မလေးရှားသွားမယ့် တရားမ၀င်မြန်မာလုပ်သား ၃၅ ဦး ထိုင်းမှာ အဖမ်းခံရပြန်

ဘန်ကောက်၊ ဇွန်-၂၀-၂၀၁၉

မျိုးဆက် (VOM)

 

မလေးရှားနိုင်ငံကို သွားရောက်ဖို့အတွက် ထိုင်းနိုင်ငံ ဆာဒေအိုခရိုင်မှာရှိတဲ့ စိုက်ပျိုးရေးခြံတစ်ခုထဲမှာ စောင့်ဆိုင်းနေတဲ့ တရားမ၀င်မြန်မာလုပ်သား ၃၅ ဦးကို ထိုင်းရဲတွေက ဇွန် ၁၉ ရက်ညပိုင်းမှာ ဖမ်းဆီးလိုက်ပါတယ်။

 

အမျိုးသား ၂၁ ဦးနဲ့ အမျိုးသမီး ၁၄ ဦးပါဝင်တဲ့ မြန်မာလုပ်သားတွေဟာ ခလောင်ငိုင်ဈေးအနောက်မှာရှိတဲ့ စိုက်ပျိုးရေးခြံတစ်ခုထဲမှာ ပုန်းအောင်းနေခဲ့တာဖြစ်ပြီး ညရှစ်နာရီလောက်မှာ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ အဖွဲ့ကို ဦးဆောင်တဲ့ နောက်ထပ်မြန်မာတစ်ဦးကိုလည်း ဖမ်းဆီးခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

 

ဒီလိုလုပ်ဆောင်တာဟာ မလေးရှားကို တရားမ၀င်မြန်မာလုပ်သားတွေ သွားရောက်နေမှုကို အဆုံးသတ်ဖို့ဖြစ်ပြီး လူကုန်ကူးသူတွေဟာ မလေးရှားသွားမယ့် မြန်မာလုပ်သားတွေကို ဘန်ကလန်၊ ဟတ်ရိုင်၊ ရက်တာဖန်နဲ့ ဆာဒေဆိုခရိုင်တွေမှာ စောင့်ဆိုင်းဖို့ အမြဲလိုလို ခေါ်ဆောင်လာတတ်တယ်လို့ ဆိုပါတယ်။

 

တရားမ၀င်မြန်မာလုပ်သားအများစုကတော့ မလေးရှားနိုင်ငံက စိုက်ပျိုးရေးနဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ အလုပ်လုပ်ကိုင်ဖို့ သွားရောက်ကြတာဖြစ်တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။

Ref : Bangkok Post

Photo : Assawin Pakkawan

 

#voiceofmyanmar # မလေးရှားသွားမယ့်တရားမ၀င်မြန်မာလုပ်သား ၃၅ ဦးထိုင်းမှာအဖမ်းခံရ  # ဘန်ကောက် #

 

 

Related posts

Leave a Comment

VOM News

FREE
VIEW