ဇီးကုန်း မေ ၁၁-၂၀၁၉ မိုးယံ (VOM) ပဲခူးတိုင်း ဇီးကုန်းမြို့ ခရိုင်ကညနက ယာဉ်လိုင်စင်ပြုလုပ်ပေးရာမှာ ငွေကြေးကောက်ခံမှုတွေ ရှိခဲ့တယ်လို့ ယာဉ်လိုင်စင်ပြုလုပ်သူတွေက ပြောပါတယ်။ “ ဒီနေ့ နံက် ၉ နာရီလောက်က ယာဉ်လိုင်စင်ပြုလုပ်ဖို့ ခန်းမ ထဲကိုလာခဲ့ပါတယ် အဲဒီမှာ လိုင်စင်လုပ်ဖို့ စာရင်းပေးတော့ စာရင်းကိုင်တဲ့သူက ငွေသုံးထောင် အပိုပေးလို့ပြောတယ် ။ ကျွန်တော်တို့က ဘာအတွက်လဲ ဘာကြောင့်တောင်းတာလဲမေးတော့ ခရိုင် ကညန က ဝန်ထမ်းတွေ စားဖို့သောက်ဖို့ အတွက် တောင်းတာပါလို့ပြောပါတယ် ။ ကျွန်တော် တို့ယာဉ်လိုင်စင် လုပ်ဖို့လာတဲ့သူတွေ အကုန် တစ်ယောက် သုံးထောင် ပေးခဲ့ရပါတယ်” လို့ ယာဉ်လိုင်စင်လုပ်ခဲ့တဲ့ ဦးမင်းမင်းက ပြောပါတယ်။ ဒီအထွက် ငွေလက်ခံပြေစာလည်း ထုတ်မပေးဘူးလို့ သိရပါတယ်။ ဒီကိစ္စကို ဇီးကုန်းမြို့နယ် မော်တော်ယာဉ် အသင်း ဒုဥက္ကဠ ဦးအောင်ဇော်တင့်ရှင်းပြတာက…
Read MoreMonth: May 2019
ကချင်ပြည်နယ်စစ်ရှောင်စခန်း ၂ ခုသို့ လူသားချင်းစာနာမှုအရေးကိစ္စများဆိုင်ရာ ကုလသမဂ္ဂ လက်ထောက်အထွေထွေ အတွင်းရေးမှူး ကွင်းဆင်းစစ်ဆေး
မြစ်ကြီးနား မေ ၁၁-၂၀၁၉ ရန်အောင်ထွန်း (VOM) ကချင်ပြည်နယ်ကမြစ်ကြီးနားမြို့ကို မေလ ၁၀ ရက်နေ့ မွန်းလွဲပိုင်းက ရောက်ရှိလာတဲ့ လူသားချင်း စာနာမှု အရေးကိစ္စများဆိုင်ရာ ကုလသမဂ္ဂ လက်ထောက်အထွေထွေ အတွင်းရေးမှူး မစ္စအာရ်ဆူလာမြူလာ ပါဝင်တဲ့ အဖွဲ့ဟာ မိုင်းနားကျေးရွာနှင့် ငွေပျော်စံပြကျေးရွာက စစ်ရှောင်စခန်းတွေဆီ ကွင်းဆင်းမယ်လို့ သိရပါတယ်။ လူသားချင်းစာနာမှု အရေးကိစ္စများ ဆိုင်ရာ ကုလသမဂ္ဂ လက်ထောက်အထွေထွေ အတွင်းရေးမှူးနှင့် အရေးပေါ်ကယ်ဆယ်တုံ့ပြန်ရေးဆိုင်ရာ ဒုတိယ ညှိနှိုင်းရေးမှူးအနေနဲ့ မေလ ၉ ရက်ကနေ ၁၅ ရက် အထိ ရန်ကုန်၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် နေပြည်တော် ခရီးစဉ်သွားရောက်မှာဖြစ်ပါတယ်။ #voiceofmyanmar #ကချင်ပြည်နယ် #UN # ကုလသမဂ္ဂ # လက်ထောက်အထွေထွေအတွင်းရေးမှူး #ကချင်စစ်ရှောင်စခန်း
Read Moreဧရာဝတီမြစ်ကိုပြန်တိုက်ယူမယ်လို့ ပြည်မြို့က နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ချို့ဟြေ
ပြည်- မေလ ၁၁ -၂၀၁၉ လမင်း (VOM) ဧရာဝတီမြစ်ဆုံစီမံကိန်းနဲ့ပက်သက်ပြီး ဧရာဝတီမြစ်ကို ပြန်ရွေးမယူဘဲ ပြန်တိုက်ယူမယ်လို့ ပြည်မြို့ကနိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ချို့က မေလ ၁၀ ရက်နေ့ကပြုလုပ်တဲ့မြစ်ဆုံစီမံကိန်းဖျက်သိမ်းရေး တောင်းဆိုပွဲမှာဟြေကြားခဲ့ပါတယ် ။ “ခေါင်းစဉ်ကြီးတပ်လိုက်ကတည်းက ဧရာဝတီမြစ်ကိုပြန်ရွေးမယ်တဲ့ ကျွန်တော်တို့ကဧရာဝတီမြစ်ကိုပြန်ရွေးမှာမဟုတ်ဘူး ရှင်းရှင်းဟြေမယ်ဗျာ တရားမ၀င်တဲ့အစိုးရလက်ထက်မှာလုပ်သွားတဲ့ဟာကို ပြန်တိုက်ယူမယ်လို့” ပြည်မြို့ကနိုင်ငံရေးတက်ကြွလှုပ်ရှားသူကိုဝင်းလှိုင်ကဟြေပါတယ် ။ မြစ်ဆုံစီမံကိန်းဖျက်သိမ်းရေးတောင်းဆိုပွဲကို ပြည်မြို့မှာ မေလ ၁၀ ရက်နေ့ ည ၆ နာရီခွဲခန့်က ဗိုလ်ချုပ်မြင်းစီးကျောက်ရုပ်ရှေ့မှာ စတင်ပြုလုပ်ခဲ့ပြီး နိုင်ငံရေးတက်ကြွလှုပ်ရှားသူများမှ မြစ်ဆုံစီမံကိန်းဖျက်သိမ်းရမယ့်အကြောင်း ဟောဟြေလှူံ့ဆော်ခဲ့ကြပါတယ် ။ ဧရာဝတီမြစ်ဆုံအား ပြန်လည်ရွေးယူရန် လူတစ်ယောက်လျှင်ဒေါ်လာတစ်ရာ ပေးဆောင်ရန်ဟြေကြားခဲ့သည့်အပေါ် သခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက် ပြည်ခရိုင်က ဦးချစ်ဆောင်ဦးက “ အဲ့ဒါကိုကျွန်တော်တို့ကသဘောမတူဘူး လူတစ်ယောက်ကဒေါ်လာတစ်ရာပေးရမယ်မြစ်ဆုံကိုပြန်ရွေးဖို့ ကျွန်တော်တို့မှာရွေးစရာမလိုဘူးဗျာ့ ကျွန်တော်တို့ချုပ်ခဲ့တဲ့စာချုပ်မဟုတ်ဘူးအရင်အစိုးရကနေပြီးတော့ရင်တာဝန်မဲ့စွာချုပ်ခဲ့တဲ့စာချုပ်ဖြစ်တယ် အဲ့တော့သူတို့ကသူတို့ပြန်လျော်ပါလားဗျာ” လို့ဟြေပါတယ်…
Read Moreအပူချိန် မြင့်တက်လာမှုကြောင့် ဇေယျာသီမြို့နယ် ကျေးရွာအများအပြားမှာ ရေရှားပါးမှုပြဿနာများ ကြုံတွေ့နေရ
နေပြည်တော်၊မေ ၁၁ -၂၀၁၉ ဒီပ(နေပြည်တော်) ၂၀၁၉ခုနှစ် ဧပြီလနဲ့မေလအတွင်း မြန်မာနိုင်ငံအနှံ့အပြား အပူချိန်မြင့်တက်လာမှုကြောင့် ရေရှားပါးမှုပြဿနာများနဲ့ ကြုံတွေ့နေရသလို နေပြည်တော် ဇေယျာသီရိမြို့နယ် ကျေးရွာအများအပြားမှာလည်း ယင်းကဲ့သို့ ရေရှားပါးမှုများနဲ့ ကြုံတွေ့နေရကြောင်း ဒေသခံများထံကနေ သိရပါတယ်။ “ကျွန်တော်တို့ရွာမှာ ရေးရှားပါးမှုပြဿနာကတော့ တော်တော်လေးဆိုးနေတာ အပူချိန်တွေကလည်း မြင့်တက်လာတယ် ရေတွင်းနေလည်း တစ်စက်မှကိုမရှိတော့တာ အရင်(၁၀)နှစ်လောက်ကထက် ဒီနှစ်ကပိုပြီးတော့ကို အခြေအနေဆိုးလာတယ်”ဟု နန်းသြကျေးရွာအုပ်စု ဥယျာဉ်အရှေ့ရွာဒေသခံ ဦးသန်းလွင်ကပြောပါတယ်။ ကမ္ဘာအနှံ့ ဆယ်စုနှစ်ကာလ (သို့မဟုတ်) ရာစုနှစ်ချီပြီး ပြောင်းလဲသွားတဲ့ ရာသီဥတုဖြစ်စဉ် (Climate Change)ကြောင့် မြန်မာနိုင်ငံရဲ့ အသားတင်ရငွေ ၂ဒသမ၅ရာခိုင်နှုန်းဟာ ဘေးအန္တရာယ်ကြောင့် ဆုံးရှုံးနေရတယ်လို့ မြန်မာနိုင်ငံ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပူးပေါင်းအဖွဲ့(MCCA)ရဲ့ မှတ်တမ်းများအရ သိရပါတယ်။ နန်းသြအုပ်စုမှာ ရွာပေါင်းလေးရွာရှိပြီးတော့ ဥယျာဉ်အရှေ့ရွာမှာ အိမ်ထောင်စုပေါင်း…
Read Moreအဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်(မန္တလေးရုံးခွဲ) စတင်ဖွင့်လှစ်
မန္တလေး၊ မေ ၁၁-၂၀၁၉ ဟိန်းကို(VOM) မန္တလေးတိုင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်(မန္တလေးရုံးခွဲ) ကို ဒီကနေ့ မနက်ပိုင်းက ချမ်းမြသာစည်မြို့နယ်၊ တမ္ပဝတီရပ်မှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။ စတင်ဖွင့်လှစ်တဲ့ မနက်ပိုင်းမှာပဲ မန္တလေးတောင်ခြေ အာရုံခံဥယျာဉ်က ဈေးသည်(၂)ဦးက လာရောက်တိုင်ကြားမှု ပြုလုပ်ခဲ့ပါတယ်။ #voiceofmyanmar #မန္တလေး #အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်(ရုံးခွဲ)ဖွင့်#
Read Moreလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ပတ်သက်ပြီး စရဖ အဖွဲ့ရဲ့ ဆောင်ရွက်ချက်အပေါ် ကိုယ်စားလှယ်တွေရဲ့အမေး ကာကွယ်ရေးဒုဝန်ကြီးဖြေ
နေပြည်တော်၊ မေ-၁၀-၂၀၁၉ ဒီပ(နေပြည်တော်) လွှတ်တော်ကိုယ်စားလှယ်များရဲ့ လှုပ်ရှားမှုများအပေါ် စစ်ဖက်ဆိုင်ရာ လုံခြုံရေးအဖွဲ့များ(စရဖ)၏ ဆောင်ရွက်ချက်များဟာ လွတ်လပ်မှုကို ချိုးဖောက်ရာမရောက်ဘူးလို့ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးဖြစ်တဲ့ ဗိုလ်ချုပ်မြင့်နွယ်က ပြောကြားလိုက်ပါတယ်။ မေလ(၁၀)ရက်နေ့က ပြုလုပ်ခဲ့တဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ကော့သောင်းမဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဦးခင်ဇော်ကနေ လွှတ်တော်ကိုယ်စားလှယ်များရဲ့ လှုပ်ရှားမှုများအပေါ်မှာ စစ်ဘက်ဆိုင်ရာ လုံခြုံရေးအဖွဲ့များရဲ့ ဆောင်ရွက်ချက်တွေဟာ ဥပဒေနဲ့ ညီညွှတ်ခြင်းရှိမရှိနှင့် စပ်လျဉ်းသည့်မေးခွန်းကို မေးမြန်းခဲ့တာဖြစ်ပြီး ကာကွယ်ရေးဝန်ကြီးဌာနက အခုလို ပြန်လည် ဖြေကြားခဲ့ခြင်းဖြစ်ပါတယ်။ ဦးခင်ဇော်က “ကာကွယ်ရေးဝန်ကြီးဌာဘက်ကနေ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်တယ်လို့ပြောပါတယ် ဒါပေမယ့် ဒီပုဂ္ဂိုလ်တွေကို ကျွန်တော်တို့ မေးမြန်းတဲ့အခါမှာ နာမည်ပဲပြောပြီး ကိုယ်ပိုင်နံပတ်မပြောပါဘူး အဲ့ဒါက ပွင့်လင်းမြင်သာစွာ ရှိမရှိဆိုတာ ၀န်ကြီးအနေနဲ့ ဖြေကြားလို့ရရင် ဖြေကြားပေးပါ” လို့ မေးခွန်းထုတ်ခဲ့ပါတယ်။ “အဓိကက လူသိရှင်ကြား…
Read Moreလက်မထပ်ရသေးခင် ချစ်သူကို ထုတ်မပြဘူးဆိုတဲ့ မအေးသောင်း
ရန်ကန် မေ ၁၀ -၂၀၁၉ သင်းသဒ္ဒါ (VOM) ပရိသတ်အချစ်တော် အေးဝတ်ရည်သောင်းကတော့ လက်မထပ်ရသေးခင် ချစ်သူကို ထုတ်မပြဘူးလို့ဆိုပါတယ်။ ”ချစ်သူဘ၀မှာတော့ ပေါက်စီအနေနဲ့ ပရိသတ်ကို ချပြဖို့တော့ အစီအစဉ်မရှိပါဘူး။ ပေါက်စီက ပြဿနာ မရှိပေမယ့် သူကတော့ မနေတတ်ဘူး။ သူများတွေရဲ့ ကိုယ့်အကြောင်း တစ်ခုခုလာပြောရင် ဒီ ပြောဆိုမှုတွေအ တွက် စိတ်ဖိစီးမှုတွေဖြစ်မှာ ကြောက်တယ်လေ။ပေါက်စီရဲ့ ချစ်သူမှန်းသိလို့ နေရခက်စိုးလို့ ဘယ်သူဆိုတာ ထုတ်မပြတာပါ။လူတွေ မသိလေ ပိုကြိုက်လေပေါ့။သူက ပေါက်စီထက် ပိုရှက်တတ်နေပါတယ်”လို့ဆိုပါတယ်။ သူမကတော့ မေ ၂၄ ရက်နေ့စပြမယ့် ဒါရိုက်တာ သားညီ ရိုက်ကူးပေးတဲ့ အချစ်ဒရာမာ ဇာတ်လမ်းဖြစ်တဲ့ ”ရင်ခွင်ရှင်းတမ်း” ရုပ်သံဇာတ်လမ်းတွဲမှာတော့ ဟိန်းဝေယံ ၊အုပ်သာကျော် ၊ ငြိမ်းသော် ၊ သွန်းဆက် ၊ ဟန်လေး၊ သီရိစိုးနဲ့…
Read Moreထိုင်ဝမ်အပေါ် သြဇာလွှမ်းမိုးရေး တရုတ်နိုင်ငံ လုပ်ဆောင်နေတယ်လို့ သမ္မတ ဆိုင်အင်းဝမ်ဆို
တိုင်ပေ၊ မေ-၁၀-၂၀၁၉ မျိုးဆက် (VOM) ထိုင်ဝမ်အပေါ် သြဇာလွှမ်းမိုးမှုရရှိဖို့နဲ့ စိမ့်ဝင်ထိုးဖောက်ဖို့အတွက် တရုတ်နိုင်ငံက အရှိန်မြှင့်လုပ်ဆောင်နေတယ်လို့ ထိုင်ဝမ်သမ္မတ ဆိုင်အင်းဝမ်က မေ ၁၀ ရက်က ပြောဆိုလိုက်ပြီး တရုတ်နိုင်ငံရဲ့ အားထုတ်လုပ် ဆောင်နေတာတွေကို တန်ပြန်ဖို့ ထိုင်ဝမ်အမျိုးသားလုံခြုံရေး ဌာနတွေကို ညွှန်ကြား ထားတယ်လို့သူမက ပြောပါတယ်။ ထိုင်ဝမ်ရွေးကောက်ပွဲတွေကို ၀င်ရောက်စွက်ဖက်ဖို့ ကြိုးစားတာတွေ သတင်းတုဖြန့်ဝေတဲ့ လှုပ်ရှားမှုတွေလုပ်ဆောင်ဖို့ အားထုတ်မှုတွေအပါအ၀င် သြဇာလွှမ်းမိုးရေး လှုပ်ရှားမှုတွေကို တရုတ်နိုင်ငံက လုပ်ဆောင်နေတယ်လို့ အမျိုးသားလုံခြုံရေး အစည်းအဝေးတစ်ရပ်အပြီးမှာ ဆိုင်အင်းဝမ်က သတင်းထောက်တွေကိုပြောပါတယ်။ တရုတ်နိုင်ငံက လုပ်ဆောင်နေတဲ့ လှုပ်ရှားမှုအသေးစိတ်ကို ထုတ်ဖော်ပြောဆိုတာ မရှိပေမယ့် တရုတ်နိုင်ငံရဲ့ လှုပ်ရှားမှုတွေကို ကိုင်တွယ်ဖို့ နည်းလမ်းတွေကို ထိုင်ဝမ်အမျိုးသား လုံခြုံရေးဌာနတွေက ရှာဖွေနေတယ်လို့ သူမကပြောပါတယ်။ ထိုင်ဝမ်အနေနဲ့ စစ်ရေးကျူးကျော်တာတွေကို တားဆီးသွားမှာဖြစ်ပြီး…
Read Moreဆန်သယ်ယူခွင့် ပိတ်လိုက်သည့် အတွက် ပလက်ဝမြို့တွင် ဆန်ပြတ်လပ်
ပလက်ဝ မေ ၁၀၊၂၀၁၉ မိုင်ချယ်ရီ (VOM) ချင်းပြည်နယ် တောင်ပိုင်း အစွန်ဆုံးမှာ တည်ရှိတဲ့ ပလက်ဝမြို့နယ်ကို ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ဖက်ကနေ ကုလာတန်မြစ်ကြောင်းအတိုင်း ဆန်သယ်ယူခွင့် ကို တပ်မတော်ဖက်ကနေ ပိတ်ထားတာကြောင့် ပလက်ဝမြို့ပေါ် ဆန်ဆိုင်တွေ မှာ ဆန်ပြတ်လပ်ပြီး ဆိုင်ပါပိတ်ထားလိုက်ရပြီ ဖြစ်တယ်လို့ ပလက်ဝမြို့ပေါ်က ဆန်ဆိုင် ပိုင်ရှင်တွေ ဆီကနေ သိရပါတယ်။ ပလက်ဝမြို့နယ် အတွင်းမှာ တပ်မတော် နဲ့ အေအေလက်နက်ကိုင်အဖွဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး ကျောက်တော်မြို့ကနေ ပလက်ဝမြို့ပေါ်အထိ ဆန်သယ်ယူမှုကို တပ်မတော်ဖက်ကနေ ပိတ်ထားတာပါ။ ဒီလို ပိတ်လိုက်တာကြောင့် ပလက်ဝမြို့ပေါ်ရှိတဲ့ ဆန်ဆိုင် ၆ ဆိုင်လုံးမှာ ရောင်းစရာ ဆန် မရှိတော့တာကြောင့် ဆိုင်တွေကို ဧပြီလ ဒုတိယပတ် အရောက်မှာ စတင်ပိတ်ထားခဲ့ကြတာ…
Read Moreရန်ကုန်တိုင်းအတွင်း ဆိုင်ကယ်စီးခွင့်ရဖို့က ဝန်ကြီးချုပ်အပေါ်မှာ မူတည်
ရန်ကုန်၊ မေ ၁၀-၂၀၁၉ သိင်္ဂီ (VOM) ရန်ကုန်တိုင်းအတွင်း မော်တော်ဆိုင်ကယ်စီးနင်းခွင့်ရရှိဖို့ လုပ်ပေးခြင်းမပေးခြင်းက ဝန်ကြီးချုပ်အပေါ်မှာ မူတည်တယ်လို့ ရန်ကုန်တိုင်းအတွင်း ဆိုင်ကယ်တရားဝင်စီးနင်းခွင့်ရရှိရေး လှုပ်ရှားနေသောကော်မတီ တာဝန်ခံ ကိုဝင်းကျော်မောင်က ပြောပါတယ်။ လာမယ့် မေလ ၁၃ ရက်နေ့မှာ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းအပါအဝင် ၊လွှတ်တော် အပါအဝင် သက်ဆိုင်ရာဌာနတွေကို ရန်ကုန်တိုင်းဒေသကြီးအတွင်း တရားဝင်ဥပဒေနဲ့အညီ မော်တော်ဆိုင်ကယ်စီးခွင့် ပြန်လည်ပေးအပ်ဖို့ ပြည်သူ့ဆန္ဒ သဘောထားရေးထိုးထားတဲ့ လက်မှတ်တွေနဲ့အတူ တရားဝင်တင်ပြတောင်းဆိုသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ ” ပြည်သူဆန္ဒ ပြည်သူတစ်ယောက်အနေနဲ့ ဆိုရင် ခုစာတင်တဲ့နည်းလမ်း နဲ့မရရင် နောက်နည်းလမ်းနဲ့တောင်းဆိုမယ်၊ ဝန်ကြီးချုပ်လုပ်ပေးခြင်းမလုပ်ပေးခြင်းကတော့ သူ့အပေါ်မူတည်တယ်။ ရန်ကုန်ထဲမှာ ybs မရောက်တဲ့နေရာတွေအများကြီးရှိတယ်။ အဲ့နေရာတွေအတွက် ဆိုင်ကယ်စီးနင်းခွင့်မဖြစ်မနေလိုတယ်။ နေရာတိုင်း ybs မရောက်နိုင်ဘူး”လို့ တာဝန်ခံ ကိုဝင်းကျော်မောင်ကပြောပါတယ်။ အစိုးရ ရုံးတွေအခြေစိုက်ရာ နေပြည်တော်အပါအဝင်…
Read More