ပဲခူးတိုင်းမှာ ခွေး​လေ​ခွေးလွင့်​တွေကို သုတ်​သင်​ရှင်းလင်းသွားမယ်

ပဲခူး၊ ဇွန်​ ၉ – ၂၀၁၉

မိုးယံ(VOM)

 

ပဲခူးတိုင်းအတွင်းမှာရှိတဲ့ ​ပိုင်​ရှင်​မဲ့ ​ခွေး​လေ​ခွေးလွင့်​တွေကို သုတ်​သင်​ ရှင်းလင်းသွားမယ်လို့ ပဲခူးတိုင်းအစိုးရအဖွဲ့က  သိရပါတယ်။

 

“ပိုင်​ရှင်​မဲ့ ​ခွေး​လေ​ခွေးလွင့်​တွေကို ဘဏ္ဍာရေးနှစ် တစ်​နှစ်​ နှစ်​ကြိမ်​၊  တစ်​​ကောင်​ကို ၁၅၀၀ ကျပ်​နဲ့ ရှင်းလင်းသုတ်​သင်​မယ်​။ ၂၀၁၈-၂၀၁၉ ဘဏ္ဍာ​ရေးနှစ်​အတွက်​ လျာထား​ငွေမပါဘူး။ တိုင်း​ဒေသကြီး အစိုးရအဖွဲ့​ အ​ထွေ​ထွေ ပိုလျှံရံပုံ​ငွေ (GRF)က​နေ ထုတ်​ယူသုံးစွဲခွင့်​​ တောင်းခဲ့တယ်။ သုံးစွဲခွင့်​တော့ မရ​သေးဘူး ၂၀၁၉-၂၀၂၀ ဘဏ္ဍာ​ရေးနှစ်​မှာ အဖွဲ့ရဲ့အသုံးစရိတ်​ ဘတ်ဂျက်ထဲ ထည့်​​ရေးစွဲသွားမယ်​။”လို့ ပဲခူးတိုင်း အစိုးရအဖွဲ့ သယံဇာတ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာ စောညိုဝင်းက ပြောပါတယ်။

 

လက်ရှိအချိန်အထိ ကောက်ယူထားတဲ့ စာရင်းအရတော့ ပဲခူးတိုင်းမှာ ​ပိုင်​ရှင်​မဲ့ ​ခွေး​လေ​ခွေးလွင့်​ သုံး​သောင်း​ကျော်​ ရရှိခဲ့ပြီး ဘဏ္ဍာရေးတစ်​နှစ်ကို နှစ်​ကြိမ်​နှုန်းနဲ့ သုတ်​သင်​ရှင်းလင်းသွားမှာ ဖြစ်ပါတယ်။

 

ပဲခူးမြို့နယ်​ စည်​ပင်​သာယာ ​ငွေလုံး​ငွေရင်း အသုံးစရိတ်​ကနေ ခွေးသတ်​​ဆေး သုံးစွဲဖို့ လျာထား​ငွေ(၁၃)သိန်းကျပ်၊  ​ရွှေကျင်​မြို့နယ်​က ​ခွေး​လေ​ခွေးလွင့်​တွေ သုတ်​သင်​ရှင်းလင်းဖို့နဲ့  သားဆက်​ခြား​ဆေးဝယ်​ယူဖို့အတွက် လျာထား​ငွေ(၃၅)သိန်းကျပ်​တို့ကို ပြန်​လည်​​တောင်းခံပြီး အဖွဲ့ရဲ့အသုံးစရိတ်​ ဘတ်​ဂျတ်​မှာ ထည့်​သွင်း​ရေးစွဲကာ တိုင်း​အစိုးရအဖွဲ့ကို တင်​ပြထားပြီး ဖြစ်ပါတယ်။

 

ခွင့်​ပြုချက်​ရပါက ​ခွေး​လေ​ခွေးလွင့်​ သုတ်​သင်​ ရှင်းလင်း​ရေး ပြုလုပ်​သွားမယ်လို့ ပဲခူးတိုင်း​လွှတ်​​တော်​ (၁၂)ကြိမ်​​မြောက်​၊ နဝမနေ့ ပုံမှန်​အစည်းအ​ဝေးက သိရပါတယ်​။

 

#voiceofmyanmar # ပဲခူးတိုင်းမှာခွေးလေခွေးလွင့်တွေကိုသုတ်သင်ရှင်းလင်းသွားမယ်  #တစ်ကောင် ၁၅၀၀ #ပဲခူး

Related posts

Leave a Comment

VOM News

FREE
VIEW