တရားစွဲခံရတဲ့ သတင်းထောက်တစ်ဦးနဲ့ အောင်သပြေရွာသား ၇ ဦး အမှု စတင်စစ်ဆေး

မန္တလေး၊ ဇွန် ၂၇-၂၀၁၉

ဟိန်းကို(VOM)

 

မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် အောင်သပြေကျေးရွာမှာ ၂၀၁၉ မေလ ၁၄ ရက် မနက်အစောပိုင်းက ဖြစ်ပွားခဲ့တဲ့ အဓိကရုန်းဖြစ်စဉ်မှာ ပါဝင်ပတ်သက်ခဲ့တယ်ဆိုပြီး တရားစွဲခံရတဲ့ သတင်းထောက် နန္ဒ(တကိုယ်တော်) နဲ့ အောင်သပြေရွာသား (၇)ဦးအမှုကို ဒီနေ့ နေ့လည်ပိုင်းက ပုသိမ်ကြီးမြို့နယ်တရားရုံးမှာ စတင်စစ်ဆေးခဲ့ပါတယ်။

 

ဒီနေ့ စစ်ဆေးမှုဟာ ပုသိမ်ကြီးမြို့နယ် ရဲတပ်ဖွဲ့ ရဲမှူးမျိုးညွန့်သန်းက ပုဒ် ၁၄၇၊ ၃၃၃၊ ၃၃၂၊ ၃၅၃၊ ၁၁၄ တို့နဲ့ တရားလိုလုပ်ကာ တရားစွဲဆိုထားတာဖြစ်ပြီး တရားလိုပြသက်သေအဖြစ်ပါဝင်တဲ့ ပြည်ကြီးတံခွန်မြို့နယ်ရဲတပ်ဖွဲ့ ရဲတပ်သား အောင်ဇင်ငြိမ်းကို စတင်စစ်ဆေးခဲ့တာဖြစ်ပါတယ်။

 

လာမယ့်ရုံးချိန်းကို ၂၀၁၉ ဇူလိုင် ၅ ရက်သို့ ထပ်မံချိန်းဆိုခဲ့ပါတယ်။

 

#voiceofmyanmar # တရားစွဲခံရတဲ့သတင်းထောက်တစ်ဦးနဲ့အောင်သပြေရွာသား၇ဦး အမှုစတင်စစ်ဆေး # မန္တလေး# ပုသိမ်ကြီး#

Related posts

Leave a Comment

VOM News

FREE
VIEW