တရားမဝင်ကုန်စည် ဖမ်းဆီးရမိမှု ကျပ်ကိုးဘီလီယံကျော် အထိရရှိထား

ရန်ကုန်၊ မေ – ၂၃ – ၂၀၁၉

သူရိန်​ (VOM)

 

တိုင်းနဲ့ပြည်နယ် ကိုးခုမှာ ဖွဲ့စည်းထားတဲ့ တရားမဝင် ကုန်စည်တားဆီးနှိမ်နင်းရေး အထူးအဖွဲ့​တွေရဲ့ဖမ်းဆီးရမိမှုအနေနဲ့ ဒီနှစ်​ ဧပြီလအထိ ကျပ် ၉ ဒသမ ၁၁၃ ဘီလီယံ အထိရရှိထားတယ်​လို့ သိရပါတယ်​။

 

ပြည်တွင်း အသေးစားနဲ့အလတ်စား လုပ်ငန်းတွေဟာ ပြည်ပက တရားမဝင် ဝင်ရောက်လာတဲ့ ကုန်စည်တွေနဲ့ ဈေးကွက်ယှဉ်ပြိုင်ဖို့ အခက်အခဲရှိတဲ့အတွက် ဖမ်းဆီးစစ်ဆေးပေးဖို့ လုပ်ငန်းရှင်တွေက တင်ပြလာတာကြောင့် တရားမဝင် ကုန်သွယ်မှု တားဆီးနှိမ်နှင်းရေး အထူးအဖွဲ့ ဖွဲ့စည်းပြီး နယ်စပ်ဒေသများနဲ့ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုး ရအဖွဲ့တွေ ညှိနှိုင်းတိုင်ပင်ပြီး စစ်ဆေးဖမ်းဆီးနေတာဖြစ်ပါတယ်။

 

“အထူးသဖြင့် တိုင်းနဲ့ပြည်နယ်တွေမှာ ဆောင်ရွက်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ အသိဆုံးပါ။ ဘယ်နေရာ ဘယ်ဒေသ၊ ဘယ်မြို့နယ်မှာ တရားမဝင်ကုန်စည် ဝင်ရောက်နေတယ်ဆိုတာ သတင်းပေးတိုင်ကြားမှ ကျွန် တော်တို့က သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့တွေနဲ့ ညှိနှိုင်းတိုင်ပင်ပြီးတော့ ဖမ်းဆီးနှိမ်နင်းတာကို ထိရောက်စွာ ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။” လို့ နိုင်ငံတော် ဒုသမ္မ္မတ ၁ ဦးမြင့်ဆွေက ပြောပါတယ်​။

 

ပြည်ပက​နေတရားမဝင် ဝင်ရောက်တဲ့ကုန်စည်​တွေကို တားဆီးနှိမ်နင်းဖို့အတွက် တရားမဝင် ကုန်သွယ်မှု တားဆီးနှိမ်နှင်းရေး အထူးအဖွဲ့​တွေကို ၂၀၁၈ ခုနှစ်က စတင် ဖွဲ့စည်းဆောင်ရွက်ခဲ့တာဖြစ်ပြီး ၂၀၁၉ ဧပြီလအထိ တားဆီးမှုပေါင်း ၅၀၀ ကျော် (ခန့်မှန်းတန်ဖိုး ကျပ် ၉ ဒဿမ ၁၁၃ ဘီလီယံ) ဖမ်းဆီးရရှိခဲ့ပါတယ်​။

 

“တရားမဝင်ကုန်သွယ်မှုကို တက်နိုင်သမျှ ဝန်ထမ်းတွေ၊ ဒေသဆိုင်ရာ အစိုးရအဖွဲ့အစည်းတွေနဲ့ ကြိုးစားပမ်းစား ဆောင်ရွက်နေတာ ရှိပါတယ်။ ဒါကလည်း ပြည့်ဝစွာ မဆောင်ရွက်နိုင်ပါဘူး။ ဘာကြောင့်လည်းဆိုတော့ အထူးသဖြင့် နယ်စပ်ဒေသမှာဆိုရင် တိုင်းပြည်ရဲ့ ငြိမ်းချမ်းမှုကလည်း လိုအပ်နေပါတယ်။ နောက်ပြီးတော့ အင်အားစု အဖွဲ့အစည်း အမျိုးမျိုးရှိပါတယ်။ တရားဥပဒေ စိုးမိုးမှုကလည်း သူတို့ပိုင်းတွေမှာ နည်းပါးနေတာ ရှိပါတယ်။ သူတို့ရဲ့ အကျိုးစီးပွားလည်း ပတ်သက်နေပါတယ်။” လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောပါတယ်​။

 

ဒါ့ကြောင့် လုပ်ငန်းရှင်များအနေနဲ့လည်း တရားမဝင်ကုန်သွယ်မှုတွေ ပြုလုပ်နေတယ်လို့ သိရှိရင် သတင်းပေးတိုင်ကြားနိုင်သလို သတင်းပေးတိုင်ကြားသူတွေကိုလည်း အစိုးရက ဖမ်းဆီးရမိမှုရဲ့ ၁၀ ရာခိုင်နှုန်းကို ဆုငွေအဖြစ် ပြန်လည်ချီးမြှင့်ပေးနေပါတယ်။

 

#voiceofmyanmar # တရားမဝင်ကုန်စည်ဖမ်းဆီးရမိမှု #၉ဘီလီယံကျော်ရ #ရန်ကုန်

Related posts

Leave a Comment

VOM News

FREE
VIEW