နျူကလီးယားစာချုပ်ကို အီရန်ချိုးဖောက်လိုက်ပြီလို့ အိုင်အေအီးအေ အတည်ပြု

ဗီယင်နာ၊ ဇူလိုင်-၂-၂၀၁၉

မျိုးဆက် (VOM)

 

အီရန်နိုင်ငံဟာ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေနဲ့ ချုပ်ဆိုထားတဲ့ ၂၀၁၅ ခုနှစ် နျူကလီးယား သဘောတူညီချက်အရ ယူရေနီယံသန့်စင်သိုလှောင်မှုနဲ့ပတ်သက်တဲ့ ကန့်သတ်ချက်ကို ချိုးဖောက်လိုက်ပြီလို့ နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီ (အိုင်အေအီးအေ)က အတည်ပြုပြောဆိုလိုက်ပါတယ်။

 

အီရန်ရဲ့ အရံထားရှိတဲ့ သန့်စင်ပြီး ယူရေနီယံပမာဏဟာ ကန့်သတ်ချက်ထက် သုံးရာ ကီလိုဂရမ်ကျော်လွန် နေတာကို နိုင်ငံတကာ အနုမြူစွမ်းအင်အေဂျင်စီ စုံစမ်းစစ်ဆေးသူတွေက ဖော်ထုတ်အတည်ပြုလိုက်ကြတာ ဖြစ်ပါတယ်။

 

အဏုမြူဓာတ်ပေါင်းဖိုပြုလုပ်ရာမှာ လောင်စာအဖြစ် အသုံးပြုနိုင်ရုံသာမက အလားအလာရှိတဲ့ နျူကလီးယားဗုံးတွေကိုတောင် ထုတ်လုပ်နိုင်တဲ့  ယူရေနီယံသန့်စင်ထုတ်လုပ်မှုကို အီရန်က မေလအတွင်း တိုးမြှင့်လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

 

နျူကလီးယားသဘောတူစာချုပ်ကနေ သမ္မတဒေါ်နယ်ထရန့် နှုတ်ထွက်ပြီးနောက် အမေရိကန်က ပြန်လည်ပြဌာန်းလိုက်တဲ့ အရေးယူပိတ်ဆို့မှုတွေ လက်တုံ့ပြန်တဲ့အနေနဲ့ ယူရေနီယံ သန့်စင်မှုကို တိုးမြင့်လုပ်ဆောင်ခဲ့တာလို့ အီရန်က ဆိုပါတယ်။

 

နျူကလီးယားသဘောတူချက်ကို ချိုးဖောက်မှုမှန်သမျှအတွက် နောက်ဆက်တွဲအကျိုးဆက်တွေနဲ့ စာချုပ်ပါ သဘောတူညီမှုအရ အီရန်ရဲ့ နျူကလီးယားဆိုင်ရာ ကန့်သတ်ချက်တွေကို ချိုးဖောက်တဲ့အတွက် ဘက်ပေါင်းစုံ အရေးယူပိတ်ဆို့မှုတွေ ပြန်လည်ပြဌာန်းခွင့်ရှိတယ်လို့ ဥရောပနိုင်ငံတွေက အီရန်ကို သတိပေး ပြောဆိုထားပါတယ်။

 

Ref : BBC

Photo : AFP

 

#voiceofmyanmar # နျူကလီးယားစာချုပ် #အီရန်ချိုးဖောက်လိုက်ပြီ #အိုင်အေအီးအေအတည်ပြု #နိုင်ငံတကာအနုမြူစွမ်းအင်အေဂျင်စီ #စုံစမ်းစစ်ဆေးသူ #ဗီယင်နာ

Related posts

Leave a Comment

VOM News

FREE
VIEW