ဆရာတော် ဦးသောဘိတကို ပုဒ်မ ၅၀၅/ခ နဲ့ ထပ်မံတရားစွဲဆိုရန် တရားရုံးကို လာရောက်လျှောက်ထား

မန္တလေး၊ မေ၂၃-၂၀၁၉

ဟိန်းကို(VOM)

 

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်က ပုဒ်မ ၆၆/ဃ နဲ့ တရားစွဲဆိုခံထားရတဲ့ ဆရာတော်ဦးသောဘိတကို ပုဒ်မ ၅၀၅/ခ နဲ့ ထပ်မံ တရားစွဲဆိုဖို့ ဒီကနေ့ မနက်ပိုင်းက အမပူရ တရားရုံးကို လာရောက်လျှောက်ထားမှု ပြုလုပ်ခဲ့ပါတယ်။

 

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်ဦးစီး ပထမတန်း ဒု-ဗိုလ်မှူးကြီး အောင်မျိုးကျော်က လာရောက်လျှောက်ထားခဲ့တာပါ။

 

ဒီကနေ့ ရုံးချိန်းမှာ ဆရာတော်ဦးသောဘိတ လာရောက်ခြင်းမရှိဘဲ နောက်တပတ်ရုံးချိန်ကို ဇွန်လ ၆ရက်နေ့ကို ထပ်မံချိန်းဆိုထားပါတယ်။

 

#voiceofmyanmar#ဦးသောဘိတ #၅၀၅(ခ) #မန္တလေး # အမရပူရ

Related posts

Leave a Comment

VOM News

FREE
VIEW