ပုဒ်မ ၅၉ (စ)မပြင်ဆင်ရေး ရန်ကုန်မှာ ဆန္ဒဖော်ထုတ်

ရန်ကုန်၊ ဇူလိုင် ၁၇ – ၂၀၁၉

သိဂီ င်္(VOM)

 

ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၅၉ (စ) မပြင်ဆင်ရေးနဲ့ သံဃာအချင်းချင်းသင်းကွဲအောင် သွေးခွဲစော်ကားနေမှုတွေကို ဆန့်ကျင်ရှုတ်ချတဲ့အနေနဲ့ ဒီနေ့ ဇူလိုင် ၁၇ ရက် မနက်ပိုင်းက ရန်ကုန်မြို့မှာ လူအင်အားသောင်းနဲ့ချီ ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

 

ပုဒ်မ ၅၉ (စ) မပြင်ဆင်ရေး၊ ကာကွယ်စောင့်ရှောက်ရေးနဲ့ တိုင်းရင်းသားအချင်းချင်း သင်းကွဲအောင် သွေးကွဲစော်ကားနေတဲ့သူတွေကို ဆန့်ကျင်ရှုတ်ချဖို့၊ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး အချုပ်အခြာအာဏာကိုကာကွယ်ဖို့ ဆန္ဒဖော်ထုတ်တာ ဖြစ်ပြီး ဒီပွဲမှာ ကြေးစားတွေ မပါဝင်ဘူးလို့ အမျိုးသားရေးဆောင်ရွက်သူတွေက ပြောပါတယ်။

 

” မိမိလူမျိုး ဘာသာသနာကို ကာကွယ်စောင့်ရှောက်တဲ့ ရဟန်းရှင်တွေ၊ အများပြည်သူတွေ အမျိုးသားရေး ချစ်မြတ်နိုးသူတွေကိုကျ ကြေးစားတဲ့ ပြောကြတယ်။ အမှန်က ကြေးစားရဲ့ ဝေါဟာရကို မသိလို့။ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးအတွက်လုပ်တာ ကြေးစားလို့ခေါ်သလား၊ ကြေးစားမဟုတ်ပါဘူး။ ဘာမှန်းမသိတဲ့ ထောက်ခံပွဲထက် ခုလိုတိတိကျကျ ဂဃနဏ ဆန္ဒထုတ်ဖော်ပွဲကို ရဲရဲဝံ့ဝံ့လုပ်ပါမယ်။”လို့ အမျိုးသားရေး ဆောင်ရွက်သူ ဦးဝင်းစိုးက ပြောပါတယ်။

 

ဆန္ဒဖော်ထုတ်ပွဲကို  ရန်ကုန်မြို့အမျိုးသားကဇာတ်ရုံရှေ့ကနေ လူစုပြီး ဗိုလ်ချုပ်အောင်ဆန်း လမ်းတစ်လျှောက်စီတန်းလှည့်လည်ကာ ဆူးလေဘုရားလမ်းအတိုင်း မဟာဗန္ဓုပန်းခြံရှေ့ ဟောပြောမယ့်နေရာအထိ လမ်းလျှောက် ချီတက်ခဲ့ကြတာပါ။

 

ဒီနေ့မှာတော့ ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေးထောက်ခံပွဲတွေ နေရာတော်တော်များများမှာ ပြုလုပ်ခဲ့သလို ပုဒ်မ ၅၉(စ)လို မပြင်သင့်တဲ့ဥပဒေတွေ မပြင်ဆင်ဖို့ ကန့်ကွက်ပွဲတွေလည်း နေရာတော်တော်များများမှာ ပြုလုပ်ခဲ့ကြပါတယ်။

 

#voiceofmyanmar #ပုဒ်မ ၅၉ (စ)မပြင်ဆင်ရေးဆန္ဒဖော်ထုတ် #ရန်ကုန်

 

Related posts

Leave a Comment

VOM News

FREE
VIEW