ရန်ကုန်တိုင်းမှာ အလုပ်ရှင်အလုပ်သမား အငြင်းပွားမှုပြသနာတွေက နေ့စဉ် ငါးခုလောက်ရှိနေ

ရန်ကုန် ၊ ဇွန် ၂၅ – ၂၀၁၉

သိဂီ င်္( VOM)

 

ရန်ကုန်တိုင်းမှာ အလုပ်ရှင်အလုပ်သမား အငြင်းပွားမှုပြသနာတွေက နေ့စဉ်ပျှမ်းမျှ ၅ မှုလောက်အထိဖြစ်နေတယ်လို့   အလုပ်သမား၊ လူဝင်မှုကီးကြပ်ရေးနဲ့ပြည်သူ့အင်အားဝန်ကြီးဌာနကနေ သိရပါတယ်။

 

“အလုပ်ရှင်အလုပ်သမား အငြင်းပွားမှု ပြသနာတွေက နေ့စဉ်နေ့စဉ် ပျမ်းမျှငါးမှုအထိ ဖြစ်ပွားမှုရှိနေတယ်။ အများစုက လုပ်ခလစာနဲ့ အချိန်ပိုကြေးပြသနာတွေ အများဆုံးဖြစ်နေကြတယ်။”လို့ အလုပ်ရုံနှင့်အလုပ်သမား ဥပဒေစစ်ဆေးရေးဦးစီးဌာန လှိုင်သာယာမြို့နယ် ဦးစီးအရာရှိ ဦးသန်းထိုက်အောင်က ပြောပါတယ်။

 

အဲဒီလို အလုပ်ရှင် အလုပ်သမားအငြင်းပွားမှုတွေကြောင့် ဒီနှစ် နှစ်စကနေ မေလကုန်အထိဆိုရင် အမှုပေါင်း ၇၅၀ လောက်ရှိနေတာဖြစ်ပြီး စက်ရုံ ၁၈ ရုံကို တရားစွဲဆိုထားတယ်လို့ အလုပ်သမား၊ လူဝင်မှုကီးကြပ်ရေးနဲ့ပြည်သူ့အင်အားဝန်ကြီးဌာနက သိရပါတယ်။ စက်ရုံ ၅ ခုကတော့ အပြီးအပြတ်ဖြေရှင်းနိုင်ခဲ့ပြီဖြစ်ပြီး ကျန်စက်ရုံ ၁၃ ခုကတော့ အမှုရင်ဆိုင်ဆဲဖြစ်တယ်လို့ သိရပါတယ်။

 

ဒီစက်ရုံတွေဟာ  အလုပ်ရှင်အလုပ်သမားအငြင်းပွားမှုတွေထဲကနေ  ဥပဒေ၊ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ဆောင်ရွက်ခြင်း မရှိခဲ့တာကြောင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

 

ဒါ့အပြင် အကြောင်းအမျိုးမျိုးနဲ့ အလုပ်ရှင် ၊အလုပ်သမားအငြင်းပွားမှုတွေထဲမှာ ဥပဒေနဲ့အညီ ဆောင်ရွက်ခြင်းမရှိခဲ့တဲ့ စက်ရုံအလုပ်ရုံ ၁၅ ခုကိုလည်း ခံဝန်လက်မှတ်ထိုးပြီး ဖြေရှင်းပေးထားတာ ရှိတယ်လှို့ သိရပါတယ်။

 

“အငြင်းပွားမှုတွေဖြစ်လာပြီဆိုတာနဲ့ ညှိနှိုင်းဖြေရှင်းလို့ရတာတွေရှိသလို မရတာတွေလည်း ရှိပါတယ်။ ကျနော်တို့ဌာနအနေနဲ့ ဥပဒေနဲ့မညီတဲ့လိုက်နာမှုမရှိတဲ့ စက်ရုံအလုပ်ရုံတွေကို ဌာနအနေနဲ့လည်း တရားစွဲဆိုတာတွေ ရှိပါတယ်။ အရေးယူ ဆောင်ရွက်ခဲ့တာတွေလည်းရှိပါတယ်။”လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ရန်ကုန်တိုင်း အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ကျော်ထွန်းက ပြောပါတယ်။

 

ခုလို အငြင်းပွားမှုတွေမှာ ဌာနခွင့်ပြုချက်မရှိဘဲ အဆိုင်း နှစ်ဆိုင်း၊ သုံးဆိုင်းစနစ်နဲ့ လုပ်ကိုင်ခဲ့တာ၊ လုပ်ငန်းခွင်မှာ သေဆုံးမှုဖြစ်ပေါ်တာ၊ အချိန်ပိုခိုင်းစေတာ၊ ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ စက်ရုံပိတ်သိမ်းတာစတဲ့ ကိစ္စရပ်တွေကြောင့် ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

 

Photo- Action Labor Rights

#voiceofmyanamr  # အလုပ်ရှင်အလုပ်သမားအငြင်းပွားမှုပြသနာတွေကနေ့စဉ်ငါးခုလောက်ရှိနေ # အလုပ်သမား၊ လူဝင်မှုကီးကြပ်ရေးနဲ့ပြည်သူ့အင်အားဝန်ကြီးဌာနက # ရန်ကုန် #

Related posts

Leave a Comment

VOM News

FREE
VIEW