၁၃ နှစ်အရွယ် ယောက်ျားလေးကို အလိုမတူဘဲ အဓမ္မပြုကျင့်သူ ဖမ်းဆီးခံရ

ပန်းတောင်း၊ ဇူလိုင် ၁၈-၂၀၁၉

ဂျန်ကိုးလ်(VOM)

 

ပဲခူးတိုင်းအနောက် ပြည်ခရိုင် ပန်းတောင်းမြို့နယ်မှာ အသက် ၁၃ နှစ်အရွယ် ယောက်ျားလေးတစ်ဦးကို အသက်၂၆ နှစ်အရွယ် သန်းဇော်မျိုးဆိုသူက ဓါးနဲ့ခြိမ်းခြောက်ပြီး အလိုမတူဘဲ အဓမ္မပြုကျင့်ခဲ့လို့ အမှုဖွင့် အရေးယူထားတယ်လို့ ဥသျှစ်ပင် နယ်မြေရဲစခန်းက သိရပါတယ်။

 

“ကလေးက အိမ်ကနေ ဖုန်းအားသွင်းကြိုး ဝယ်ဖို့သွားရင်း ဖြစ်ကြတာပါ။ လမ်းမှာ အတူတူသွားရင်း ဖြစ်ကြတာ။”လို့ ဥသျှစ်ပင် နယ်မြေရဲစခန်းက ဒုရဲအုပ်အောင်မျိုးမင်းက အတည်ပြုပြောဆိုပါတယ်။

 

ဇူလိုင် ၁၄ ရက် နေ့လည်က ကျူးလွန်ခံရသူ အဲဒီကလေးဟာ နေအိမ်ကနေ ရွာမကြီးထဲကို ဖုန်းအားသွင်းကြိုး သွားဝယ်ရင်း လမ်းမှာကျူးလွန်ခံရတာလို့ သိရပါတယ်။ ဒါကြောင့် မနေ့ ဇူလိုင် ၁၇ ရက်မှာတော့ ကျူးလွန်ခံရသူ မိသားစုဘက်ကနေ အမှုဖွင့် တိုင်တန်းခဲ့တာ ဖြစ်ပါတယ်။

 

အခုလို အဓမ္မပြုကျင့်ခဲ့မှုကြောင့် ပြစ်မှုကျူးလွန်သူလို့ တိုင်တန်းခံရသူ သန်းဇော်မျိုးကို ဥသျှစ်ပင် နယ်မြေရဲစခန်းက (ပ)၈၀/၂၀၁၉ ရာဇသတ်ကြီး ပုဒ်မ ၃၇၇၊ ၅၁၁ နဲ့ အမှုဖွင့်ဖမ်းဆီးကာ စစ်ဆေးနေတယ်လို့ ဒုရဲအုပ် အောင်မျိုးမင်းက ပြောပါတယ်။

 

ကျူးလွန်ခံရတဲ့ ကလေးငယ်ရဲ့ အမေဖြစ်သူဟာ ရန်ကုန်မြို့မှာ အလုပ်သွားလုပ်နေရပြီး အဖေဖြစ်သူနဲ့ ရွာအပြင်တောစပ်မှာ တောင်သူလုပ်ရင်း နေထိုင်ကြသူတွေဖြစ်လို့ အဲဒီကလေးဟာ လူတွေနဲ့ အနေဝေးတယ်လို့ နယ်မြေခံတွေဆီက သိရပါတယ်။

 

ဓါတ်ပုံ – ရဲတပ်ဖွဲ့

 

#voiceofmyanmar #၁၃နှစ်ယောက်ျားလေးကိုအလိုမတူ အဓမ္မပြုကျင့်#ပဲခူး #ပြည် #ပန်းတောင်း

Related posts

Leave a Comment

VOM News

FREE
VIEW