အိန္ဒိယ၀န်ကြီးချုပ် မိုဒီနဲ့ တရုတ်သမ္မတ ရှီကျင်းပင်တို့ အလွတ်သဘော တွေ့ဆုံဆွေးနွေးမယ်

ဒေလီ၊ မေ-၂၉-၂၀၁၉

မျိုးဆက် (VOM)

 

အိန္ဒိ၀န်ကြီးချုပ်မိုဒီဟာ  အလွတ်သဘော ထိပ်သီးဆွေးနွေးပွဲ တရပ်အတွက် တရုတ်သမ္မတ ရှီကျင်းပင်ကို ဒီနှစ်ထဲမှာ လက်ခံတွေ့ဆုံမယ်လို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတဦးက မေ ၂၉ ရက်မှာ ပြောပါတယ်။

 

သူတို့ရဲ့ ပထမဆုံး အလွတ်သဘော ထိပ်သီးဆွေးနွေးပွဲကို ၂၀၁၈ ခုနှစ်က ၀ူဟန်မှာပြုလုပ်ခဲ့တာဖြစ်ပြီး ဒုတိယအကြိမ်ဆွေးနွေးဖို့အတွက် အိန္ဒိယကို လာဖို့ မိုဒီရဲ့ဖိတ်ကြားချက်ကို အဲဒီဆွေးနွေးပွဲမှာ တရုတ်သမ္မတရှီကျင်းပင်က လက်ခံခဲ့တာ ဖြစ်ပါတယ်။

 

ဆွေးနွေးပွဲအတွက် နေ့ရက်နဲ့နေရာကို အပြီးသတ် သတ်မှတ်ဖို့အတွက် သံတမန်လမ်းကြောင်းကတဆင့် နှစ်ဘက်ဆွေးနွေးမှုတွေ လုပ်ဆောင်နေတယ်လို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

 

တရုတ်နိုင်ငံဟာ အိန္ဒိယရဲ့ ရန်ဘက်ဖြစ်တဲ့ ပါကစ္စတန်နိုင်ငံနဲ့ အလွန်နီးကပ်တဲ့မိတ်ဆွေဖြစ်ပြီး ၂၀၁၇ ခုနှစ်က ဟိမ၀န္တာနယ်စပ်ပြသနာကြောင့် နှစ်နိုင်ငံစစ်ဘက်အကြား တင်းမာမှုတွေ ဖြစ်ပွားခဲ့ရပါတယ်။

 

အိန္ဒိယ၀န်ကြီးချုပ် မိုဒီဟာ ဂျပန်နိုင်ငံ အိုဆာကာမှာပြုလုပ်မယ့် ဂျီ-၂၀ ထိပ်သီးဆွေးနွေးပွဲပြင်ပမှာ နှစ်နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် တွေ့ဆုံဆွေးနွေးသွားဖွယ်ရှိတယ်လို့ အမည်မဖော်လိုတဲ့ သတင်းရင်းမြစ်တဦးက ထုတ်ဖော်ပြောဆိုပါတယ်။

Ref & Photo : Reuters

 

#voiceofmyanmar # အိန္ဒိယ၀န်ကြီးချုပ်မိုဒီနဲ့တရုတ်သမ္မတရှီကျင်းပင်တို့အလွတ်သဘော တွေ့ဆုံမယ် #အိန္ဒိယ  #ဒေလီ

Related posts

Leave a Comment

VOM News

FREE
VIEW