ရန်ကုန်-ပြည်​ကားလမ်းနဲ့ ရထားလမ်းကြား ​ညောင်​ကုန်းအုပ်​စု​မှာ လယ်​ဧကတစ်​​ထောင်​​ကျော်​​ရေနစ်​မြုပ်​​နေ

သဲကုန်း ဇူလိုင်​ ၇-၂၀၁၉

မိုးယံ(VOM)

 

ပဲခူးတိုင်း ပြည်​ခရိုင်​ သဲကုန်းမြို့နယ်​ရန်​ကုန်​-ပြည်​ကားလမ်းနဲ့ရထားလမ်းကြား ​ညောင်​ကုန်းအုပ်​စု ​​ကျေးရွာ​တွေကလယ်​ဧက တစ်​ထောင်​​ကျော်​​ရေနစ်​မြုပ်​​နေလို့် တောင်​သူ​တွေ အခက်​အခဲ ဖြစ်​​နေပါတယ်​။

 

`​ရေနစ်​​နေတာ ၁၅ရက်​​လောက်​ရှိပြီ ပျိုးခင်း​တွေ စိုက်​ပြီးမှ ​ရေနစ်​​နေတာ ရထားလမ်းနဲ့ဆည်​​မြောင်း ​ဘောင်​ကြားထဲမှာ လယ်​ဧကတစ်​ထောင်​​လောက်​နစ်​​နေတာပါ ဇွန်​လ ၂၅ရက်​​နေ့တည်းက​ ချောင်းရေတက်​လာပြီးအခု ဇူလိုင်​ ၇​ရက်​​နေ့ထိ​ရေ​နစ်​​နေတုန်းလို့´​ဒေသခံ​တောင်​သူ ဦးအေးက​ပြောပါတယ်​။

 

ရေနစ်​​နေတဲ့အခက်​အခဲ​တွေကို ​ညောင်​ကုန်းအုပ်​စု အုပ်​ချုပ်​​ရေးမှုး ဦးမျိုးညွှန့်​ထွန်းကလည်း အခုလိုရှင်းပြပါတယ်​။

`နွယ်​​ကောက်​အုပ်​စုပိုင်​ ကင်းတက်​​ချောင်း၊ ချင်းစု​ချောင်း ၊ သဲဖြူ​ချောင်း စတဲ့​ချောင်း​တွေကစုပြီး ​ရေ​တွေက ကွင်းအမှတ်​ ၉၁၄ ၉၁၂ ၉၁၃ကွင်းထဲကိုဝင်​ပါတယ်​။ ​ရေစိုးထုတ်​တဲ့​မြောင်းထဲကို စီးဝင်​ဖို့အင်​အားမရှိဘူး ​ချောင်း​တွေကပါလာတဲ့သဲ​တွေက ပြည့်​​နေ​တော့​ရေက မဆင်းနိုင်​ဘူး ​ရေနစ်​တာ​တော့ကြာပါပြီ ဒီနှစ်​ကပိုဆိုးတယ်​ လက်​ရှိ​ရေစိုးထုတ်​တဲ့​ဘောင်​ကထပ်​မြှင့်​လိုက်​​တော့ ​ရေကထွက်​စရာအ​ပေါက်​မရှိဖြစ်​ပြီး ​ရေ​မြုပ်နေတာပါလို့´ရှင်းပြပါတယ်​။

 

`တစ်​ခါမှ အခု​လောက်​ကြာကြာ​ရေမနစ်​ဖူးဘူး ယခင်​တုန်းက ၃ရက်​​လောက်​ဆို​ရေကကျသွားပြီ မိုးတစ်​မိုးဘဲရွာတာကို ​ရေကမထွက်​ဘူး ​ရေဝင်​တာလက်​ခံပြီးထွက်​တာမရှိ​တော့ ​ရေထွက်​​ပေါက်​ကိုချဲ့​ပေး​စေချင်​ပါတယ်​။  ချောင်း​မြောင်း ​ရေထွက်​​ပေါက်​မရှိတာ​​ကြောင့်​ အခုလို​ရေနစ်​တာ ၅နှစ်​​ကျော်​ပါပြီ။  ဒီနှစ်​ကပိုဆိုးလို့ သက်​ဆိုင်​ရာတွေကို တင်​ပြအကူအညီ​တောင်းထားပါတယ်​လို့´တဲကြီးကုန်း​ကျေးရွာက​တောင်​သူ ဦးမြင့်​ဦးက ​ပြောပါတယ်​။

 

ရန်​ကုန်​-ပြည်​ကားလမ်း​အောက်​ဖက်​ ​ပေ၅၀ဝန်းကျင်​​လောက်​ကို သဲဖြူ​ချောင်းကျိုးကျပြီး ရထားလမ်း​အောက်​ဖက်​​ပေ၅၀ဝန်းကျင်​​လောက်​ သိုက်​​တောမ​ချောင်းကျိုးကျခဲ့လို့ ရွာ​တွေနဲ့လယ်​​တွေ ​ရေနစ်​​နေတာကို တိုင်း​ဒေသကြီး လွှတ်​​တော်​ကိုယ်​စားလှယ်​၊ အ​ထွေ​ထွေ အုပ်​ချုပ်​​​ရေးဦးစီးဌာန၊ ဆည်​​မြောင်းဌာန ​က လာ​ရောက်​ကြည့်​ရှုခဲ့ပေမယ့် ဘာမှလုပ်မပေးနိုင်သေးဘူးလို့လည်း ဒေသခံ​တွေကဆိုပါတယ်​။

 

အုတ်​တွင်းကုန်းရွာ​နောက်​ဖက်​မှာ ​ရေဆိုးထုတ်​တဲ့​မြောင်း​ဘောင်​ကြီးတစ်​ခုရှိပြီး ဒီရက်​ပိုင်းမိုး​ရေချိန်​ ၂.၈၅ ဝန်းကျင်​​လောက်​ရွာလို့ အဲဒီရွာအုပ်​စု​တွေမှာ ​ရေ​တွေစု နစ်​​နေတာဖြစ်​တယ်​လို့ သဲကုန်းမြို့နယ်​ တိုင်း​ဒေသကြီး လွှတ်​​တော်​ကိုယ်​စားလှယ်​ ဦးဇော်​လင်းထိုက်​က ​ပြောပါတယ်​။

 

`အခုလို​ရေနစ်​တာကိုသက်​ဆိုင်​ရာ ဌာနဆိုင်​ရာ ​တွေနဲ့တိုင်​ပင်​ပြီး လာမယ့်​ပွင့်​လင်းရာသီမှာ ​ဘောင်​​အောက်​က​နေ ငုတ်​ပွန်​ နှစ်​လုံးတပ်​မယ်​တစ်​ဖက်​က အနိမ့်​ပိုင်းဘက်​ကကွင်း​တွေကို​ရေထုတ်​နိုင်​​အောင်​ ​အောက်​က​မြောင်း​တွေ​ဖော်​​ပေးမယ်​ လတ်​တ​လောက​တော့ ရေဆိုးထုတ်​​မြောင်းထဲမှာ ဆို့နေတဲ့ ​ရေ​တွေဒိုက်​​တွေကို​အောက်​ဖက်​မှာ​မြောင်းကျဉ်း​နေတာ​တွေရှိတယ်​ အဲဒါ ​တွေ​ဖော်​နိုင်​ဖို့ကြိုးစား​နေပါတယ်​ ရံပုံ​ငွေရဖို့အတွက်​က​တော့ သဘာဝ ​ဘေးအန္တရာယ်​ရံပုံ​ငွေရရှိဖို​ တိုင်း​ဒေသကြီး ဝန်​ကြီးချုပ်​နဲ့ညှိနှိုင်းတိုင်​ပင်​​နေပါတယ်​လို​´​လည်း လွှတ်တော်​ကိုယ်​စားလှယ်​က ​ပြောပါတယ်​။

 

#voiceofmyanmar   #သဲကုန်း #ပဲခူးတိုင်း #လယ်ဧကတစ်ထောင်ကျော်နေရနစ်မြုပ်

Related posts

Leave a Comment

VOM News

FREE
VIEW