ထန်တလန်၊ မေ – ၂၃ – ၂၀၁၉ မိုင်ချယ်ရီ (VOM) ချင်းပြည်နယ် ထန်တလန်မြို့မှာ တရားဝင် ယစ်မျိုးလိုင်စင် ချပေးပြီး အရက်သေစာ ရောင်းချနေမှုကို အပြီးတိုင် ပိတ်သိမ်းပေးဖို့ ထန်တလန်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စာလှယ် ဒေါ်နီရွှေလျန်းက မနေ့က ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ မေးခွန်း မေးမြန်းခဲ့ပါတယ်။ ထန်တလန်မြို့နယ်အတွင်းမှာ ချင်းလူမျိုး ခရစ်ယာန်ဘာသာဝင်တွေ အများဆုံးနေထိုင်ကြပြီး မြို့နယ် ရပ်မိရပ်ဖ ဘာသာရေးခေါင်းတွေ၊ လူမှုရေးအဖွဲ့အစည်းတွေရဲ့ အရက်ကာကွယ်တိုက်ဖြတ်နှိမ်နှင်းရေး ဆုံးဖြတ်ချက်အရ ဌာနဆိုင်ရာ တာဝန်ရှိသူများထံ တင်ပြတောင်းဆိုခဲ့ရာ ၂၀၀၆ မှ ၂၀၀၈ ခုနှစ်အထိ တားမြစ်ပိတ်ပင်နိုင်ခဲ့ပါတယ်။ “သို့ရာတွင် ယစ်မျိုးလိုင်စင် ဈေးနှုန်း တစ်နှစ်ထက် တစ်နှစ် ပိုတက်လာပြီး ခရစ်ယာန်ဘာသာဝင် အသင်းတော်တွေမှာ ငွေကြေး အခက်အခဲ ရှိလာခြင်းကြောင့် လိုင်စင်ကို သက်ဆိုင်ရာသို့…
Read MoreMonth: May 2019
မူဆယ်မှာ ကျွဲ၊နွား ဈေးကွက် ကျဆင်းပြီး အရောင်းအဝယ် ငြိမ်သက်
မန္တလေး၊ မေ – ၂၃ – ၂၀၁၉ ရဲရင့် မင်းခန့် (VOM) မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံကို တင်ပို့နေတဲ့ ကျွဲ၊နွားတင်ပို့မှုလုပ်ငန်းတွေ အရင်နှစ်ထက် ဈေးကွက် ကျဆင်းပြီး အရောင်းအဝယ် ငြိမ်သက်နေတယ်လို့ စစ်ကိုင်းတိုင်း ကျွဲ၊နွား မွေးမြူတင်ပို့ရောင်းချသူများအသင်း က သိရပါတယ်။ ” ပြည်တွင်းကျွဲ၊နွားတင်မှုနဲ့ပတ်သက်ပြီး ဈေးကွက်အေးတယ်ဆိုတာက ပြီးခဲ့တဲ့ နှစ်ထက်စာရင် လက်ရှိ ပေါက်ဈေးက ကျွဲ၊နွား တစ်ကောင်ကို နှစ်သိန်းလောက် ကျသွားတယ်။ အဓိက ပြသနာက မူဆယ်ဘက်က ဈေးကွက်မကောင်းတော့ ဈေးကွက်က အေးသွားတယ်လို့ ပြောလို့ရတယ်။” လို့ စစ်ကိုင်းတိုင်း ကျွဲ၊နွား မွေးမြူတင်ပို့ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးသောင်းခိုင်က ပြောပါတယ်။ နယ်စပ်ကုန်သွယ်ရေးတစ်ခုဖြစ်တဲ့ မူဆယ်မှာ ကျွဲ၊ နွားတွေကို ဝယ်ယူမယ့် တရုတ်ကုန်သည်တွေအနေနဲ့ အဖမ်းအဆီးတွေရှိနေတာကြောင့် လာရောက်ဝယ်ယူခြင်းမရှိဘဲဖြစ်နေရာမှာ အခုဆို…
Read Moreစက်မှုဇုံများ အဆင့်မြှင့်တင်ရေးကို တိုင်းအစိုးရအဖွဲ့ ကိုင်တွယ်မယ်
ရန်ကုန်၊ မေ – ၂၃ – ၂၀၁၉ သူရိန် (VOM) ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ စက်မှုဇုံတွေ အဆင့်မြှင့်တင်ရေးနဲ့ စက်မှုဇုံ စီမံခန့်ခွဲမှုအပိုင်းကို တိုင်းအစိုးရအဖွဲ့က ကိုင်တွယ်ဆောင်ရွက်သွားမယ်လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။ စက်မှုဇုံတွေကို သက်ဆိုင်ရာအစိုးရအဖွဲ့က စီမံဆောင်ရွက်ဖို့ ဥပဒေပြဌာန်းချက်တွေရှိပေမယ့် ရန်ကုန်တိုင်းမှာရှိတဲ့ စက်မှုဇုံတွေကို ဆောက်လုပ်ရေးဝန်ကြီးဌာန အိုးအိမ်ဦးစီးဌာနကသာ ကိုင်တွယ်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ “စက်မှုဇုံတွေကို အဆင့်မြှင့်တင်ဖို့အတွက် လုပ်နေပါတယ်။ အရင်က စက်မှုဇုံဟာ ဆောက်လုပ်ရေးဝန်ကြီးဌာနရဲ့ အိုးအိမ်ဦးစီးဌာနဘက်ကနေ စီမံခန့်ခွဲမှုကို ကိုင်တွယ်ခဲ့တာ ဖြစ်ပါတယ်။ အခုတော့ တိုင်းဒေသကြီးကနေ စက်မှုဇုံ အဆင့်မြှင့်တင်ရေးနဲ့ စက်မှုဇုံ စီမံခန့်ခွဲမှုအပိုင်းကို ကိုင်တွယ်ဖို့အတွက် ဥပဒေအရ ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။” လို့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။ စက်မှုဇုံတွေထဲမှာ လျှပ်စစ်မီး၊ ရေကောင်းရေသန့် လိုအပ်ချက်၊…
Read Moreတပ်မတော်ရော ပြည်သူပါ အကျိုးရှိမယ့် မန္တလေးက ၃၈ လမ်း လမ်းသစ်ကြီး မကြာမှီဖွင့်လှစ်မည်
မန္တလေး၊ မေ ၂၂-၂၀၁၉ နေလင်း (VOM) မန္တလေးမြို့ မဟာအောင်မြေမြို့နယ် မျက်ပါးရပ်မှာ ၇၃လမ်းနဲ့ ၇၈ လမ်းကို တိုက်ရိုက်ချိတ်ဆက်နိုင်မယ့် လမ်းသစ်တခုကို မန္တလေးမြို့တော်ဝန် ဦးရဲလွင်လက်ထက်မှာ ဖေါက်လုပ်နိုင်ခဲ့ပြီး ဇွန်လ ၁၉ ရက်နေ့ မှာ ကျရောက်မယ့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့ အထိမ်းအမှတ်အနေနဲ့ ဖွင်လှစ်မယ်လို့ မြို့တော်ဝန်က သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ပြောထားပါတယ်။ ဒီလမ်းဟာ တခြားလမ်းတွေနဲ့မတူပဲ တပ်မတော်ပိုင် ဧရိယာကိုဖြတ်ဖေါက်ရတာမို့ မြို့ခံတွေ စိတ်ဝင်စားမှု အထူးရှိခဲ့တဲ့ လမ်းဖြစ်ပါတယ်။ မဟာအောင်မြေမြို့နယ်ထဲမှာ ၃၇ လမ်းကနေ သိပ္ဗံလမ်းထိ အရှေ့အနောက်ဖြတ်လမ်းက မရှိတာမို့ ဒီလမ်းဟာ မြို့ခံပြည်သူတွေအတွက် အတော်အသုံးဝင်တဲ့ လမ်းဖြစ်သလို တဖက်က တပ်မတော်အတွက် ဘာအကျိုးရှိမလဲဆိုတာတွေ မေးစရာဖြစ်လာပါတယ်။ ခု လမ်းကြီးလည်း ပြီးကာနီးလို့ ဖွင့်လုဆဲမှာ ၃၈ လမ်း…
Read Moreမြောက်ဦးဒေသ ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းရေးပြင်ဆင်နေမှု လုပ်ငန်း ၇၀ ရာခိုင်နှုန်းကျော် ပြီးစီး
ရန်ကုန် ၊မေ – ၂၂ – ၂၀၁၉ သိင်္ဂီ (VOM) မြောက်ဦးယဉ်ကျေးမှု အမွေအနှစ် ဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းရေး ပြင်ဆင်နေမှု လုပ်ငန်းပမာဏ ၇၀ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီလို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး ဦးကြည်မင်းက ပြောပါတယ်။ ဒီနေ့မနက် ရန်ကုန်မြို့၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ ရန်ကုန်ဌာနခွဲရုံးမှာ ပြုလုပ်ခဲ့တဲ့ မြောက်ဦးယဉ်ကျေးမှု အမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ် တင်သွင်းရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှာပြောခဲ့တာ ဖြစ်ပါတယ်။ ” မြောက်ဦးယဉ်ကျေးမှု အမွေအနှစ်ဒေသက ပုံစံမျိုးစုံတဲ့ ယဉ်ကျေးမှုအထောက်အထားတွေနဲ့ ခိုင်မာတဲ့ ယဉ်ကျေးမှုအထောက်အထားတွေကို ခေတ်အဆက်ဆက် လက်ဆင့်ကမ်း ထိန်းသိမ်းသယ်ဆောင်ခဲ့တာကို ဒီနေ့တွေ့နိုင်တယ်။ ဒီလိုပြည့်စုံတဲ့ ဒေသတစ်ခုကို UNESCO ရဲ့ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် ပါဝင်ခံရနိုင်ဖို့ အချိန်မီတင်သွင်းနိုင်ရမှာဖြစ်တယ်။ ဒီလို အချိန်မီတင်သွင်းနိုင်ဖို့ကလည်း ပညာရှင်တွေ၊…
Read Moreဟွာရှိန် အထည်ချုပ်စက်ရုံမှာ အလုပ်သမားအားလုံးနီးပါး ဆန္ဒထုတ်ဖော်
သာယာဝတီ၊ မေ – ၂၂ – ၂၀၁၉ မိုးယံ (VOM) ပဲခူးတိုင်း သာယာဝတီ မြို့ ဟွာရှိန် အထည်ချုပ်စက်ရုံမှာ အလုပ်သမားအခွင့်အရေးတွေဆုံးရှုံးနေတယ်ဆိုပြီး ဒီနေ့ နေ့လည်က စက်ရုံအလုပ်သမား အားလုံးနီးပါး ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ “ကျွန်မတို့စက်ရုံက ၁၁နာရီမှာ ထမင်းစားဖြုတ်တယ်။ ၁၂နာရီ ၁၅ မှာ အလုပ်ပြန်ဝင်ရမှာကို ပြန်မဝင်ဘဲ ဆန္ဒပြနေကြတာပါ။ တစ်စက်ရုံလုံးဘဲ အကုန်လုးံ သုံးထောင်ကျော်တယ်။”လို့ ဆန္ဒထုတ်ဖော်ပွဲမှာပါဝင်တဲ့ မကေကေ က ပြောပါတယ် နှစ်ပြည့် ခံစားခွင့် ရက်မှန်ကြေး ၄၈၀၀၀ ကျပ်ကို တစ်နှစ်ပြည့်ပြီး ၆ လကြာမှသာ စက်ရုံဘက်က ထုတ်ပေးတာကိုလည်း မကျေနပ်တဲ့အတွက် အခုလို ဆန္ဒထုတ်ဖော်ရတာလို့ စက်ရုံအလုပ်သမား မဝင်းမာက ပြောပါတယ်။ မြို့နယ် /ရွာ ဖယ်ရီကားချပေးဖို့၊ သောက်သုံးရေ…
Read Moreနှစ်အနည်းငယ်အတွင်း အီရန်နဲ့ စစ်ဖြစ်မယ်လို့ အမေရိကန်နိုင်ငံသား ထက်ဝက်ကျော် ယုံကြည်နေ
ဝါရှင်တန်၊ မေ-၂၂-၂၀၁၉ မျိုးဆက် (VOM) လာမယ့် နှစ်အနည်းငယ်အတွင်းမှာ အမေရိကန်နဲ့ အီရန်စစ်ဖြစ်လိမ့်မယ်လို့ အမေရိကန်နိုင်ငံသား ထက်ဝက်က ယုံကြည်နေကြောင်း ရိုက်တာသတင်းဌာနနဲ့ သုတေသန ကုမ္ပဏီ Ipsos ရဲ့ မေ ၁၇ ရက်နေ ၂၀ ရက်အထိပြုလုပ်တဲ့ ပြည်သူ့သဘောထား စစ်တမ်းတစ်ရပ်ကို မေ ၂၂ က ထုတ်ပြန်ရာမှာ ဖော်ပြထားပါတယ်။ စစ်တမ်းဖြေဆိုသူ ၅၁ ရာခိုင်နှုန်းက လာမယ့် နှစ်အနည်းငယ်အတွင်း အမေရိကန်နဲ့ အီရန်တို့ စစ်ဖြစ်မယ်လို့ မျှော်လင့်ထားရာမှာ ၂၀ ရာခိုင်နှုန်းကတော့ အီရန်၏ ခြိမ်းခြောက်မှုအတွက် စစ်ရေးကြိုတင် အသာစီးရယူဖို့ ထောက်ခံပြီး ၆၀ ရာခိုင်နှုန်းက ဆန့်ကျင်နေကြပါတယ်။ ဒါပေမယ့် အီရန်က စတင်တိုက်ခိုက်လာမယ်ဆိုရင် အပြည့်အ၀ ဒါမှမဟုတ် ကန့်သတ်ထားတဲ့ စစ်ရေးပုံစံနဲ့ အမေရိကန်စစ်ဘက်က တုံ့ပြန်သင့်တယ်လို့ စစ်တမ်းဖြေဆိုသူ…
Read Moreအေအေလက်နက်ကိုင်အဖွဲ့ မီးရှို့ဖျက်ဆီးခဲ့တဲ့ တံတားသံဘောင်များ အသစ်ဝယ်ယူ တပ်ဆင်မှုပြီးစီး
ပလက်ဝ၊ မေ -၂၂ -၂၀၁၉ မိုင်ချယ်ရီ (VOM) အေအေလက်နက်ကိုင်အဖွဲ့က ဖျက်ဆီးခဲ့တဲ့ ပလက်ဝတံတား သံဘောင်တွေ ပြန်လည် အသုံးပြုလို့ မရတော့တာကြောင့် အသစ်ထပ်မံ ၀ယ်ယူပြီးတပ်ဆင်ခဲ့ရာ ပြီးစီးခဲ့ပြီလို့ ချင်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန ၀န်ကြီး ဦးရွှေထီးအိုးက ပြောပါတယ်။ ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာရှိတဲ့ ကုလာတန်းမြစ်ကူးတံတား(ပလက်ဝ တံတား ) တည်ဆောက်ရာမှာ အသုံးပြုမယ့် တန်ချိန် ၃၀၀ နီးပါးရှိ သံဘောင်တွေကို အေအေလက်နက်ကိုင်အဖွဲ့က မတ်လ ၁၆ ရက်မှာ မီးရှို့ ဖျက်ဆီးခဲ့တာပါ။ အဲဒီသံဘောင်တွေကို အရည်းအသွေး ပြန်လည်စစ်ဆေးရာမှာ အသုံးပြုလို့ မရတော့တဲ့အတွက် အာမခံ ကုမ္မဏီ IKBZ ထံကနေ ရရှိတဲ့ အာမခံကြေးနဲ့ ပြန်လည် ၀ယ်ယူတပ်ဆင်ခဲ့တယ်လို့ ဆိုပါတယ်။ အသစ်ပြန်လည် တပ်ဆင်တဲ့ လုပ်ငန်းကို မနေ့က…
Read Moreရနောင်းထောင်က မြန်မာအကျဉ်းသား ၅၉ ဦး ထိုင်းဘုရင်လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်
ရနောင်း၊ မေ -၂၂-၂၀၁၉ မျိုးဆက် (VOM) ထိုင်းဘုရင်ရဲ့ နန်းတက်ပွဲ အထိမ်းအမှတ်အဖြစ် တော်ဝင်လွတ်ငြိမ်းချမ်းသာခွင့်တစ်ရပ် ပေးခဲ့ရာမှာ ရနောင်းထောင်မှာရှိတဲ့ မြန်မာ ၅၉ ဦး မေ ၂၁ ရက်က ပြန်လည်လွှတ်မြောက်လာခဲ့ပါတယ်။ ဒီလိုလွပ်ငြိမ်းချမ်းသာခွင့် ပေးတဲ့အခမ်းအနားကို ရနှောင်းပြည်နယ် အုပ်ချုပ်ရေးမှူး ဂျာတူပေါ့ပီယွမ်ပူထရာက ဦးဆောင်ပြီး ပြည်နယ်အဆောက်အဦးတစ်ခုမှာ ကျင်းပခဲ့ပါတယ်။ ဒီလွတ်ငြိမ်းချမ်းသာခွင့်ဟာ ကောင်းမွန်တဲ့ အကျင့်စရိုက် အပြုအမူတွေရှိတဲ့ ထိုင်းအကျဉ်းသားတွေအပါအ၀င် မြန်မာအကျဉ်းသားတွေကိုပါ ပေးခဲ့တာဖြစ်ပြီး သူတို့ကိုယ်သူတို့ ပြုပြင်ပြောင်းလဲဖို့နဲ့ လူကောင်းတွေအဖြစ် ဘ၀သစ် စတင်ဖို့ ရည်ရွယ်တယ်လို့ ရနောင်းပြည်နယ် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ ဒါ့အပြင် လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်တဲ့ အကျဉ်းသားတွေကို ပြင်ပမှာ ပြန်လည်နေထိုင်ရှင်သန်ရာမှာ အထောက်အကူပြုဖို့အတွက် ကာလတို သင်တန်းတွေအပြင် ပညာရပ်တွေသင်ကြားပေးခဲ့တယ်လို့ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ Ref: The Nation…
Read Moreရခိုင်စစ်ဘေးဒုက္ခသည်တွေကို အကူအညီ ပေးခွင့်မရတဲ့ကိစ္စ ကုလမဟာမင်းကြီးကို CSO တွေတင်ပြ
စစ်တွေ၊ မေ – ၂၂-၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်ကို ရောက်ရှိနေတဲ့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Mr.Filippo Grandi အဖွဲ့နဲ့ စစ်တွေမြို့အခြေစိုက် INGO/NGO တွေ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေ ဒီနေ့မနက်ပိုင်းက တွေ့ဆုံခဲ့ကြပြီး ရခိုင်စစ်ဘေးဒုက္ခသည်တွေကို အကူအညီပေးခွင့် မရတဲ့ကိစ္စတွေ တင်ပြခဲ့ကြပါတယ်။ “ကုလမဟာမင်းကြီးနဲ့ ကျွန်တော်တိ့ ဒီမနက်ပိုင်းက တွေ့ကြပါတယ်။ CSO တွေကတော့ သုံးလေးဖွဲ့လောက်ပဲ ရောက်ပါတယ်။ နိုင်ငံတကာအဖွဲ့အစည်းတွေပဲ များပါတယ်။ အဓိကဆွေးနွေးတာကတော့ ရခိုင်ပြည်နယ်အတွင်းက ဒုက္ခသည်တွေအရေးကိစ္စကိုပဲ ဆွေးနွေးဖြစ်ပါတယ်။ စစ်ဘေးရှောင်တွေကို အကူအညီပေးခွင့် မရတဲ့ကိစ္စတွေကို ပြောဖြစ်ကြပါတယ်။”လို့ ဝံလက်ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်းက ဦးခိုင်ကောင်းစံက ပြောပါတယ်။ ရခိုင်ပြည်နယ်ကို သုံးရက်အကြာ လေ့လာဖို့ရောက်ရှိနေတဲ့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Mr.Filippo Grandi နဲ့အဖွဲ့ဟာ ပြီးခဲ့တဲ့ မေလ ၂၀ ရက်နေ့က စစ်တွေမြို့ကို…
Read More