ရန်ကုန် ၊ မေ ၁၆ – ၂၀၁၉ သိင်္ဂီ (VOM) ရန်ကုန်မြို့မှာရှိတဲ့ CNG ဆိုင်တွေမှာ ကားတွေ အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်းနေရတာဟာ လျှပ်စစ်မီးပြတ်တောက်မှုကြောင့်ဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) တွဲဖက်အတွင်းရေးမှူး ဦးလှအောင်ကပြောပါတယ်။ “ဒီဆိုင်တွေမှာရှိတဲ့ ပန့်တွေ စနစ်တွေက လျှပ်စစ်ပေါ်ကိုအခြေခံတာဖြစ်တယ်။ဒါကြောင့်အရံအနေနဲ့ မီးစက်တွေ ထားရှိရမယ်။ မီးစက်ပါဝါက လျှပ်စစ်ပါဝါလောက် ပြည့်ပြည့်ဝဝမရတော့ အဲ့မှာ ကားတွေကြန့်ကြာကုန်တယ်။ မီးပြတ်တာနဲ့ စက်တွေနှိုးလုပ်တာက နာရီဝက်လောက်ကြာတယ်။ ဒါပေမယ့် ကားအစီးရေလည်းများရော အချိန်တွေက ငါးနာရီ၊ ခုနစ်နာရီလောက်ကြာသွားတယ်။”လို့ ဦးလှအောင်က ပြောပါတယ်။ ဒါကြောင့် ရန်ကုန်မြို့ရဲ့ CNG ဆိုင်တွေမှာ ကားတွေ အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်းရတဲ့ကိစ္စကို ဖြေရှင်းဖို့ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့ဌာနနဲ့ ညှိနှိုင်းပြီး CNG ဆိုင်အားလုံးမှာ…
Read MoreMonth: May 2019
TNLA အထွေထွေအတွင်းရေးမှူးနဲ့တွေ့ဆုံမေးမြန်းခန်း အပိုင်း (၂)
အပစ်ခတ်ရပ်စဲရေး သဘောတူညီချက်လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ NCA မှာ ဘယ်ဟာက အဖုအထစ်ဖြစ်နေသလဲ၊ စစ်ရေးနဲ့နိုင်ငံရေး ဘယ်ဟာကို အရေးကြီးဆွေးနွေးရမလဲ၊ NRPC ရဲ့အခန်းကဏ္ဍကရော ဘယ်လောက်အရေးပါသလဲဆိုတာ သိရနိုင်ဖို့ PSLF/TNLA အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးချုပ် တားဘုန်းကျော်ကို VOM သတင်းဌာနက ကိုနေလင်းကနေ တွေ့ဆုံ မေးမြန်းထားပါတယ်။ #VoiceofMyanmar #TNLA #PSLF #NCA
Read Moreမြောက်ကိုရီးယားနိုင်ငံသား လေးဆယ်ရာခိုင်နှုန်း စားနပ်ရိက္ခာ အရေးပေါ်လိုအပ်နေ
ပြုံးယမ်း၊ မေ-၁၆ – ၂၀၁၉ မျိုးဆက် (VOM) မြောက်ကိုရီးယားနိုင်ငံမှာ နှစ်ပေါင်း ၃၇ နှစ်အတွင်း အဆိုးရွားဆုံး မိုးခေါင်မှုနဲ့ ရင်ဆိုင်နေရပြီး မိုးခေါင်တာကြောင့် ကောက်ပဲသီးနှံပျက်စီးတာတွေကို ထိန်းသိမ်းလုပ်ဆောင်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။ မြောက်ကိုရီးယားနိုင်ငံသား ၁၀ သန်းကျော်ဟာ စားနပ်ရိက္ခာ အထောက်အပံ့ အရေးပေါ်လိုအပ်နေတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ပြီး မကြာခင်မှာဘဲ ရာသီဥတုကြောင့် ကောက်ပဲသီးနှံတွေပျက်စီးတာနဲ့ပတ်သက်တဲ့ မြောက်ကိုရီးယားရဲ့ သတိပေးချက် ထွက်ပေါ်လာတာဖြစ်ပါတယ်။ မြောက်ကိုရီးယားနိုင်ငံသားတစ်ဦး တစ်နေ့တာစားသုံးတဲ့အစားအစာပမာဏဟာ ၁၀ ဒသမ ၅ အောင်စလောက်သာ စားသုံးပြီး အသက်ရှင်နေရတယ်လို့ ကုလသမဂ္ဂရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ၁၉၉၀ ပြည့်နှစ်တွေအတွင်းကလည်း အစာရေစာအကြီးအကျယ် ခေါင်းပါးမှုကြောင့် မြောက်ကိုရီးယားနိုင်ငံသား သိန်းချီသေဆုံးခဲ့ရပြီး ဒီနှစ်မှာလည်း ကောက်ပဲသီးနှံအထွက်နည်းသလို ပျက်ဆီးမှုတွေက နိုင်ငံအနှံဖြစ်ပွားနေပါတယ်။ မြောက်ကိုရီးယားရဲ့ ကောက်ပဲသီးနှံအထွက်နှုန်းဟာ…
Read Moreကုလအရာရှိ မစ္စအာရ်ဆူလာမြူလာ စစ်ဘေးရှောင်စခန်းတွေကို သွားရောက်ခွင့် မရရှိတဲ့အပေါ် အစိုးရကိုဝေဖန်
စစ်တွေ၊ မေ ၁၆-၂၀၁၉ ခိုင်လင်းစံ (VOM) ပြီးခဲ့တဲ့မေလ ၁၂ ရက်နေ့နဲ့ ၁၃ ရက်နေ့တွေမှာ ရခိုင်ပြည်နယ်အတွင်း ရောက်ရှိလာခဲ့တဲ့ ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ လက်ထောက်အထွေထွေအတွင်းရေးမှူးနဲ့ အရေးပေါ်ကယ်ဆယ်တုံ့ပြန်ရေးဆိုင်ရာ ဒုတိယညှိနှိုင်းရေးမှူး မစ္စအာရ်ဆူလာမြူလာတို့ကို စစ်ဘေးရှောင်ကယ်ဆယ်ရေးစခန်းတွေမှာ သွားရောက်လေ့လာခွင့်မပေးတဲ့အပေါ် လူမှုအဖွဲ့အစည်းတွေက အစိုးရကိုဝေဖန်မှုတွေ ရှိနေပါတယ်။ အခုလိုမျိုး တိုက်ပွဲဖြစ်ပွားပြီး ဒေသခံတိုင်းရင်းသားမျိုးနွယ်စုတွေ ရင်ဆိုင်နေရတဲ့အခက်အခဲတွေကို ဖုံးကွယ်ထားချင်တဲ့ သဘောနဲ့ ကုလသမဂ္ဂရဲ့အကြီးအကဲကို ကယ်ဆယ်ရေးစခန်းတွေဆီ သွားရောက်ဖို့အတွက် လုံခြုံရေးစိုးရိမ်ရတယ်ဆိုတဲ့ အကြောင်းပြချက်ကိုပေးတာသာဖြစ်တယ်လို့ ထောက်ပြဝေဖန်မှုတွေ ရှိနေတာဖြစ်ပါတယ်။ “သူတို့သတင်းတွေကို ဖုံးဖိထားချင်တယ်လို့ မြင်တယ်။ ဒါဟာ ကောင်းတဲ့လက္ခဏာမဟုတ်ဘူး။ စစ်ဖြစ်နေတဲ့ဧရိယာကို သွားတာလည်းမဟုတ်ဘူး။ စစ်ဘေးဒုက္ခသည်တွေရှိနေတဲ့ နေရာကို သွားတာပေါ့။ အနီးစပ်ဆုံးနေရာတစ်ခုကိုတော့ သွားခွင့်ပြုသင့်တယ်လို့ မြင်တယ်။” လို့ ဝံလက်ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်း ဒါရိုက်တာအဖွဲ့ဝင် ဦးခိုင်ကောင်းစံကပြောပါတယ်။ ရခိုင်ပြည်နယ်အတွင်း စစ်ဘေးရှောင်ဒုက္ခသည်ပေါင်း…
Read Moreဒီနှစ် ဘဏ္ဍာနှစ် ခုနစ်လကျော်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ သန်း နှစ်ထောင်ကျော်ရှိ
ရန်ကုန် ၊မေ ၁၆ – ၂၀၁၉ သိင်္ဂီ (VOM) ဒီနှစ် ဘဏ္ဍာနှစ်ရဲ့ ၇ လကျော်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပေါင်းအမေရိကန်ဒေါ်လာ သန်းနှစ်ထောင်ကျော် ခွင့်ပြုပေးခဲ့တယ်လို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်တင်အေးဟန်က ပြောပါတယ်။ ဒီရင်းနှီးမြှုပ်နှံမှုဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁ ရက်ကနေ ၂၀၁၉ခုနှစ် မတ်လ ၁၅ ရက်အနေ့အထိ အသစ်ဝင်ရောက်လာတဲ့ ရင်းနှီးမြှုပ်နှံမှုပမာဏနဲ့ ရှိပြီးသားရင်းနှီးမြှုပ်နှံမှုအပေါ်ထပ်တိုးတဲ့ ပမာဏတွေဖြစ်ပါတယ်။ “အထူးစီးပွားရေးဇုန်ရော ၊ထပ်တိုးရင်းနှီးမြှုပ်နှံမှုရော၊ အသစ်ဝင်လာတာရောဆိုရင် အမေရိကန်ဒေါ်လာ ၂၅၆၈.၆၃၃ ရှိပြီ။” လို့ ဒေါ်တင်အေးဟန်က ပြောပါတယ်။ ကာလတူနှိုင်းယှဉ်ချက်အနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် အောက်တိုဘာကနေ ၂၀၁၈ ခုနှစ် မေလအထိ ဝင်ရောက်ခဲ့တဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏထက် အမေရိကန်ဒေါ်လာ သန်း ၁၀၀၀…
Read Moreမိုးသက်လေပြင်းကြောင့် ဒုက္ခသည်စခန်း ပျက်စီးမှုဖြစ်
မြောက်ဦး၊ မေ ၁၆ -၂၀၁၉ ခိုင်လင်းစံ(VOM) ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်အတွင်းမှာ မနေ့က (မေ ၁၅ ရက်) မိုးသက်လေပြင်းကျရောက်ခဲ့တဲ့အတွက် စင်္ဘောကိုင်း ဒုက္ခသည်စခန်းက တဲအိမ်တွေပျက်စီးသွားခဲ့ပါတယ်။ “ညနေပိုင်းမှာ ရုတ်တရက်မိုးတွေရွာပြီးတော့ လေတိုက်တယ်။ လေကတော်တော်လေးကို ပြင်းပါတယ်။ ဒါကြောင့် ဒုက္ခသည်တွေနေတဲ့ တဲတွေပျက်စီးသွားပါတယ်။ စခန်းတစ်ခုလုံးပါပဲ။”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ အဲ့ဒီ ဒုက္ခသည်စခန်းဟာ မြောက်ဦးမြို့ရဲ့ အရှေ့မြောက်ဘက် လေးမြို့မြစ်အထက်ပိုင်းမှာရှိပြီး လူဦးရေ ၃၀၀၀ ကျော်နေထိုင်တဲ့စခန်းတစ်ခုဖြစ်ပါတယ်။ ယာယီတဲအိမ်ပေါင်း ၃၅၀ ခန့်ရှိပြီး အားလုံးပျက်စီးသွားခဲ့တာပါ။ ” လေတိုက်ပြီးတော့ ခေါင်မိုးတွေလန်သွားတယ်။ အကာနံရံတွေကွာကျသွားတယ်။ ပြင်လို့ရတဲ့ဟာတွေကိုတော့ ပြင်ထားပါပြီ။ လောလောဆယ် နေထိုင်လို့ရအောင်အတွက်ပါ။ လုံးဝပျက်စီးသွားတာကတော့ ၃၅ ဆောင်ဖြစ်ပါတယ်။”လို့ စခန်းတာဝန်ခံ မြတန်ဆောင်းဆရာတော်ကပြောပါတယ်။ လုံးဝပျက်စီးသွားတဲ့ တဲအိမ် ၃၅…
Read MoreTNLA အထွေထွေအတွင်းရေးမှူးနဲ့တွေ့ဆုံမေးမြန်းခန်း အပိုင်း (၁)
အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းရေ ဗဟိုဌာန (NRPC) နဲ့ အပစ်ခတ်ရပ်စဲရေးလက်မှတ် မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ ကချင်ပြည် လွတ်မြောက်ရေးအဖွဲ့ KIO, မြန်မာနိုင်ငံ အမှန်တရားနှင့် တရားမျှတသော အမျိုးသားပါတီ MNTJP, ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF/TNLA , ရခိုင်အမျိုးသားအဖွဲ့ချုပ် ULA တို့ဟာ ပြီးခဲ့တဲ့ ဧပြီ ၃၀ ရက်နေ့တုန်းက မူဆယ်မြို့မှာ တွေ့ဆုံဆွေးနွေး ခဲ့ကြပါတယ်။ အဲ့ဒီ ဆွေးနွေးပွဲကြောင့် ဘာတွေ အကျိုးရှိခဲ့လဲ အပစ်ခတ်ရပ်စဲရေး သဘောတူညီချက်ရဲ့ အလားအလာ ဘယ်လိုရှိမလဲ၊ ငြိမ်းချမ်းရေးရဖို့ နီးစပ်နေပြီလား၊ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ သဘောထားက ဘယ်လိုရှိနေလဲ၊ စတာတွေနဲ့ ပတ်သက်ပြီး သိရနိုင်ဖို့ PSLF/TNLA အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးချုပ် တားဘုန်းကျော်ကို VOM သတင်းဌာနက ကိုနေလင်းကနေ တွေ့ဆုံ မေးမြန်းထားပါတယ်။ #VoiceofMyanmar #TNLA #PSLF…
Read Moreအမြန်လမ်းတိုးဂိတ်တွေက ရရှိတဲ့ငွေကြေးကို စာရင်းရှင်းတမ်း ထုတ်ပြန်ပေးဖို့ မေးခွန်းတင်
နေပြည်တော်၊မေလ -၁၅ ၊ ၂၀၁၉ ဒီပ(နေပြည်တော်) မိတ္ထီလာမြို့ကနေ နေပြည်တော်ကိုသွားနေတဲ့ အမြန်လမ်းအ၀င်ဂိတ်က ကောက်ခံရရှိနေတဲ့ ငွေကြေးတွေကို နိုင်ငံတော်ရဲ့ဘယ်ကဏ္ဍတွေမှာ အသုံးပြုနေသလဲဆိုတာ စာရင်းရှင်းတမ်း ထုတ်ပေးဖို့ ဒီနေ့ ကျင်းပခဲ့တဲ့အမျိုးသားလွှတ်တော်အစည်းအဝေးမှာ ချင်းပြည်နယ် အမှတ်(၈)မဲဆန္ဒနယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမာန်လောမောင်းက မေးခွန်းထုတ်ခဲ့ပါတယ်။ အမြန်လမ်းပေါ်က ကံကောင်း Mini Toll Gate Class လမ်းမကြီးအသုံးပြုခ (၁၀၀၀)ကျပ်နဲ့ လမ်းဦးစီးဌာနက (၂၀၀၀)ကျပ်နှုန်း ကောက်ခံနေတဲ့ ငွေကြေးကို စာရင်းရှင်းတမ်းထုတ်ပေးဖို့ ပြောတာပါ။ “နေပြည်တော်မြို့အ၀င်ဂိတ်များက မြို့ဝင်ကြေးများကောက်ခံနေခြင်းမှာ လမ်းဦးစီဌာနနဲ့ သက်ဆိုင်ခြင်းမရှိပါဘူး။ နေပြည်တော် စည်ပင်သာယာရေးက်ာမတီကသာ ကောက်ခံနေခြင်းဖြစ်ပါတယ။်”လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်လင်းက ပြောပါတယ်။ ဒါ့အပြင် ၂၀၀၉-၂၀၁၀ ခုနှစ်ကနေ ၂၀၁၈-၁၉ မီနီဘဏ္ဍာရေးနှစ်ကုန်အထိ ဂိတ်ကြီး (၆)ဂိတ်နဲ့ မီနီဂိတ်(၁၃)ခုက စုစုပေါင်းကာက်ခံရရှိငွေ (၁၁၅ ဒသမ ၇၄)ဘီလီယံကျပ်နဲ့ လမ်းအသုံးပြုခ နေ့စဉ်ဝင်ငွေတွေကို…
Read Moreတစ်သျှူးငှက်ပျောစိုက်ပျိုးနေမှု ပြည်ထောင်စုအဆင့်က အလေးအနက် ကိုင်တွယ်စေဖို့ လွှတ်တော်ကိုယ်စားလှယ်မေးခွန်းတင်
နေပြည်တော်-မေ-၁၅၊ ၂၀၁၉ ဒီပ(နေပြည်တော်) ကချင်ပြည်နယ်အတွင်း တစ်သျှူးငှက်ပျောစိုက်နေမှု ပြည်ထောင်စုအဆင့်က အလေးအနက်ကိုင်တွယ်စေဖို့အတွက် ဒီကနေ့ပြုလုပ်ခဲ့တဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးမှာကချင်ပြည်နယ် အမှတ်(၁၁) မဲဆန္ဒနယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခွန်ဝင်းသောင်းက မေးခွန်းထုတ်ခဲ့ပါတယ်။ “မြေပြင်မှာမရှင်းမလင်းဖြစ်နေတာရယ်၊ အချို့က သစ်တောမြေတွေမှာစိုက်ပျိုးကြတာဖြစ်ပြီး အချို့ကမြေလွတ်မြေလပ်မှာ စိုက်ပျိုးနေကြလို့ စိုက်ပျိုးရေး၊မွေးမြူရေးဌာနတို့လို အစိုးရဌာနများနဲ့ ညှိနှိုင်းပြီး ကချင်ပြည်နယ်နှင့် အခြားသော ဆက်စပ်ဒေသတို့မှာ တစ်သျှူးငှက်ပျော တိုးချဲ့မစိုက်ပျိုးဖို့အတွက်ကြေငြာချက်တွေ၊ လမ်းညွှန်ချက်တွေ စနစ်တကျချကာ ထိထိမိမိ တားမြစ်လုပ်ဆောင်နိုင်ဖို့ ပြည်ထောင်စုအဆင့်အနေနဲ့ အလေးအနက် ကိုင်တွယ်ပေးဖို့ အစီအစဉ်ရှိမရှိမေးမြန်းလိုပါတယ်။”လို့ ဒေါက်တာခွန်ဝင်းသောင်းက ပြောခဲ့တာပါ။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးဒေါက်တာရဲမြင့်ဆွေက ကချင်ပြည်နယ် သစ်တောဥပဒေအရ ကြိုးဝိုင်း၊ကြိုးပြင် ကာကွယ်တောအတွင်းမှာ လာရောက်ကျူးကျော်နေတဲ့ တစ်သျှူးငှက်ပျောစိုက်ခင်းတွေကို သစ်တောဥပဒေအရ အရေးယူပြီးဖြစ်တယ်လို့ပြောပါတယ်။ “အခုလ(၁၄)ရက်နေ့အထိနောက်မှတ်တမ်းများအရ ထပ်မံစိုက်ပျိုးဖို့ ထွန်ယက်ပြင်ဆင်ထားတဲ့ ပျိုးထောင်ထားတဲ့ ပုံများတွေ့နေရပါတယ်။ ကချင်ပြည်အစိုးရရဲ့ တားမြစ်ချက်တွေထဲမှာ လက်ရှိစိုက်ဧကကို မတိုးချဲ့ဖို့ဆိုပေမယ့် ကုမ္ပဏီတို့ရဲ့ လုပ်ဆောင်ချက်တွေက လက်ရှိဧကအတွက်လား၊…
Read Moreအီရန်နဲ့ စစ်ဖြစ်ဖို့ လုပ်ဆောင်နေတာမရှိဘူးလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဆို
မော်စကို၊ မေ-၁၅-၂၀၁၉ မျိုးဆက် (VOM) အမေရိကန်နဲ့ အီရန်နိုင်ငံတို့အကြား တင်းမာမှုတွေ အလျင်အမြန်မြင့်တက်နေချိန်မှာ အီရန်နဲ့ စစ်ဖြစ်ဖို့ အမေရိကန်က လုပ်ဆောင်နေတာမရှိဘူးလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက ပြောပါတယ်။ အီရန်ကို ပုံမှန်နိုင်ငံတစ်ခုအဖြစ် ပြုမူနေထိုင်ဖို့အတွက်ကို အမေရိကန်က လုပ်ဆောင်နေတာဖြစ်ပြီး အကျိုးစီးပွားကိုထိခိုက်အောင် တိုက်ခိုက်လာမယ်ဆိုရင်တော့ ပြန်လည်တုံ့ပြန်သွားမှာဖြစ်တယ်လို့ ရုရှားကိုရောက်နေတဲ့ မိုက်ပွန်ပီယိုက ပြောပါတယ်။ ဒီအတောအတွင်းမှာလည်း အီရန် ဘာသာရေးခေါင်းဆောင် ခါမေနီက အီရန်ဟာ အမေရိကန်နဲ့ စစ်ဖြစ်မှာမဟုတ်ဘူးလို့ ထုတ်ဖော်ပြောဆိုထားပါတယ်။ ပြီးခဲ့တဲ့ အပတ်က ပင်လယ်ကွေ့ဒေသကို လေယာဉ်တင်သင်္ဘောနဲ့ ဗုံးကြဲလေယာဉ်တွေကို အမေရိကန်က စေလွှတ်ခဲ့ပါတယ်။ နှစ်နိုင်ငံအကြား တင်းမာမှုတွေ ထပ်မံမြင့်တက်စေနိုင်တဲ့ နောက်ထပ်အကြောင်းအရာတစ်ခုကတော့ အာရပ်စော်ဘွားများပြည်ထောင်စုက ရေနံတင်သင်္ဘောလေးစင်းဟာ မေ ၁၂ ရက်က တိုက်ခိုက်ခံခဲ့ရပြီး ဒီဖြစ်စဉ်မှာ အီရန် ဒါမှမဟုတ် အီရန်ထောက်ပံ့ပေးထားတဲ့…
Read More