မဟာမုနိဘုရားကြီးဂေါပကအဖွဲ့ဝင်တွေ တရားစွဲဆိုခံရတာနဲ့ပတ်သက်ပြီး ရှင်းလင်းပွဲလုပ်

မန္တလေး၊ မေ – ၂၄ – ၂၀၁၉ ရဲရင့်မင်းခန့် (VOM)   မဟာမုနိဘုရားကြီး ဂေါပကအဖွဲ့ ဥက္ကဌ အပါအဝင် သုံးဦးကို မန္တလေးခရိုင်တရားရုံးမှာ တရားစွဲဆိုခံရတာနဲ့ ပတ်သက်ပြီး ဒီနေ့ မနက်ပိုင်းက ဘုရားကြီးအတွင်းမှာ တရားစွဲခံရသူတွေက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။   မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်  ဘုရားကြီးဂေါပကအဖွဲ့က စီမံပိုင်ခွင့်ရှိ မြေဧရိယာပေါ်မှာရှိတဲ့ ပြည့်စုံ လ္ဘက်ရည်ဆိုင်ကို ငှားရမ်းမှုစာချုပ်ပါ အချက်အလက်တွေနဲ့ မညီဘဲ ဖယ်ရှားခိုင်းတာကြောင့်ဆိုပြီး ဆိုင်ရှင်က တရားမမှုနဲ့ တရားစွဲဆိုခဲ့ပါတယ်။   ဒီနေ့ ရှင်းလင်းပွဲမှာ မဟာမုနိဘုရားကြီး ဂေါပကအဖွဲ့ဝင် ဦးသန်းလွင်က “တကယ်တော့ ဒီပြည့်စုံ လ္ဘက်ရည် ဆိုင်နေရာက ပြီးခဲ့တဲ့ မတ်လ ၃၁ ရက်ကတည်းက စာချုပ်သက်တမ်းပြည့်ပြီးဖြစ်ပါတယ်။ ဒီအတွက်သူတို့ကို တလကြိုတင်အကြောင်းကြားရန် မလိုအပ်ပါဘူး။ ဒါကို မကျေနပ်လို့ သူက တရားစွဲတယ်လို့…

Read More

ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေ ရာထူးမှ နှုတ်ထွက်တော့မယ်

လန်ဒန်၊ မေ-၂၄-၂၀၁၉ မျိုးဆက် (VOM)   ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေဟာ သူမရဲ့ ဘရီဇစ်ဆိုင်ရာ  သဘောတူညီချက်နဲ့ပတ်သက်ပြီး ပါလီမန်အမတ်တွေရဲ့ ထောက်ခံမှုမရရှိပြီးနောက် ဇွန် ၇ ရက်နေ့မှာ ရာထူးက နှုတ်ထွက်မယ်လို့ ကြေညာလိုက်ပါတယ်။   အီးယူနဲ့ပတ်သက်တဲ့ ၂၀၁၆ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲရလဒ်ကို လေးစားသောအားဖြင့် မိမိအကောင်းဆုံးလုပ်ဆောင်ခဲ့တယ်လို့ ဒေါင်းနင်းလမ်းမှာရှိတဲ့ ၀န်ကြီးချုပ်အိမ်တော်က ထုတ်ပြန်ချက်မှာ ထရီဇာမေက ပြောပါတယ်။   ဘရီဇစ်ဆိုင်ရာနဲ့ပတ်သက်ပြီး အစီစဉ်တကျသွားဖို့အတွက် နောက်တက်လာမယ့် ၀န်ကြီးချုပ်ဟာ ပါလီမန်မှာ ယုံကြည်မှုတည်ဆောက်လိမ့်မယ်လို့ သူမက ဆိုပါတယ်။ အငြင်းအခုန်ဖြစ်နေတဲ့ နှစ်ဖက်လုံး အလျှော့ပေးဖို့ ဆန္ဒရှိမှာသာ သဘောတူညီချက်ရရှိလိမ့်မယ်လို့လည်း ထရီဇာမေက ပြောပါတယ်။   ၀န်ကြီးချုပ်ရဲ့ ဘရီဇစ်မူဝါဒနဲ့ ပတ်သက်ပြီး ပါလီမန်အမတ်တွေက ကန့်ကွက်နေတဲ့အပြင် ဗြိတိန်အောက်လွှတ်တော်အကြီးအကဲ အန်ဒရီရာလိဆမ်ဟာလည်း  မကျေနပ်တာကြောင့် မေ ၂၂ ရက်ညပိုင်းမှာ ရာထူးကနှုတ်ထွက်သွားပြီးနောက် ထရီဇာမေဟာ ရာထူး…

Read More

တရားစီရင်ရေးပညာရပ်တွေ သင်ကြားနိုင်ဖို့ တရားစီရင်ရေးကောလိပ် လာမယ့်နှစ်မှာ စတင် တည်ဆောက်မယ်

နေပြည်တော် ၊ မေ – ၂၄  – ၂၀၁၉ သိင်္ဂီ (VOM)   တရားစီရင်ရေးပညာရပ်တွေ သင်ကြားပေးမယ့် တရားစီရင်ရေးကောလိပ်ကို လာမယ့်နှစ်မှာ စတင် တည်ဆောက်သွားမယ်လို့ ဒီကနေ့ပြုလုပ်ခဲ့တဲ့ ဒုတိယအကြိမ်မြောက် အမျိုးသားလွှတ်တော် အစည်းအဝေးက သိရပါတယ်။   “တရားရေးကောလိပ်ကို လာမယ့်၂၀၁၉ – ၂၀၂၀ မှာ စတင် ဆောက်လုပ်မယ်။ နေပြည်တော်မှာ လုပ်မှာဖြစ်တယ်။ ဘဏ္ဍာအသုံး ခန့်မှန်းခြေစာရင်းတွေမှာ ထည့်သွင်းတောင်းဆိုခဲ့ပြီးဖြစ်ပါတယ်၊ ခွဲဝေချထားပေးတဲ့ ဘတ်ဂျက်အပေါ်မူတည်တယ်။” လို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးမျိုးတင့်က ပြောပါတယ်။   ပြည်ထောင်စုတရားလွှတ်တော်ချုပ်အနေနဲ့ တခြားနိုင်ငံတွေလို တရားစီရင်ရေးဆိုင်ရာ သင်တန်း စနစ်တကျပို့ချနိုင်မယ့် တရားရေးကောလိပ် ဒါမှမဟုတ် တရားရေးအကယ်ဒမီ ဖွင့်လှစ်တည်ထောင်ပေးရန် အစီအစဉ် ရှိမရှိကို ရန်ကုန်တိုင်းမဲဆန္ဒနယ် အမှတ် ( ၉ ) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖေချစ်ရဲ့…

Read More

ဝန်ကြီးဌာနအလိုက် ၀န်ထမ်းများ အရေးယူခံရမှု ကျန်းမာရေးနှင့်အားကစား ၀န်ကြီးဌာန အများဆုံး

နေပြည်တော်၊မေ -၂၄ – ၂၀၁၉ ဒီပ(နေပြည်တော်)   ၀န်ကြီးဌာနများအလိုက် ၀န်ထမ်းများအရေးယူခံရမှုမှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အများဆုံးဖြစ်နေတယ်လို့ ပြည်ထောင်စု ရာထူးဝန်အဖွဲ့က သိရပါတယ်။   “အများဆုံးအရေးယူခံရတာက ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနပါ။ အားလုံးပေါင်း ၈၃၀ ဦး ရှိပါတယ်။ သူကတော့ ပထမချိတ်တယ်ပေါ့။ အများဆုံးအရေးယူခံရမှုက ခွင့်မဲ့ပျက်ကွက်မှုက ၈၂၆ ဦး ရှိပါတယ်။” လို့ ပြည်ထောင်စု ရာထူးဝန် အဖွဲ့ဝင် ဦးစောဗယ်လင်တိုင်းက ပြောပါတယ်။   ဒါ့အပြင် ၀န်ထမ်းစည်းကမ်းဖာက်ဖျက်မှု၊ အလွဲသုံးစားမှု၊ လာဘ်ပေးလာဘ်ယူမှု၊ တာဝန်ပျက်ကွက်မှု၊ အကျင့်စာရိတ္တ ပျက်ပြားမှု တွေနဲ့ အရေးယူခံခဲ့ရတာတွေလည်း ပါဝင်ပြီး တရားဥပဒေဆိုင်ရာနိုင်ငံ့ဝန်ထမ်း ဥပဒေပုဒ်မ ၆ အရ ထုတ်ပယ်တာတွေလည်း ရှိခဲ့ပါတယ်။   မနေ့ ညနေပိုင်းက ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမမှာ ပြုလုပ်ခဲ့တဲ့ နိုင်ငံတော်အစိုးရရဲ့ ပြည်သူ့အတွက်…

Read More

အကောင့်တု သုံးဘီလီယံကျော်ကို ခြောက်လအတွင်း ဖယ်ရှားခဲ့တဲ့ ဖေ့စ်ဘွတ်ခ်

နယူးယောက်၊ မေ-၂၄-၂၀၁၉ မျိုးဆက် (VOM)   ၂၀၁၈ ခုနှစ် အောက်တိုဘာလကနေ ၂၀၁၉ ခုနှစ် မတ်လအထိ ဖေ့စ်ဘွတ်ခ်က အရေးယူဆောင်ရွက်ခဲ့တဲ့ အကောင့်နဲ့ ပို့စ်အရေအတွက်ကို အသေးစိတ်ဖော်ပြထားတဲ့  နောက်ဆုံးအစီရင်စာတစ်ခုကို ဖေ့စ်ဘွတ်ခ်က ထုတ်ပြန်လိုက်ပါတယ်။   ဒီအစီရင်စာမှာတော့ ခြောက်လတာကာလအတွင်း အကောင့်တု သုံးဘီလီယံကျော်ကို ဖေ့စ်ဘွတ်ခ်က ဖယ်ရှားခဲ့တယ်လို့ ဖော်ပြထားပြီး ဒီပမာဏဟာ ယခင်ကာလတွေက ဖယ်ရှားခဲ့တဲ့ အရေးအတွက်ထက် ပိုမိုများပြားပါတယ်။   အမုန်းစကားဖြန့်ဝေတဲ့ ပို့စ် ခုနှစ်သန်းကျော်ကိုလည်း ဖေ့စ်ဘွတ်ခ်ပေါ်ကနေ ဖယ်ရှားခဲ့ပြီး ဒီပမာဏဟာလည်း စံချိန်တင် အရေအတွက်ဖြစ်ပါတယ်။   ဒါ့အပြင်  ဖျက်ချခဲ့တဲ့ ပို့စ်တွေနဲ့ ပတ်သက်လို့ အယူခံဝင်တဲ့ အရေအတွက်နဲ့  ပြန်လည်သုံးသပ်ပြီးနောက် ဖေ့စ်ဘွတ်ခ်မှာ ပြန်လည်တင်ခွင့်ပြုတဲ့ ပို့စ်အရေအတွက် ဘယ်လောက်ရှိတယ်ဆိုတာကိုလည်း ပထမဆုံးအကြိမ်အဖြစ် ဖေ့စ်ဘွတ်ခ်ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။   ဖေ့စ်ဘွတ်ခ်ဟာ  ဥာဏ်ရည်တုနည်းပညာအသုံးပြုပြီး…

Read More

သကြားကို အရည်ဖျော်ပြီး တင်လဲရည်လို တရုတ်ကို တင်ပို့နိုင်

ရန်ကုန်၊ မေ -၂၄ – ၂၀၁၉ သူရိန် (VOM)   မြန်မာနိုင်ငံကထွက်ရှိတဲ့ သကြား​တွေ အတုံးအခဲလိုက်တင်ပို့တာကို တရုတ်​က လက်ခံခြင်းမရှိတဲ့အတွက်​အရည်ဖျော်ပြီး တင်လဲရည်အဖြစ်​ ပြောင်းလဲ တင်ပို့နိုင်တယ်​လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက သိရပါတယ်။   “တရုတ်က သကြားကို အတုံးအခဲလိုက် လက်မခံပေမယ့် သကြားဓာတ်က ၅၅ ရာခိုင်နှုန်း၊ ရေက ၄၅ ရာခိုင်နှုန်း အချိုးအစားနဲ့ အရည်ဖျော်ပြီး တင်လဲရည်အဖြစ်နဲ့ လက်ခံမယ်ဆိုတဲ့အတွက်ကြောင့် အခုဆို တင်လဲရည်စပ်တဲ့ စက်တွေလည်း ပေါ်လာပါပြီ။ ဒါကြောင့် သကြားလုပ်ငန်းရှင်တွေ၊ ကြံလုပ်ငန်းရှင်တွေအနေနဲ့ တရုတ်ဘက်က ဘာပဲဖြစ်ဖြစ် လိုအပ်တဲ့ အရည်အသွေး အမျိုးအစားကို လေ့လာပြီး ဆောင်ရွက်သင့်တယ်။” လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောပါတယ်​။   တရုတ်နိုင်ငံက မြန်မာ့သကြားကို အရင်​လို ကုန်ကြမ်းတင်ပို့တာမျိုး လက်မခံဘဲ…

Read More

နျူထိပ်ဖူးတပ်ပြီးမိုင်၁၅၀၀အထိပစ်ခတ်နိုင်တဲ့ဒုံးပျံပါကစ္စတန်စမ်းသပ်အောင်မြင်

အစ္စလမ္မာဘက်၊မေ-၂၄-၂၀၁၉ မျိုးဆက်(VOM)   နျူကလီးယားထိပ်ဖူးကိုသယ်ဆောင်ပြီး  ပစ်ခတ်နိုင်တဲ့တိုက်ချင်းပစ်ဒုံးပျံတစ်စင်းကိုပါကစ္စတန်နိုင်ငံကမေ၂၃ရက်မှာအောင်မြင်စွာစမ်းသပ်လိုက်ပါတယ်။     Shaheen-II လို့အမည်ရတဲ့အဲဒီဒုံးပျံပစ်လွှတ်မှုကိုပါကစ္စတန်စစ်ဘက်ထိပ်တန်းခေါင်းဆောင်တွေလာရောက်ကြည့်ရှုခဲ့ပြီးအောင်မြင်မှုအတွက်သိပ္ပံပညာရှင်တွေနဲ့အင်ဂျင်နီယာတွေကိုချီးကျူးစကားပြောဆိုခဲ့ကြပါတယ်။     စမ်းသပ်ပစ်လွှတ်လိုက်တဲ့ဒုံးပျံဟာအာရေဗီယံပင်လယ်အတွင်းကိုကျရောက်သွားခဲ့ပြီးမိုင်၁၅၀၀အထိပစ်ခတ်နိုင်တယ်လို့ပါကစ္စတန်စစ်ဘက်ကအခိုင်အမာဆိုပါတယ်။ဒီအကွာအဝေးဟာတင်းမာမှုတွေရှိနေတဲ့အိန္ဒိယနိုင်ငံအထိခြိမ်းခြောက်နိုင်ပါတယ်။   ယခင်ကထုတ်လုပ်ထားတဲ့Shaheen ဒုံးပျံကတော့တရုတ်နည်းပညာအပေါ်အခြေခံပြုလုပ်ထားတာဖြစ်ပြီး၂၀၁၄ခုနှစ်ကတည်းကအသုံးပြုနေခဲ့တာဖြစ်ပါတယ်။အငြင်းပွားဖွယ်ကက်ရှ်မီးယာဒေသမှာအကြမ်းဖက်တိုက်ခိုက်မှုကြောင့်အိန္ဒိယတပ်ဖွဲ့ဝင်၄၄ဦးသေဆုံးပြီးနောက်အိန္ဒိယနဲ့ပါကစ္စတန်တို့အကြားယခုနှစ်အစောပိုင်းကစလို့တင်းမာမှုတွေမြင့်တက်နေပါတယ်။     အဲဒီတိုက်ခိုက်မှုကိုနောက်ကွယ်ကနေကြိုးကိုင်လုပ်ဆောင်ခဲ့တဲ့Masood Azhar ကိုကမ္ဘာလုံးဆိုင်ရာအကြမ်းဖက်သမားအဖြစ်ကုလသမဂ္ဂကယခုလအတွင်းသတ်မှတ်ခဲ့ပါတယ်။   Ref: RT/UPI Photo : Getty Images   #voiceofmyanmar #ပါကစ္စတန် #နျူထိပ်ဖူး #ဒုံးပျံ

Read More

ကုန်​သည်​များမှ သတ်​မှတ်​​ဈေး​အောက်​ နှိမ်​ချဝယ်​ယူ​နေသည်​ဆိုကာ ​တောင်​သူများ ဆန္ဒထုတ်​​ဖော်

ဇီးကုန်း​ ​မေ ၂၄ – ၂၀၁၉ မိုးယံ (VOM)   ဆန်ကုန်သည်များအနေနဲ့ မြန်​မာနိုင်​ငံ ဆန်​စပါးအသင်းချုပ်က သတ်​မှတ်​ထား​တဲ့ စပါးဈေး ငါးသိန်း ​ဈေး​အောက်​ နှိမ်​ချဝယ်​ယူနေတာကြောင့် ကျေနပ်မှုမရှိလို့ဆိုပြီး တောင်သူငါးရာလောက်ဟာ ဒီနေ့ မနက်က ဇီးကုန်းမြို့မှာ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။   “ကျမတို့လယ်သမားတွေမှာ စပါး ၅၀/၅၁ ပေါင် ကို ၄၂၀၀၀၀ ကျပ်နဲ့ ရောင်းချနေရတယ်။ အဲဒီအတွက် လူမှုရေး၊ ပညာရေး၊ စီးပွားရေးတွေနိမ့်ကျခဲ့တယ်။ ကလေးတွေ ပညာရေးမှာလည်း အခက်တွေ့နေရပါတယ်။ လယ်တစ်ဧကကုန်ကျငွေက ၃၂၀၀၀၀ ကျပ် ဆိုတော့ အရှုံးပေါ်နေပါတယ်။ ဒါကြောင့် အခုလိုဆန္ဒပြရခြင်း ဖြစ်ပါတယ်။” လို့ ဇီးကုန်းမြို့နယ် မြောက်လွှတ်ကုန်းရွာ တောင်သူ မမာလာအောင်က ပြောပါတယ်။   ​တောင်​သူလယ်​သမားများအား ဂုတ်​​သွေးစုပ်​ အမြတ်​ထုတ်​​နေ​သော ကုန်​သည်​ကြီးများရဲ့လုပ်​ရပ်​များ အလိုမရှိ၊ နိုင်​ငံ​တော်​မှ သတ်​မှတ်​ထား​သော…

Read More

ရတနာပုံမ် ရွှေမြို့တော်(မန္တလေး) မြို့တည် နန်းတည် နှစ်(၁၆၀)ပြည့် အခမ်းအနား ကျင်းပ

မန္တလေး၊မေ၂၄-၂၀၁၉ ဟိန်းကို(VOM)   မင်းတုန်းမင်းတရားကြီးတည်ထောင်ခဲ့တဲ့ရတနာပုံမ်ရွှေမြို့တော်(မန္တလေး)မြို့တည်နန်းတည်နှစ်(၁၆၀)ပြည့်အခမ်းအနားကိုမြန်မာတော်ဝင်အနွယ်တော်များအစည်းအရုံးကဦးဆောင်ပြီးဒီကနေ့နံနက်ပိုင်းကမန္တလေးနန်းမြို့တွင်းမြနန်းစံကျော်ရွှေနန်းတော်အရှေ့စမုခ်ဆောင်မှာကျင်းပပြုလုပ်ခဲ့ပါတယ်။   ရတနာပုံမ်ရွှေမြို့တော်(မန္တလေး) မြို့တည်နန်းတည်နှစ်(၁၆၀)ပြည့်အနေ့ဖြင့်ပင့်သံဃာ(၁၀၈)ပင့်ဖိတ်ကာလှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခြင်း၊နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းများပြုလုပ်ခဲ့ပါတယ်။   နှစ်(၁၆၀)ပြည့်ပွဲတော်ကိုမေလ(၂၄)ရက်နေ့မှမေလ(၂၆)ရက်နေ့အထိ၃ရက်ကျင်းပသွားမှာဖြစ်ပါပြီးပထမနေ့တွင်မြနန်းစံကျော်ရွှေနန်းတော်ကြီးပေါ်တွင်ပင့်သံဃာ(၁၀၈)ပါးအားဆွမ်းကပ်လှူဒါန်းပူဇော်ခြင်း၊ညနေပိုင်းတွင်နှစ်၁၆၀ပြည့်အထိမ်းအမှတ်မုခ်ဦးဖွင့်လှစ်ခြင်း၊ဒုတိယနေ့ညနေပိုင်းတွင်မန္တလေးတောင်ခြေ၌ပင့်သံဃာ(၁၆၀)အားဆွမ်းဆန်စိမ်းလောင်းလှူခြင်း၊တတိယနေ့တွင်အမျိုးသားကဇာတ်ရုံမှာစာပေဟောပြောပွဲကျင်းပမယ့်အပြင်ပန်းချီပြပွဲ၊ဓာတ်ပုံပြပွဲ၊လူထုဖျော်ဖြေပွဲ၊ပျော်ပွဲရွှင်ပွဲများထည့်သွင်းကျင်းပသွားမှာဖြစ်ပါတယ်။   #voiceofmyanmar #မန္တလေး #နှစ်(၁၆၀)ပြည့်အခမ်းအနား #ရတနာပုံ #ရတနာပုံမ် #မန္တလေး #မြို့တည်နန်းတည်

Read More

ခြောက်လကြာ အမှုဖွင့်ထားပေမယ့် တရားစွဲတင်မှုမရှိသေးတာ လွှတ်တော်ကိုယ်စားလှယ်အမေဖြစ်နေလို့လား မေးခွန်းထုတ်စရာဖြစ်

ပန်းတောင်းမြို့၊ မေ -၂၃ – ၂၀၁၉ ဂျန်ကိုးလ် (VOM)   ပန်းတောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ရဲ့ အမေဖြစ်သူက ရေနွေးပူလောင်းတာ ခံခဲ့ရသူဟာ ရဲစခန်းမှာအမှုဖွင့်ထားတာ ၆လလောက် ကြာပြီဖြစ်ပေမယ့် ခုချိန်ထိ တရားရုံးကိုအမှု မစွဲတင်သေးဘူးလို့ သိရပါတယ်။   ပဲခူးတိုင်းအနောက် ပြည်ခရိုင် ပန်းတောင်းမြို့မှာ ၂၀၁၈ နိုဝင်ဘာ၂၄ ရက်က လွှတ်တော် ကိုယ်စားလှယ်ရဲ့မိသားစုပိုင်တဲ့ ရွှေဆိုင်မှာ အပ်ထားတဲ့ရွှေလက်စွပ်ကို ရွှေအရည်မပြည့်လို့ ပြန်ပြင်ခိုင်းထားရာကနေ ချိန်းထားတဲ့ရက်မတိုင်မီတရက်မှာ သွားရွေးတဲ့အခါ အိမ်ရှင်ဖြစ်သူ ဒေါ်ညွန့်ညွန့်က ဒေါ်မိုးသူဇာကို ရေနွေးပူနဲ့ လောင်းချခဲ့တာလို့ သိရပါတယ်။   ရေနွေးပူနဲ့လောင်းသူဟာ ပန်းတောင်းမြို့နယ် ပြည်သူ့လွတ်တော်ကိုယ်စားလှယ်ရဲ့အမေဖြစ်နေလို့ အမှုကြန့်ကြာနေရတာလို့ ကာယကံရှင် မိသားစုက သံသယဖြစ်နေပါတယ်။   အမှုကို ကိုင်တွယ်တဲ့နေတဲ့ အမှုစစ်အရာရှိ ဒုရဲအုပ်ပြည့်ဖြိုးဝင်းကတော့“ကျနော်တို့မှာလည်း အခြားအလုပ်ကိစ္စတွေ၊ တာဝန်တွေကြောင့် ကြန့်ကြာရခြင်းဖြစ်ပါတယ်။ ပြီးတော့ မမိုးသူဇာရဲ့ ရုပ်ဆင်းအင်္ဂါ…

Read More
VOM News

FREE
VIEW