မလေးရှားသွားမယ့် ရိုဟင်ဂျာ ၈၀ ကျော်ကို ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေ တားဆီး

ဒါကာ၊ မေ-၁၈-၂၀၁၉ မျိုးဆက် (VOM)   မလေးရှားနိုင်ငံကို လှေနဲ့သွားမယ့် မြန်မာနိုင်ငံက ရိုဟင်ဂျာဒုက္ခသည် ၈၄ ဦးကို ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေက တားဆီးနိုင်ခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူတွေက မေ ၁၈ ရက်မှာ ပြောပါတယ်။   ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ ကူတူပါလောင်ဒုက္ခသည်စခန်းက ရိုဟင်ဂျာ ၆၇ ဦး ငါးဖမ်းလှေတစ်စီးနဲ့ ထွက်ခွာဖို့ စောင့်ဆိုင်းနေစဉ်မှာ တားဆီးနိုင်ခဲ့တာဖြစ်ပြီး အဲဒီထဲမှာ အမျိုးသမီး ၃၁ ဦးနဲ့ ကလေး ၁၅ ဦးပါဝင်တယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။   ဘင်္ဂလားပင်လယ်အော်ထဲမှာရှိတဲ့ စိန့်မာတင်ကျွန်းမှာတော့နောက်ထပ် ရိုဟင်ဂျာ ၁၇ ဦးကို ဘင်္ဂလားဒေ့ရှ် လူကုန်ကူးသူ ငါးဦးနဲ့အတူ စက်လှေနဲ့မထွက်ခွာမီ ကမ်းခြေစောင့်တပ်ဖွဲ့က ဟန့်တားနိုင်ခဲ့ပါတယ်။   ဒုက္ခသည်စခန်းက ထောင်ပေါင်းများစွာသော ဒုက္ခသည်တွေဟာ မလေးရှား၊ ထိုင်းအစရှိတဲ့ နိုင်ငံတွေမှာ ပိုမိုကောင်းမွန်တဲ့ အခွင့်အရေးတွေရဖို့အတွက် နှစ်စဉ်နှစ်တိုင်း…

Read More

ပဲခူးတိုင်းဝန်ကြီးချုပ်နဲ့ ၀န်ကြီးနှစ်ဦး အပါအ၀င်ရှစ်ဦးကို တိုင်တန်းမှု ပြည်ထောင်စုတရားလွှတ်တော်ချုပ်လက်ခံထား

ရန်ကုန် ၊ မေ – ၁၈ – ၂၀၁၉ သိင်္ဂီ (VOM)   ပဲခူးတိုင်းဝန်ကြီးချုပ်နဲ့  ၀န်ကြီးနှစ်ဦး အပါအ၀င် ရှစ်ဦးကို သာယာဝတီမြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ(ဟောင်း)ဦးကျော်ဆန်းအောင်က  အမှုဖွင့်တိုင်ကြားမှု နေပြည်တော် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးက လက်ခံခဲ့တယ်လို့ သိရပါတယ်။   “မနေ့က အမှုကိုလက်ခံဖွင့်ပေးလိုက်ပြီဖြစ်တယ်။ “လို့ ဒီအမှုကို လိုက်ပါဆောင်ရွက်နေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးမင်းသက်ဇင်က ပြောပါတယ်။   ငွေကြေးအလွဲသုံးစားလုပ်တယ်ဆိုပြီး သာယာဝတီမြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ(ဟောင်း)ကဦးကျော်ဆန်းအောင်ကို စုံစမ်းစစ်ဆေးမှုတွေလုပ်ကာ တာဝန်ကရပ်စဲခဲ့တာနဲ့ ပတ်သက်ပြီး တိုင်းဝန်ကြီးချုပ်၊ စည်ပင်သာယာရေးဝန်ကြီး ၊ လည်/ဆည်ဝန်ကြီးနဲ့ စုံစမ်းစစ်ဆေးခဲ့သူများကို အရေးယူပေးဖို့ နေပြည်တော် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးမှာ ဦးတိုက်လျှောက်ထားခဲ့တာပါ။   ” ငွေကြေးအလွဲသုံးစားလုပ်တယ်ဆိုပြီးပြောတယ်။ ရံပုံငွေကို မြို့ရွာအတွက် သုံးဖို့ဆုံးဖြတ်တုန်းက အဖွဲ့အစည်းကော်မတီ၊ လွှတ်တော်ကိုယ်စားလှယ် အားလုံးသဘောတူညီမှုနဲ့ လုပ်ခဲ့တယ်၊ ဒါကို ကျွန်တော်ကို ငွေအလွဲသုံးစားဆိုပြီး တာဝန်ကရပ်စဲတယ်။…

Read More

တရုတ်နိုင်ငံအတွက် သူလျှိုလုပ်တဲ့ စီအိုင်အေအရာရှိဟောင်းကို ထောင်နှစ် ၂၀ ချ

ဝါရှင်တန်၊ မေ-၁၈-၂၀၁၉ မျိုးဆက် (VOM)   အမေရိကန်စစ်ဘက်ဆိုင်ရာ လျှို့ဝှက်အချက်အလက်တွေ တရုတ်ထောက်လှမ်းရေးတစ်ဦးကို ပေးခဲ့တဲ့ စီအိုင်အေ အရာရှိဟောင်းတစ်ဦးကို ထောင်နှစ် ၂၀ ချမှတ်လိုက်တယ်လို့ အမေရိကန်တရားရေးဌာနက ပြောပါတယ်။   ပြီးခဲ့တဲ့  ဇွန်လအတွင်းက ရုံးတင်စစ်ဆေးပြီးနောက် အသက် ၆၂ နှစ်အရွယ်  စီအိုင်အေအရာရှိဟောင်း ကီဗင်မာလိုရီကို ထောက်လှမ်းရေးဆိုင်ရာ ပြစ်မှု သုံး၊လေးခုနဲ့ပတ်သက်ပြီး အပြစ်ရှိကြောင်း တွေ့ရှိခဲ့ပါတယ်။   သူဟာ ထိပ်တန်းအဆင့်ရှိ လုံခြုံရေးအချက်အလက်တွေနဲ့ အရေးကြီးစာရွက်စာတမ်းတွေကို ဒေါ်လာ ၂၅၀၀၀ နဲ့  တရုတ်နိုင်ငံကို လျှို့ဝှက်ရောင်းချခဲ့တယ်လို့ စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ ထောင်ဒဏ်ချမှတ်ခံရတဲ့ ကီဗင်မာလိုရီဟာ  ၂၀၁၇ ခုနှစ် မတ်လနဲ့ မေလတွေအတွင်းက တရုတ်ထောက်လှမ်းရေးတစ်ဦးနဲ့ တွေ့ဆုံဖို့ ရှန်ဟိုင်းကို သွားရောက်ခဲ့တယ်လို့ အမေရိကန်တရားရေးဌာနက ပြောပါတယ်။   ဒီဖြစ်စဉ်ဟာ အမေရိကန်ထောက်လှမ်းရေးအရာရှိဟောင်းတွေကို တရုတ်နိုင်ငံက ပစ်မှတ်ထားနေတယ်ဆိုတာနဲ့ ထောက်လှမ်းရေးဟောင်းတွေဟာ  နိုင်ငံနဲ့…

Read More

အခွန်တံဆိပ်ခေါင်းကပ်နှိပ်ရောင်းချခြင်းမရှိတဲ့ ဟိုတယ် ၊တည်းခိုခန်းနဲ့ စားသောက်ဆိုင် လေးရာဝန်းကျင်ကို အရေးယူထား

ရန်ကုန် ၊မေ ၁၇ သိင်္ဂီ(VOM)   ငွေရှင်းပြေစာပေါ်မှာ အခွန်ကျသင့်ငွေအတိုင်း အခွန်တံဆိပ် မကပ်နှိပ်တာ၊ ငွေကောက်ခံပြီး အခွန်တံဆိပ်ကပ်နှိပ်မပေးတာတွေအတွက် ဟိုတယ်၊ တည်းခိုခန်း၊ စားသောက်ဆိုင် လေးရာဝန်းကျင်ကို အရေးယူထားတယ်လို့ နေပြည်တော် ပြည်တွင်းအခွန်များဦးစီးဌာန က သိရပါတယ်။   ” အခွန်ဆောင်ရတာကိုအားလုံးသိနေပြီ။ ဒါကို တချို့ကအခွန်ဆောင်ရတယ်၊ အခွန်တံဆိပ်တော့ကပ်မပေးတာမျိုး၊ ကျသင့်အခွန်ထက်ပိုပေးရတာမျိုးတွေ မကျေနပ်တာတွေကို တိုင်ကြတယ်။ တိုင်ကြားမှု ၃၈၃ ခုရှိတယ်။ တစ်ဆိုင်ထဲကို နှစ်ခါတိုင်တာမျိုးတွေလည်းရှိတယ်။ တိုင်တာတွေကို ဒဏ်ရိုက်တာတွေလုပ်နေတယ်။”လို့ နေပြည်တော် ပြည်တွင်းအခွန်များဦးစီးဌာန  ဒုတိယညွန်ကြားရေးမှူး ဒေါ်ဆွေဆွေခိုင်က ပြောပါတယ်။   ၂၀၁၈ အောက်တိုဘာ ၁ ရက်ကနေ  ဖေဖော်ဝါရီလကုန်အထိ  လေးလအတွင်း တိုင်ကြားခံခဲ့ရတဲ့ ဟိုတယ်၊ တည်းခိုခန်းနဲ့ စားသောက်ဆိုင်တွေကို စစ်ဆေးမှုတွေပြုလုပ်ခဲ့တာဖြစ်ပြီး အမှန်တကယ်ကျူးလွန်တဲ့ ဆိုင်တွေကိုဒဏ်ငွေရိုက်အရေးယူခဲ့ရာမှာ စုစုပေါင်း မြန်မာကျပ်ငွေ ၈၇.၂၂၅ သန်း ရရှိခဲ့တယ်လို့…

Read More

အနိမ့်​ဆုံးစပါးဈေး ငါးသိန်း သတ်​မှတ်​ထား​ပေမယ့် မရရှိတဲ့အတွက် တိုင်းအစိုးရနဲ့ တွေ့ဆုံခွင့်ရဖို့ တောင်းဆိုမယ်

ဇီးကုန်း၊ ​မေ – ၁၈ – ၂၀၁၉ မိုးယံ (VOM)   စပါးတင်းတစ်ရာကို အနိမ့်ဆုံးဈေး ငါးသိန်းနှုန်း သတ်မှတ်ထားပေမယ့် ကျေးရွာတွေမှာ  လေးသိန်းကျော်နဲ့သာ ပေးဝယ်နေတဲ့အတွက် တောင်သူတွေအခက်အခဲရှိနေတာကြောင့် ဖြေရှင်းပေးဖို့  တိုင်းအစိုးရထံ တွေ့ဆုံဆွေးနွေးခွင့် တောင်းဆိုသွားမယ်လို့ ပဲခူးတိုင်းအနောက်ခြမ်းက တောင်သူတချို့ ကပြောပါတယ်။   “ကျွန်မတို့ ဒီစပါးဈေးနဲ့ဆို အဆင်မပြေဘူး။ ကလေးတွေတောင် ကျောင်းထားနိုင်ပါ့မလား မသိဘူး။ ရွာထဲကသူတစ်ချို့လည်း အလုပ်အကိုင် အဆင်မပြေကြလို့ ထိုင်းလို တခြားနိုင်ငံတွေမှာ အလုပ်လုပ်နေကြတယ်။ ရွာထဲမှာ အလုပ်သမားတောင်မရှိတော့ဘူး။” လို့ ဇီးကုန်းမြို့နယ် မြောက်လွှတ်ကုန်းရွာက တောင်သူ ဒေါ်သန်းသန်းမြင့်က ပြောပါတယ်။   မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ကနေ အနိမ့်ဆုံးစပါးဝယ်ဈေး ငါးသိန်းသတ်မှတ်ထားပေမယ့် ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ် မှာရှိတဲ့ ကျေးရွာတွေမှာ ဆင်းဝယ်တဲ့အခါ  ၄ သိန်း ၂သောင်း ၊ ၄…

Read More

အထက်မင်းလှမြို့မှာ သုံးနှစ်အရွယ် မိန်းကလေးငယ်တဦး အဓမ္မပြုကျင့်ခံရ

မင်းလှ၊ မေ – ၁၈ -၂၀၁၉ ဂျန်ကိုးလ် (VOM)   မကွေးတိုင်း မင်းလှမြို့မှာ အသက်သုံးနှစ်အရွယ် မိန်းကလေးငယ်ကို  ဆွေမျိုးတ်ာစပ်သူက အဓမ္မပြုကျင့်မှု မနေ့က ဖြစ်ပွားခဲ့ပါတယ်။   ကလေးငယ်မိခင်ရဲ့ ဦးလေးတော်စပ်သူက  နေအိမ်ရဲ့ အိမ်သာထဲကိုခေါ်ပြီး အဓမ္မပြုကျင့်ခဲ့တာဖြစ်တယ်လို့ ကလေးပြောပြချက်အရသိရကြောင်း  မင်းလှမြို့မရဲစခန်းကသိရပါတယ်။   “ဖမ်းဆီးစစ်ဆေးနေတာတော့ဟုတ်တယ်။ ဆရာဝန်ဆေးစစ်ချက် မပြီးသေးတော့မပြောချင်သေးဘူး။ စိတ်ဖောက်ပြန်တာတွေကြောင့်ပေါ့ဗျာ။ တခြားလူတွေ ဒါမျိုးမလုပ်ပါဘူး။ ကလေးရဲ့ ကျန်းမာရေးအခြေအနေက ကောင်းပါတယ်။” လို့ စခန်းမှူးဒုရဲမှူးသိန်းလှိုင်က ပြောပါတယ်။   ဖြစ်စဉ်မှာ နေအိမ်ပြုပြင်ရာမှာ ပန်းရံလုပ်ဖို့ လာရောက်နေတဲ့ ရေငံကျေးရွာအုပ်စု ပက်ပယ်ရွာက ဦးလေးဖြစ်သူ တင်ထွန်း (၃၅နှစ်) ဟာ  ဆွေမျိုးတော်စပ်မှု နဲ့ယုံကြည်မှုကို အခွင့်ကောင်းယူကာ ပြစ်မှု ကျူးလွန်တာလို့ ရဲမှတ်တမ်းမှာဖော်ပြထားပါတယ်။   ကျူးလွန်သူလို့ စွပ်စွဲခံထားရတဲ့ ဦးတင်ထွန်းကို (ပ)၁၉၆/၂၀၁၉ အမှုကြီး…

Read More

TNLA အထွေထွေအတွင်းရေးမှူးနဲ့ တွေ့ဆုံမေးမြန်းခန်း နောက်ဆုံးအပိုင်း

အပစ်ခတ်ရပ်စဲရေး သဘောတူညီချက်လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ဘာကြောင့်လက်မှတ်မထိုးနိုင်သေးတာလဲ၊ ပြည်သူတွေကိုငဲ့ညှာတယ်လို့ ပြောကြပေမယ့် တကယ်လက်တွေ့မှာ စစ်သားစုဆောင်းခံရမှာ ကြောက်လို့လူငယ်တွေ၊ ဆက်ကြေးပေးရမှာစိုးလို့ အဝေးတစ်နေရာကို ရွှေ့သွားသူတွေအတွက် TNLA က ဘာလုပ်ပေးနိုင်မလဲဆိုတာ သိရနိုင်ဖို့ PSLF/TNLA အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးချုပ် တားဘုန်းကျော်ကို VOM သတင်းဌာနက ကိုနေလင်းကနေ တွေ့ဆုံ မေးမြန်းထားပါတယ်။     #VoiceofMyanmar #TNLA #PSLF #NCA

Read More
VOM News

FREE
VIEW