​တယ်​လို့ပြောတယ်​။ ဒဏ်​ရာတွေရသွားတာပေါ့။ အခုတော့ ဆေးရုံပို့ထားလိုက်​ပြီ။”လို့ အဲ့ဒီရွာသားက ပြောပါတယ်​။

 

ပေါက်​ကွဲမှုဖြစ်​စဉ်​ကြောင့်​ ဦးမောင်​စိန်​ထွန်းမှာ ဘယ်​ဘက်​ ခါးမှာတစ်​နေရာ။ ခြေသလုံးမှာတစ်​နေရာ။ ညာဘက်​ပေါင်​မှာတစ်​နေရာ စုစုပေါင်းဒဏ်​ရာ သုံးခုရရှိခဲ့ပြီး ခါးကဒဏ်​ရာမှာ စိုးရိမ်​ရတယ်​လို့ သူကပြောပါတယ်​။

 

“လူနာကတော့ လောလောဆယ်​ ဒီဆေးရုံမှာပဲရှိနေတယ်​။ ခွဲစိပ်​ကုသမှုတွေလုပ်​ရမယ်​။ စစ်​တွေကို ပို့ဆောင်​ဖို့အတွက်​လုပ်​နေတာ နောက်​ကျသွားလို့ မနက်​ပိုင်းမှပဲ ICRC ကလာယူမှာဖြစ်​ပါတယ်​။ ဒဏ်​ရာက ကျောက်​ကပ်​နားမှာထိတယ်​။ အနက်​ဝင်​နေတယ်​။ ဒါကြောင့်​ဆီးသွားရင်​ သွေးတွေပါနေတယ်​။ အခုတော့ ဆေးကုသမှုတွေလုပ်​နေပါတယ်​။”လို့ စေတီတောင်​ တိုက်​နယ်​ဆရာဝန်​ ဒေါက်​တာ စိုးမင်းအောင်​က ပြောပါတယ်​။

 

အဲ့ဒီစပါးထားရွာ အနီးဝန်းကျင်​ဟာ မြန်​မာ့တပ်​မတော်​နဲ့ AA တို့အကြား တိုက်​ပွဲတွေဖြစ်​ပွားခဲ့တဲ့ ဒေသတစ်​ခုဖြစ်​ပြီး တိုက်​ပွဲတွေ ဖြစ်​ပွားခဲ့တဲ့အချိန်​မှာ ကျန်​နေတဲ့ မိုင်းသို့မဟုတ်​ လက်​နက်​ကြီးကျည်​တွေ ပေါက်​ကွဲမှုဖြစ်​ပွားတာဖြစ်​နိုင်တယ်​လို့ ဒေသခံတွေကပြောဆိုနေကြပါတယ်​။

Related posts

Leave a Comment

VOM News

FREE
VIEW