မြောက်ကိုရီးယားက ဒုံးပျံတွေထပ်ပြီးစမ်းသပ်၊ အမေရိကန်နဲ့ တင်းမာမှုမြင့်တက်နေ

ဆိုးလ်၊ မေ-၁၀-၂၀၁၉ မျိုးဆက် (VOM)   မြောက်ကိုရီးယားဟာ တစ်ပတ်အတွင်း ဒုတိယအကြိမ်အဖြစ် တာတိုပစ်ဒုံးပျံနှစ်စင်းကို မေ ၉ ရက်နေ့က ပစ်လွှတ်ခဲ့ပြီး အဲဒီနေ့မှာဘဲ အမေရိကန်ကလည်း မြောက်ကိုရီးယား ကုန်တင်သင်္ဘောတစ်စင်းကို ဖမ်းဆီးလိုက်တာကြောင့် နှစ်နိုင်ငံအကြား တင်းမာမှုတွေ ပြန်လည်မြင့်တက်နေပါတယ်။     ဒီလိုဒုံးပျံတွေ ပစ်လွှတ်တာနဲ့ပတ်သက်ပြီး ဘယ်သူမှ ပျှော်ရမှာမဟုတ်ဘူးလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောဆိုလိုက်ပါတယ်။ ဒါပေမယ့် မြောက်ကိုရီးယားနဲ့ နောက်ထပ်ဆွေးနွေးပွဲတွေလုပ်ဖို့ကိုတော့ တံခါးဖွင့်ထားဆဲဖြစ်တယ်လို့ ဆိုပါတယ်။     ဒီိလိုလုပ်ဆောင်တာဟာ ဖေဖော်ဝါရီလအတွင်းက ဆွေးနွေးမှုမအောင်မြင်ခဲ့တဲ့ ဟနွိုင်းဆွေးနွေးပွဲမှာ မြောက်ကိုရီးယားအပေါ် အရေးယူပိတ်ဆို့တာတွေ လျှော့ချဖို့ ငြင်းဆိုခဲ့တဲ့ ဒေါ်နယ်ထရန့်အပေါ် ဆန္ဒပြတဲ့သဘောဖြစ်ဖွယ်ရှိပြီး ဒီလုပ်ရပ်ဟာ ပြသနာပြေလည်မှာမဟုတ်ဘဲ စိုးရိမ်ဖွယ်ဖြစ်တယ်လို့ တောင်ကိုရီးယားဘက်က ပြောပါတယ်။     အမေရိကန်ကလည်း မြောက်ကိုရီးယားအပေါ်ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေကိုလျှော့ချပေးဖို့ လက္ခဏာမရှိဘဲ မေ ၉…

Read More

ရသေ့တောင်​က လူဦးရေ ၁၀၀ ဝန်းကျင်​ခန့်​ စစ်​တွေမြို့မှာလာရောက်​ခိုလှုံ

စစ်​တွေ၊ မေ ၁၀-၂၀၁၉ ခိုင်​လင်းစံ(VOM)   ရခိုင်​ပြည်​နယ်​၊ ရသေ့တောင်​မြို့နယ်​က ကျေးရွာတချို့က ဒေသခံ ၁၀၀ ဝန်းကျင်​တို့ဟာ ဒေသမတည်​မငြိမ်​မှုတွေကြောင့်​ စစ်​တွေမြို့မှာ ခိုလှုံဖို့ရောက်ရှိနေကြတာဖြစ်​ပါတယ်​။ အဲ့ဒီကျေးရွာသားတွေဟာ ပြီးခဲ့တဲ့ တနင်္လာနေ့က စတင်​ပြီးရောက်​ရှိလာခဲ့ကြတာဖြစ်​ပြီး စစ်​တွေမြို့ပေါ်က ဘုန်းတော်​ကြီးကျောင်းတွေဖြစ်​တဲ့ ကယုချောင်းကျောင်းတိုက်​၊ အမျိုးသားကျောင်းတိုက်​ စတဲ့ဘုန်းတော်​ကြီးကျောင်းသုံးကျောင်းမှာ ရောက်​ရှိနေကြတာဖြစ်​ပါတယ်​။   “အန်​တီတို့က ရသေ့တောင်​မြို့နယ်​ ရေစိုးချောင်းကလာကြတာပါ။ တခြားရွာတွေက မိသားစာုတွေလည်းပါပါတယ်​။ ရွာမှာနေရတာ အဆင်​မပြေတော့ဘူး။ ဒါကြောင့်​ ဒီကိုလာကြတာပါ။ အစကတော့ အောင်​စည်​ကုန်းစခန်းမှာနေခဲ့တယ်​။ စားရေးသောက်​ရေး၊ နေရေးထိုင်​ရေး အခက်​အခဲရှိတယ်​။ ပြီးတော့ မလုံခြုံဘူး စစ်​တွေမှာဆိုရင်​ လုံခြုံမလားဆိုပြီး လာတာပါ။”လို့ ကယုချောင်းဘုန်းတော်​ကြီးကျောင်းမှာ ရောက်​ရှိနေတဲ့ ဒေါ်မချေကပြောပါတယ်​။     စစ်​တွေမြို့ကို စစ်​ဘေးခိုလှုံဖို့ရောက်​ရှိနေကြသူတွေဟာ ရသေ့တောင်​မြို့နယ်​က ရေစိုးချောင်း၊ ရေခေါင်းချောင်း၊ သိုင်းတပုတ်​၊ ခရုချောင်း၊ သပြေဆိပ်​စတဲ့ကျေးရွာသားတွေဖြစ်​ကြပါတယ်​။   “ရွာမှာတပ်​ကရှိနေတယ်​။…

Read More

စစ်ကိုင်းက ဆွမ်းဦးပုညရှင်စေတီမှာ မှန်သားရင်ပြင် တိုးချဲ့မယ်

စစ်ကိုင်း မေ ၁၀-၂၀၁၉ မောင်တာရာ(VOM)     စစ်ကိုင်းတောင်ပေါ်က  ဆွမ်းဦးပုညရှင်စေတီတော်ရဲ့  ရင်ပြင်တော်တွေကို တိုးချဲ့ပြီး မှန်သားခင်း (View Point)ပြုလုပ်ဖို့ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ကနေ စီစဉ်ဆောင်ရွက်နေကြောင်း ဆွမ်းဦးပုညရှင် ဘုရားဂေါပကအဖွဲ့က သိရပါတယ်။     စေတီတော်ရဲ့ အရှေ့ဘက် ရင်ပြင်တော်နဲ့ အနောက်ဘက် ရင်ပြင်တော်တွေကို  တိုးချဲ့ပြီး မှန်သားခင်း (View Point)ပြုလုပ်ရန်အတွက် ဒီလ ၈ ရက်နေ့က  စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်၊ စစ်ကိုင်းခရိုင် စီမံခန့်ခွဲမှုကော်မတီဥက္ကဌ နဲ့ ဌာနဆိုင်ရာတာဝန်ရှိသူတွေက တရုတ်နိုင်ငံက ပညာရှင်တွေနဲ့အတူ လာရောက်ကွင်းဆင်းကြည့်ရှု့တိုင်းတာမှုတွေ ပြုလုပ်သွားတယ်လို့ ဆွမ်းဦးပုညရှင် ဘုရားဂေါပကအဖွဲ့ ဥက္ကဌ ဦးစိုးဝင်းက ပြောပါတယ်။   #voiceofmyanmar #စစ်ကိုင်း #ဆွမ်းဦးပုညရှင် #မှန်သားရင်ပြင်

Read More

Prison riots under control, Shwe Bo prison has causalities

Mandalay-May-9-2019   Prison riot in Shwe Bo, Sagaing division, which claims 4 lives and injured inmates was under control after the prison authorities and police used force to disperse the protesting inmates.     The prison riot in Shwe Bo was begun on May 8, where the inmates protest for amnesty. The inmates confront with the prison authorities that the…

Read More

ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင်တစ်ဦးစီးလာတဲ့ ကားကို ထောင်ထဲဆွဲသွားပြီး လူကိုဖမ်းဆီး

ကရာကတ်၊ မေ-၉-၂၀၁၉ မျိုးဆက် (VOM)     နိုင်ငံရေးအကြပ်အတည်းတွေဖြစ်ပေါ်နေတဲ့ ဗင်နီဇွဲလားနိုင်ငံမှာ အတိုက်အခံခေါင်းဆောင် ဂွိုင်ဒိုရဲ့ လက်ထောက်ဖြစ်သူကို ဗင်နီဇွဲလား ထောက်လှမ်းရေးအဖွဲ့က  ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။     ဗင်နီဇွဲလား အမျိုးသားလွှတ်တော်ရဲ့ ဒုတိယဥက္ကဌဖြစ်သူ အက်ဂါဇမ်ဘရာနိုဟာ ထောက်လှမ်းရေးအဖွဲ့က ၀ိုင်းထားချိန်မှာ ကားအတွင်းကနေထွက်ပြီး အဖမ်းခံဖို့ ငြင်းဆန်ခဲ့တာကြောင့် ထောက်လှမ်းရေးအဖွဲ့က သူစီးနှင်းလိုက်ပါလာတဲ့ ကားကို ထရပ်ကားတစ်စီးနဲ့ အကျဉ်းထောင်ဆီဆွဲယူသွားပြီး လူကိုဖမ်းဆီးထိန်းသိမ်းလိုက်တာဖြစ်ပါတယ်။     ပြီးခဲ့တဲ့ သီတင်းပတ်က သမ္မတ မာဒူရိုကိုဆန့်ကျင်ပြီး စစ်တပ်ကပုန်ကန်ဖို့အတွက် စည်းရုံးလှုံ့ဆော် အားထုတ်မှုတွေပြီးတဲ့နေနာက်ပိုင်း အတိုက်အခံ ခေါင်းဆောင်တစ်ဦးကို ပထမဆုံးအကြိမ် ဖမ်းဆီးလိုက်တာပါ။     အတိုက်အခံခေါင်းဆောင် ဂွိုင်ဒိုကိုတော့ ဗင်နီဇွဲလားနိုင်ငံရဲ့ ယာယီသမ္မတအဖြစ် နိုင်ငံပေါင်း ၅၀ ကျော်က အသိအမှတ်ပြုထားပါတယ်။ မစ္စတာဇမ်ဘရာနိုကို  ဗင်နီဇွဲလားထောက်လှမ်းရေးအဖွဲ့က မဖမ်းခင်မှာ သူဟာ  ကရာကတ်ရှိ ပါတီရဲ့…

Read More

တရုတ်ကုန်ပစ္စည်းတွေကို အခွန်တိုးကောက်ရင် အမေရိကန်ကို တရုတ်လက်တုံ့ပြန်မယ်

ဝါရှင်တန်၊ မေ-၉-၂၀၁၉ မျိုးဆက် (VOM) တရုတ်ကုန်ပစ္စည်းတွေအပေါ် အမေရိကန်က အခွန်တိုးမြင့်ကောက်ခံမယ်ဆိုရင် လိုအပ်တဲ့ တန်ပြန်အစီအမံတွေနဲ့အတူ လက်တုံ့ပြန်သွားမယ်လို့ တရုတ်နိုင်ငံက ပြောဆိုလိုက်ပါတယ်။ မေ ၁၀ ရက်မှာ ဒေါ်လာ ၂၀၀ ဘီလီယံတန်ဖိုးရှိ တရုတ်ကုန်ပစ္စည်းတွေအပေါ် အခွန်နှစ်ဆကျော် ကောက်ခံမယ်လို့ ဒေါ်နယ်ထရန့်က ပြောဆိုပြီး မကြာမီ တရုတ်နိုင်ငံက ဒီလိုတုံ့ပြန်ပြောဆိုလိုက်တာဖြစ်ပါတယ်။ ကုန်သွယ်ရေးဆွေးနွေးပွဲတွေမှာ တရုတ်နိုင်ငံက သဘောတူညီချက်ကိုချိုးဖောက်နေပြီး နှစ်နိုင်ငံအကြားရှေ့ဆက်မယ့် ဆွေးနွေးပွဲတွေမတိုင်မီ ရန်လိုမုန်းတီးမှုတွေဖြစ်အောင် လုပ်ဆောင်နေတယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က စွပ်စွဲပြောဆိုပါတယ်။ ဒီိလိုမျိုး ကုန်သွယ်ရေးဆိုင်ရာတင်းမာမှုတွေရှိနေပေမယ့်လည်း နှစ်နိုင်ငံအနေနဲ့ မေ ၉ရက်ကျရင် အမေရိကန်မှာ ကုန်သွယ်ရေးဆွေးနွေးပွဲတွေ ကျင်းပမှာဖြစ်ပါတယ်။ အဲဒီဆွေးနွေးပွဲမတိုင်မီ ကုန်သွယ်ရေးနဲ့ ပတ်သက်လို့ အမေရိကန်နဲ့အရင်က ဆွေးနွေးခဲ့တဲ့ သဘောတူညီချက်တွေကို တရုတ်တာဝန်ရှိသူတွေက ချိုးဖောက်နေတယ်လို့ ဒေါ်နယ်ထရန့်က ဆိုပါတယ်။ မကြာသေးမီကာလအတွင်းကတော့ ကုန်သွယ်ရေးစစ်ပွဲကို အဆုံးသတ်နိုင်မယ့် သဘောတူညီချက်ရရှိဖို့ အမေရိကန်နဲ့…

Read More

အယ်ဒီတာ့အာဘော်

သင်္ကြန်အပြီး နိုင်ငံတော်သမ္မတကြီးရဲ့ အမိန့်နဲ့ လွတ်ငြိမ်းသက်သာခွင့်အရလွှတ်တာမှာ ပထမအကြိမ် အကျဉ်းသား ၉၅၃၅ ဦး၊ ဒုတိယအကြိမ်မှာ အကျဉ်းသား ၆၉၄၈ နဲ့ တတိယအကြိမ်မှာ အကျဉ်းသား ၆၅၂၀ ဦး စုစုပေါင်း ၂သောင်း၃ထောင်ကျော်လွတ်ထားပြီးဖြစ်ပါတယ်။   အရင်တုန်းက လွတ်ငြိမ်းသက်သာခွင့်နဲ့လွှတ်တာမှာ တပြိုင်တည်း ထောင်အသီးသီးကနေ လွှတ်ပေးခဲ့ပေမယ့် ဧပြီ ၂၆ ဒုတိယအကြိမ်လွှတ်တာမှာ ပြည်နယ်ကထောင်တွေအရင်လွှတ်ပြီး ခုတတိယအကြိမ်မှာ တိုင်းဒေသတွေက ထောင်တွေကို လွှတ်ခဲ့ပါတယ်။   အဲဒီမှာစပြီး အကျဉ်းသားထောင်သားတွေအနေနဲ့  နားလည်မှုတွေလွဲပြီး တခြားထောင်တွေလွှတ်ပြီး ငါတို့ မလွှတ်ရကောင်းလားဆိုတဲ့ အတွေးနဲ့  မေလဆန်းမှာ ထောင်ဆူပူမှုတွေ ထောင်တချို့က စခဲ့ပါတယ်။ ဒီထောင်ဆူပူမှုက မေ၇ရက်နေ့က တတိယအကြိမ်လွှတ်အပြီးမှာ ပိုဆိုးလာခဲ့ပါတယ်။   ဘယ်လို့ကြောင့်ဆိုတာ ထောင်တွင်းဆန္ဒြုပသူတွေပြောစကားအရသိရတာက အကျဉ်းသားလွှတ်တာမှာ ညီမျှမှုမရှိဘူး အမှုချင်း စီရင်ချက်အမိန့်ချင်းတူတာတောင် လွတ်သူလွတ် ကျန်သူကျန်ဖြစ်တော့ သူတို့သည်းမခံနိုင်ဘဲ ဆူပူကြတာဖြစ်တယ်လို့ သိရပါတယ်။…

Read More

ထောင်အထွက်ဂိတ်မှာ “အမေ” ကြိုနေမယ် သား

  နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းသက်သာခွင့်နှင့် အကျဉ်းသားတွေ လွှတ်မယ်ဆိုတဲ့ သတင်းကြောင့် မြစ်ကြီးနား အကျဉ်းထောင်အပေါက်ဝမှာ မေလ ၇ ရက် နံနက် ၉ နာရီ လောက်ကတည်းက လာရောက် စောင့်ဆိုင်းသူများ စည်ကားနေသည်။   တစ်ဦးတည်းသောသားလေး ထောင်ကထွက်လာမလား မျှော်လင့်ချက်ဖြင့် မြစ်ကြီးနား အကျဉ်းထောင်ရှေ့မှာ လာစောင့်နေသည့် အသက် ၆၀ ခန့်အမျိုးသမီးကြီး ဒေါ်ရွယ်တစ်ယောက် “သားလေးလွတ်လာရင် မြစ်ဆိပ်မှာ ခေါင်းလျှော် ရေချိုးပေးပြီး အိမ်ပြန်ခေါ်သွားမယ်” ဟု ၀မ်းပန်းတသာပြောနေသံကြားရသည်။   အကျဉ်းသားလွှတ်မည့်သတင်း ကြားကတည်းက အေးမြသာယာရပ်ကွက်ကနေ အစောကြီး ဆိုင်ကယ်နှင့် ထွက်လာခဲ့သည်ဟု ဆိုသည်။ “ မနက် ၉ နာရီမထိုးခင်ကတည်းက တကြွကြွ ဖြစ်နေတာလေ မိုးညှင်းနဲ့ မြစ်ကြီးနား အကျဉ်းထောင်က အကျဉ်းသားတွေ လွှတ်မယ်ကြားတော့ သူ့အစား အဒေါ်လည်း ၀မ်းသာမိတာပဲ ” ဒေါ်ရွယ်နှင့်…

Read More

သာယာဝတီထောင်မှာ ဒီမနက်​ ဆန္ဒပြ

မေ-၉ -၂၀၁၉ မိုးယံ   ပဲခူးတိုင်း သာယာဝတီထောင်မှာ ဒီနေ့ မနက် ၈ နာရီ ဝန်းကျင်​က စပြီး ထောင်အတွင်းဆန္ဒပြမှုတွေ ဖြစ်းနေတယ်လို့ ထောင်ပတ်ဝန်းကျင်က ဒေသခံတွေက ပြောစကားအရသိရပါတယ်။   သာယာဝတီခရိုင်ရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦး ကလည်း ဖြစ်စဉ်မှန်ကန်တယ်လို့ ​ပြောပါတယ်​ ။   အကျဉ်းသား​တွေ ​တောင်းဆိုတဲ့အချက်​​တွေက   ၁။ မီဒီယာနဲ့တွေ့ဆုံရေး ၂။ အကျဉ်းသားများတန်းတူအခွင့်အရေးရရှိရေး ၃။ လူ့အခွင့်အရေးကော်မရှင်နဲ့တွေ့ဆုံရေး ဆိုတဲ့အချက် ၃ ချက်ကို အိပ်ဆောင်အတွင်းကနေ ဆန္ဒထုတ်ဖော်နေတယ်လို့ သိရှိရပါတယ်။   သာယာဝတီအကျဉ်းထောင်အပြင်ဘက်မှာ့ ဒီကနေ့ ထောင်ဝင်စာလာရောက်တွေ့ဆုံသူ ၂၅ ဦးခန့်ရှိနေပြိး ထောင်ဝင်စာတွေ့ဆုံခွင့် ရမယ်​ မရဘူး မသိနိုင်ဘူးလို့ ထောင်ဝင်စာလာတွေ့သူတဦးက ပြောပါတယ်။   မေလ ၈ ရက်နေ့ကနေစတင်ပြီး စစ်ကိုင်းတိုင်း ကလေးမြို့နယ် မော်လိုက်လေးအကျဉ်းထောင်၊ ရွှေဘိုအကျဉ်းထောင်နဲ့ ကရင်ပြည်နယ်က…

Read More

ပါကစ္စတန်နိုင်ငံ မွတ်ဆလင်ဘုရားကျောင်း ဗုံးခွဲတိုက်ခိုက်ခံရ ၊လူရှစ်ဦးထက်မနည်းသေဆုံး

လာဟိုး၊ မေ-၈-၂၀၁၉ မျိုးဆက် (VOM)   ပါကစ္စတန်နိုင်ငံ လာဟိုးမြို့ရှိ ဆူဖီမွတ်ဆလင် ဘုရားကျောင်းပြင်ပမှာ ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့တာကြောင့် အနည်းဆုံး လူ ရှစ်ဦးသေဆုံးသွားပါတယ်။ပေါက်ကွဲမှုကြောင့် လူပေါင်းများစွာ ဒါဏ်ရာရရှိခဲ့ပြီး သေဆုံးသူတွေထဲမှာ ရဲတပ်ဖွဲ့ဝင် ငါးဦးပါတယ်လို့ ဒေသခံ ရုပ်မြင်သံကြားဌာနက ထုတ်လွှင့်ခဲ့ပြီး ပေါက်ကွဲမှုကြောင့် ရဲကားတစ်စီးလည်း ပျက်စီးခဲ့ပါတယ်။     ပေါက်ကွဲမှုဟာ အသေခံဗုံးခွဲတိုက်ခိုက်မှုဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောဆိုပြီး အဲဒီဘုရားကျောင်းဟာ အရှေ့တောင်အာရှရှိ မွတ်စလင်တို့ရဲ့ ရှေးအကျဆုံးဘုရားကျောင်းတစ်ခုဖြစ်တဲ့ ဒေတာဒါဘာဆူဖီ ဘုရားကျောင်းအနီးမှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။     ပါကစ္စတန်နိုင်ငံမှာ အစ္စလာမ်တို့ရဲ့  ရာမာဒန် ဥပုသ်လအတွင်းအခုလို ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာဖြစ်ပြီး ပေါက်ကွဲမှုဖြစ်ပွားသည့်နေရာမှာ ရဲတပ်ဖွဲ့ဝင်တွေက လုံခြုံရေးယူထားပါတယ်။ တိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့ဘယ်အဖွဲ့ကမှ ထုတ်ဖော်ပြောဆိုတာမရှိသေးပါဘူး။ ဒီတိုက်ခိုက်မှုနဲ့ပတ်သက်လို့ ပါကစ္စတန်ဝန်ကြီးချုပ် အိုင်မရာခန်းက ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်ထားပါတယ်။     တိုက်ခိုက်ခံရတဲ့ ဘုရားကျောင်းဟာ ပါကစ္စတန်နိုင်ငံရဲ့…

Read More
VOM News

FREE
VIEW