ပြည်ခိုင်ဖြိုးပါတီရဲ့ကလေးသူငယ်ဥပဒေကြမ်း ကန့်ကွက်ပွဲ ကြွေးကြော်သံနဲ့ဆိုင်းဘုတ်ကိုင်ဆောင့်ခွင့်ပိတ်ပင်ခံရ

မန္တလေး၊ ဇူလိုင် ၁၀-၂၀၁၉

ဟိန်းကို(VOM)

 

မိုးကုတ်မြို့မှာ ဒီနေ့မနက်ပိုင်း ပြည်ခိုင်ဖြိုးပါတီက ပြုလုပ်တဲ့ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေမူကြမ်းအပေါ် ကန့်ကွက်ရှုတ်ချ ဆန္ဒဖော်ထုတ်ပွဲမှာ ကြွေးကြော်သံအော်ဟစ်ခြင်းနဲ့ ဆိုင်းဘုတ်ကိုင်ဆောင့်ခွင့် ပိတ်ပင်ခံခဲ့ရတဲ့အတွက် အသံတိတ်နဲ့ လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

 

” ပထမ ခွင့်ပြုချက်ရတယ်။ ခွင့်ပြုချက်ထဲမှာလည်း အဲ့အချက်တွေအကုန်ခွင့်ပြုတယ်။ မနေ့က ညပိုင်းက ကျနော်တို့ကိုခေါ်ပြီး ဗီနိုင်းမကိုင်ရဘူး၊ ကြွေးကြော်သံတွေ မကြွေးကြော်ရဘူးလို့ ပြောတဲ့အတွက် အခုလိုဖြစ်သွားတာပါ။ မန္တလေးမှာပြုလုပ်တဲ့ပွဲတွေမှာ ခွင့်ပြုပြီးတော့ ဒီမြို့ကျမှ ခုလိုခွင့်မပြုတာပါ။ “လို့ မန္တလေးတိုင်း ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်အောင်ထက်က ပြောပါတယ်။

 

ဒီမိုကရေစီလို့ ကြွေးကြော်နေတဲ့ အစိုးရလက်ထက်မှာ လူ့တွေရဲ့အခွင့်အရေးဖြစ်တဲ့ ဥပဒေနဲ့အညီ လွတ်လပ်စွာဆန္ဒထုတ်ဖော်ခွင့်ကို ထိန်းချုပ်ကန့်သက်တာ၊ ဥပဒေနဲ့အညီ ဆန္ဒပြတာတွေကို ခွင့်ပြုမပေးတာတွေဟာ ဒီမိုကရေစီအခွင့်အရေးကို ချိုးဖောက်ခံနေရတာလို့ ကိုဇော်အောင်ထက်က ဆက်ပြောပါတယ်။

 

မန္တလးတိုင်း ပြည်ခိုင်ဖြိုးပါတီအနေနဲ့ ယခု ဇူလိုင်လအတွင်းမှာ သတင်းစာရှင်းလင်းပွဲတွေ ပြုလုပ်ဖို့ရှိနေပြီး အခုဖြစ်သွားတဲ့ကိစ္စရပ်နဲ့ပက်သက်တဲ့ ထုတ်ပြန်ချက်တွေလည်း ထုတ်ပြန်သွားဖို့နဲ့ မီဒီယာတွေကနေတဆင့် ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

 

ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေမူကြမ်းအပေါ် ကန့်ကွက်ရှုတ်ချ ဆန္ဒဖော်ထုတ်ပွဲတွေကို နေရာအတော်များများမှာ ပြုလုပ်နေကြတာဖြစ်ပြီး  ကျန်ရှိတဲ့ မြို့တွေမှာလည်း ဆက်လက်လုပ်ဆောင်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

 

#voiceofmyanmar # ပြည်ခိုင်ဖြိုးပါတီ #ကလေးသူငယ်ဥပဒေကြမ်းကန့်ကွက်ပွဲ #ကြွေးကြော်သံနဲ့ဆိုင်းဘုတ်ကိုင်ဆောင့်ခွင့်ပိတ်ပင်ခံရ #မိုးကုတ်

Related posts

Leave a Comment

VOM News

FREE
VIEW