အိန္ဒိယခွဲထွက်ရေး ကသည်းလက်နက်ကိုင်တွေကို မြန်မာတရားရုံးက ထောင်ဒဏ်တွေချ

ခန္တီး – မေ -၁၅ ၊ ၂၀၁၉

အောင်ဆန်းမြင့်

 

ကသည်းလက်နက်ကိုင် ၂၄ ဦးကို  ခန္တီးမြို့နယ် တရားရုံးက ဒီနေ့ မေလ ၁၅ ရက်ကမှာ  မတရားအသင်း ပုဒ်မ ၁၇/၁ နဲ့ ထောင်ဒဏ် ၂ နှစ်စီအမိန့်ချမှတ်ခဲ့ပါတယ်။

 

ခြောက်ကြိမ်မြောက်ရုံးချိန်းမှာအမိန့်ချမှတ်ခဲ့တာ ဖြစ်ပြီး အဲ့ဒီလက်နက်ကိုင် ၂၄ ဦးကို တပ်မတော်က နာဂဒေသအတွင်း နယ်မြေရှင်းလင်းရေး ပြုလုပ်စဉ် ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

 

မြန်မာနိုင်ငံ ဥပဒေအရ အဲဒီလက်နက်ကိုင်အဖွဲ့အစည်းများဟာ ခွင့်ပြုထားတဲ့လက်နက်ကိုင်အဖွဲ့အစည်းများမဟုတ်သလို  နာဂဒေသအတွင်း နေထိုင်နေခြင်းကြောင့်  ထောင်ဒဏ်ချမှတ်ခဲ့တာ ဖြစ်ကြောင်း တရားရုံး ကြားနာမှုအရ သိရပါတယ်။

 

ထောင်ဒဏ်ချခံရတာနဲ့ ပက်သက်ပြီး ကသည်းလက်ကိုင်တွေကို  မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပါဘူး။ အဲဒီ  လက်နက်ကိုင်တွေကို ဧပြီလနဲ့ မေလအတွင်းက ဖမ်းဆီခဲ့တာ ဖြစ်ပြီး ULLF.KYKL.PLA. PrePak Pro စတဲ့အာသံပြည်နယ် လက်နက်ကိုင်အဖွဲ့အစည်းများက ဖြစ်ကြောင်းသိရပါတယ်။

 

#Voiceofmyamar(VOM) #ကသည်းလက်နက်ကိုင် #ခန္တီး

 

 

 

Related posts

Leave a Comment

VOM News

FREE
VIEW