အထက်မင်းလှမြို့မှာ သုံးနှစ်အရွယ် မိန်းကလေးငယ်တဦး အဓမ္မပြုကျင့်ခံရ

မင်းလှ၊ မေ – ၁၈ -၂၀၁၉

ဂျန်ကိုးလ် (VOM)

 

မကွေးတိုင်း မင်းလှမြို့မှာ အသက်သုံးနှစ်အရွယ် မိန်းကလေးငယ်ကို  ဆွေမျိုးတ်ာစပ်သူက အဓမ္မပြုကျင့်မှု မနေ့က ဖြစ်ပွားခဲ့ပါတယ်။

 

ကလေးငယ်မိခင်ရဲ့ ဦးလေးတော်စပ်သူက  နေအိမ်ရဲ့ အိမ်သာထဲကိုခေါ်ပြီး အဓမ္မပြုကျင့်ခဲ့တာဖြစ်တယ်လို့ ကလေးပြောပြချက်အရသိရကြောင်း  မင်းလှမြို့မရဲစခန်းကသိရပါတယ်။

 

“ဖမ်းဆီးစစ်ဆေးနေတာတော့ဟုတ်တယ်။ ဆရာဝန်ဆေးစစ်ချက် မပြီးသေးတော့မပြောချင်သေးဘူး။ စိတ်ဖောက်ပြန်တာတွေကြောင့်ပေါ့ဗျာ။ တခြားလူတွေ ဒါမျိုးမလုပ်ပါဘူး။ ကလေးရဲ့ ကျန်းမာရေးအခြေအနေက ကောင်းပါတယ်။” လို့ စခန်းမှူးဒုရဲမှူးသိန်းလှိုင်က ပြောပါတယ်။

 

ဖြစ်စဉ်မှာ နေအိမ်ပြုပြင်ရာမှာ ပန်းရံလုပ်ဖို့ လာရောက်နေတဲ့ ရေငံကျေးရွာအုပ်စု ပက်ပယ်ရွာက ဦးလေးဖြစ်သူ တင်ထွန်း (၃၅နှစ်) ဟာ  ဆွေမျိုးတော်စပ်မှု နဲ့ယုံကြည်မှုကို အခွင့်ကောင်းယူကာ ပြစ်မှု ကျူးလွန်တာလို့ ရဲမှတ်တမ်းမှာဖော်ပြထားပါတယ်။

 

ကျူးလွန်သူလို့ စွပ်စွဲခံထားရတဲ့ ဦးတင်ထွန်းကို (ပ)၁၉၆/၂၀၁၉ အမှုကြီး အမှတ်စဉ် ၄/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ၃၇၆ နဲ့ တရားစွဲဆိုဖို့ ဆောင်ရွက်နေတယ်လို့ မင်းလှမြို့မရဲစခန်းက

သိရပါတယ်။

 

#voiceofmyanmar #ကလေးငယ်အဓမ္မပြုခံရ # ဆွေမျိုးတော်သူ #မင်းလှ

Related posts

✕
VOM News

FREE
VIEW