အမြန်လမ်းတိုးဂိတ်တွေက ရရှိတဲ့ငွေကြေးကို စာရင်းရှင်းတမ်း ထုတ်ပြန်ပေးဖို့ မေးခွန်းတင်

နေပြည်တော်၊မေလ -၁၅ ၊ ၂၀၁၉

ဒီပ(နေပြည်တော်)

 

မိတ္ထီလာမြို့ကနေ နေပြည်တော်ကိုသွားနေတဲ့ အမြန်လမ်းအ၀င်ဂိတ်က ကောက်ခံရရှိနေတဲ့ ငွေကြေးတွေကို နိုင်ငံတော်ရဲ့ဘယ်ကဏ္ဍတွေမှာ အသုံးပြုနေသလဲဆိုတာ စာရင်းရှင်းတမ်း ထုတ်ပေးဖို့ ဒီနေ့ ကျင်းပခဲ့တဲ့အမျိုးသားလွှတ်တော်အစည်းအဝေးမှာ ချင်းပြည်နယ် အမှတ်(၈)မဲဆန္ဒနယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမာန်လောမောင်းက မေးခွန်းထုတ်ခဲ့ပါတယ်။

 

အမြန်လမ်းပေါ်က ကံကောင်း Mini Toll Gate Class လမ်းမကြီးအသုံးပြုခ (၁၀၀၀)ကျပ်နဲ့ လမ်းဦးစီးဌာနက (၂၀၀၀)ကျပ်နှုန်း ကောက်ခံနေတဲ့ ငွေကြေးကို စာရင်းရှင်းတမ်းထုတ်ပေးဖို့ ပြောတာပါ။

 

“နေပြည်တော်မြို့အ၀င်ဂိတ်များက မြို့ဝင်ကြေးများကောက်ခံနေခြင်းမှာ လမ်းဦးစီဌာနနဲ့ သက်ဆိုင်ခြင်းမရှိပါဘူး။ နေပြည်တော် စည်ပင်သာယာရေးက်ာမတီကသာ ကောက်ခံနေခြင်းဖြစ်ပါတယ။်”လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်လင်းက ပြောပါတယ်။

 

ဒါ့အပြင် ၂၀၀၉-၂၀၁၀ ခုနှစ်ကနေ ၂၀၁၈-၁၉ မီနီဘဏ္ဍာရေးနှစ်ကုန်အထိ ဂိတ်ကြီး (၆)ဂိတ်နဲ့ မီနီဂိတ်(၁၃)ခုက စုစုပေါင်းကာက်ခံရရှိငွေ (၁၁၅ ဒသမ ၇၄)ဘီလီယံကျပ်နဲ့  လမ်းအသုံးပြုခ နေ့စဉ်ဝင်ငွေတွေကို သက်ဆိုင်ရာမြို့နယ်အလိုက် မြန်မာ့စီးပွားရေးဘဏ်တွေမှာ နိုင်ငံတော်ရငွေအဖြစ် နေ့စဉ်တိုက်ရိုက်ပေးသွင်းနေရတယ်လို့ ဆိုပါတယ်။

 

အဲ့ဒီလမ်းပိုင်းတွေကို တိုင်းဒေသကြီး/ပြည်နယ်အလိုက် ခွဲခြားသတ်မှတ်ပြီး ရန်ကုန်၊ပဲခူး၊နေပြည်တော်နဲ့ မန္တလေးတိုင်းက ဆောက်လုပ်ရေး ၀န်ကြီးဌာန၊လမ်းဦးစီးဌာန တိုင်း၊ခရိုင် ၊မြို့နယ်ရုံးတွေက တာဝန်ယူကြပ်မတ်ရတာဖြစ်ပါတယ်။

 

နေပြည်တော်-ရန်ကုန် အမြန်လမ်းပိုင်းကို ၂၀၀၉ခုနှစ်ကစတင်ဖွင့်လှစ်ခဲ့ပြီး လမ်းအသုံးပြုခကို ဆောက်လုပ်ရေး ၀န်ကြီးဌာနက ကြီးကြပ်ကောက်ခံပါတယ်။

 

#voiceofmyanmar #အမြန်လမ်းကရငွေစာရင်းရှင်းတမ်းထုတ် #လွှတ်တော် #နေပြည်တော်

Related posts

Leave a Comment

VOM News

FREE
VIEW