အဂတိနဲ့တရားစွဲခံထားရတဲ့ မြို့နယ်ရဲတပ်ဖွဲ့မှူးဟောင်းနဲ့ ဒုရဲအုပ်ဟောင်းကို သုံးကြိမ်မြောက်ရုံးထုတ်

မန္တလေး၊ ဇူလိုင် ၁၈ -၂၀၁၉ နေသူ(VOM)   အဂတိလိုက်စားမှုနဲ့ တရားစွဲခံထားရတဲ့ မြို့နယ်ရဲတပ်ဖွဲ့မှူးဟောင်း ဦးသိန်းနိုင်နဲ့ ဒုရဲအုပ် ထွန်းထွန်းလင်းတို့ကို ဒီနေ့ နေ့လည်ပိုင်းက မန္တလေးတိုင်းတရားလွှတ်တော်မှာ တတိယအကြိမ်မြောက် ရုံးထုတ်ခဲ့ပါတယ်။   “အမှုအကြောင်းတော့ ပြောလို့မရသေးဘူး။ နောက်ရုံချိန်းမှာလည်း တရားလို ဦးအောင်မြင့်ဇော်ကို ဆက်လက်စစ်ဆေးမှာပါ။ တရားလိုပြသက်သေ ၉ ဦး တင်ထားပါတယ်။” လို့ စွပ်စွဲခံရသူ ရဲတပ်ဖွဲ့ဝင်တွေဘက်က လိုက်ပါဆောင်ရွက်ဆောင်ပေးနေသူ တရားလွှတ်တော် ရှေ့နေ ဦးမြင့်ဌေးက ပြောပါတယ်။   ချမ်းအေးသာစံမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းနိုင်နဲ့  အမှတ် (၃) စခန်းမှူး ရဲအုပ်ကျော်သူတို့ဟာ ဂိမ်းဆိုင်တစ်ခုမှာဖြစ်ပွားခဲ့တဲ့ ရာဇသတ်ကြီးပုဒ်မ ၃၂၆/၁၁၄ အမှုနဲ့ပတ်သက်လို့ အဲဒီအမှုတရားခံရဲ့ အဖေဆီကနေ အမှုကိစ္စ အဆင်ပြေစေဖို့၊ အမှုသက်သာစေဖို့ဆိုပြီး ငွေ ၂ သိန်းကျပ်ဆီကို တောင်းယူခဲ့ကြပါတယ်။   ဒါ့အပြင် တရားခံရဲ့အဖေဆီကနေ…

Read More

လက္ကာကျေးရွာသားတွေအပါအဝင် တရားစွဲခံနေရသူတွေနဲ့ မိသားစုတွေ တွေ့ခွင့်မရ

စစ်တွေ၊ ဇူလိုင် ၁၈-၂၀၁၉ ခိုင်လင်းစံ (VOM)   ရခိုင်ပြည်နယ်အတွင်းက AA အဖွဲ့နဲ့ ဆက်နွှယ် ပတ်သက်သူတွေဆိုပြီးတော့ တပ်မတော်ရဲ့ ဖမ်းဆီးခြင်း ခံခဲ့ရသူတွေကို ဒီနေ့ ဇူလိုင်လ ၁၈ ရက်က စစ်တွေခရိုင်တရားရုံးမှာ ရုံးထုတ်ခဲ့ပါတယ်။   အဲ့ဒီ ဖမ်းဆီးခံနေရသူတွေဟာ ပုဒ်မ ၅၀၊ ၅၀ (က)စတဲ့ ပုဒ်မတွေနဲ့ တရားစွဲဆို ခံနေကြရတာဖြစ်ပြီး  လက်ရှိမှာ မိသားစုဝင်တွေနဲ့ တွေ့ခွင့်မရဘဲ ဖြစ်နေကြတယ်လို့ သိရပါတယ်။   “ကျမယောက်ျားအပါအဝင် ဖမ်းဆီးခံနေရသူတွေအားလုံးဟာ ကျန်းမာရေး မကောင်းကြဘူး။ ဒါကြောင့် ဆေးဝါးတွေ ပေးနေရတုန်းပါပဲ။ သူတို့ကို ရဲဘက်ကို လွှဲပေးလိုက်ပြီးစမှာတော့ တွေ့ခွင့်ရတယ်။ အမှတ် ၁ ရဲစခန်းမှာ နှစ်ကြိမ်လောက် တွေ့ခဲ့ရတယ်။ အခုနောက်ပိုင်းတွေမှာ တွေ့ခွင့်မပေးတော့ဘူး။ ရုံးထုတ်မှ ခဏလေး တွေ့ခွင့်၊ မြင်ခွင့်ရကြပါတယ်။ သူတို့ဘာတွေ လိုအပ်နေလဲ။…

Read More

နျူလက်နက်ထိန်းချုပ်ရေးစာချုပ်ကို လိုက်နာဖို့ ရုရှားကို နေတိုးအဖွဲ့ သတိပေး

ဝါရှင်တန်၊ ဇူလိုင်-၁၈-၂၀၁၉ မျိုးဆက် (VOM)   ရုရှားနိုင်ငံနဲ့အတူ တာလတ်ပစ်နျူကလီးယားထိန်းချုပ်ရေးစာချုပ် (အိုင်အင်န်အက်ဖ် )ကို ထိန်းသိမ်းဖို့ သတ်မှတ်ချိန် ကုန်ဆုံးတော့မယ်လို့  နေတိုးအဖွဲ့ အတွင်းရေးမှူးချုပ် ဂျန်စတိုတင်ဘတ်က သတိပေး ပြောဆိုလိုက်ပါတယ်။   လာမယ့် သြဂုတ်လ ၂ ရက်အထိ သတ်မှတ်ထားချိန်အတွင်း စာချုပ်ပါ သဘောတူညီချက်ကို ရုရှားက ပြန်လည်လိုက်နာခြင်းမရှိဘူးဆိုရင်  နေတိုးအဖွဲ့ဟာ ကာကွယ်ရေးအစီအမံတစ်ရပ်နဲ့ တုံ့ပြန်သွားမယ်လို့ သူက ဆိုပါတယ်။   ရုရှားရဲ့ ဒုံးပျံတွေဟာ  နျူကလီးယားထိပ်ဖူးတပ်ဆင်နိုင်ခြင်း၊ ခြေရာခံရန် အလွန်ခက်ခဲခြင်းနဲ့ မိနစ်အနည်းငယ်အတွင်း ဥရောပရှိမြို့ကြီးတွေကို ပစ်ခတ်နိုင်တာကြောင့် စာချုပ်ပါစည်းမျဉ်းတွေကို ချိုးဖောက်နေတယ်ဆိုတာ  ရှင်းလင်းထင်ရှားနေတယ်လို့ စတိုတင်ဘတ်က ပြောပါတယ်။   အိုင်အင်န်အက်ဖ်စာချုပ်ဟာ နျူကလီးယားလက်နက်ထိန်းချုပ်ရေးမှာ ဆယ်စုနှစ်များစွာ အဓိကကျခဲ့ပြီး လက်ရှိအချိန်မှာတော့  စာချုပ်ဟာ အဆုံးသတ်ဖွယ်ရှိနေတယ်လို့ ဆိုပါတယ်။   ရုရှားကနောက်ထပ်ထုတ်လုပ်မယ့် ဒုံးပျံတွေရန်ကနေ ကမ္ဘာမြေအတွက်  မိမိတို့ကြိုတင်ပြင်ဆင်ထားရမယ်လို့…

Read More

၁၃ နှစ်အရွယ် ယောက်ျားလေးကို အလိုမတူဘဲ အဓမ္မပြုကျင့်သူ ဖမ်းဆီးခံရ

ပန်းတောင်း၊ ဇူလိုင် ၁၈-၂၀၁၉ ဂျန်ကိုးလ်(VOM)   ပဲခူးတိုင်းအနောက် ပြည်ခရိုင် ပန်းတောင်းမြို့နယ်မှာ အသက် ၁၃ နှစ်အရွယ် ယောက်ျားလေးတစ်ဦးကို အသက်၂၆ နှစ်အရွယ် သန်းဇော်မျိုးဆိုသူက ဓါးနဲ့ခြိမ်းခြောက်ပြီး အလိုမတူဘဲ အဓမ္မပြုကျင့်ခဲ့လို့ အမှုဖွင့် အရေးယူထားတယ်လို့ ဥသျှစ်ပင် နယ်မြေရဲစခန်းက သိရပါတယ်။   “ကလေးက အိမ်ကနေ ဖုန်းအားသွင်းကြိုး ဝယ်ဖို့သွားရင်း ဖြစ်ကြတာပါ။ လမ်းမှာ အတူတူသွားရင်း ဖြစ်ကြတာ။”လို့ ဥသျှစ်ပင် နယ်မြေရဲစခန်းက ဒုရဲအုပ်အောင်မျိုးမင်းက အတည်ပြုပြောဆိုပါတယ်။   ဇူလိုင် ၁၄ ရက် နေ့လည်က ကျူးလွန်ခံရသူ အဲဒီကလေးဟာ နေအိမ်ကနေ ရွာမကြီးထဲကို ဖုန်းအားသွင်းကြိုး သွားဝယ်ရင်း လမ်းမှာကျူးလွန်ခံရတာလို့ သိရပါတယ်။ ဒါကြောင့် မနေ့ ဇူလိုင် ၁၇ ရက်မှာတော့ ကျူးလွန်ခံရသူ မိသားစုဘက်ကနေ အမှုဖွင့် တိုင်တန်းခဲ့တာ ဖြစ်ပါတယ်။  …

Read More

ဂျပန်နိုင်ငံ အန်နီမေးရှင်းစတူဒီယို မီးရှို့တိုက်ခိုက်ခံရ၊ လူ ၁၃ ထက်မနည်းသေဆုံး

တိုကျို၊ ဇူလိုင်-၁၈-၂၀၁၉ မျိုးဆက် (VOM)   ဂျပန်နိုင်ငံ ကျိုတိုမြို့ရှိ အန်နီမေးရှင်း စတူဒီယိုတစ်ခုမှာ  သံသယဖြစ်ဖွယ်မီးရှို့တိုက်ခိုက်ခံရတာကြောင့် လူ ၁၃ ဦးးထက်မနည်းသေဆုံးပြီး ၃၀ ကျော် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ အရေးပေါ်စီမံခန့်ခွဲရေး တာဝန်ရှိသူတွေက ပြောပါတယ်။   အမျိုးသားတစ်ဦးဟာ  ကျိုတိုအန်နီမေးရှင်းကုမ္ပဏီ စတူဒီယိုအတွင်းကို ဇူလိုင် ၁၈ ရက်က ချိုးဖောက်ဝင်ရောက်ပြီး အမျိုးအမည်မသိ အရည်တွေနဲ့ ပက်ဖြန်းရာကနေ မီးလောင်ကျွမ်းမှုစတင်ခဲ့တယ်လို့ ရဲတပ်ဖွဲ့ကို ကိုးကားပြီးဒေသတွင်း သတင်းဌာနတွေက ဖော်ပြပါတယ်။ အမည်ဖော်ပြမထားတဲ့ အဲဒီ သံသယရှိသူကို ဖမ်းဆီးထိန်းသိမ်းလိုက်ပြီး ထိခိုက်ဒဏ်ရာရရှိထားတာကြောင့် ဆေးရုံတင်ပို့ထားပါတယ်။   မီးလောင်ကျွမ်းမှုကြောင့် ဒဏ်ရာရရှိသွားတဲ့ လူ ၁၀ ဦးကတော့ စိုးရိမ်ဖွယ်အခြေအနေရှိနေတယ်လို့  မီးသတ်ဌာန တာဝန်ရှိသူတွေက ဆိုပါတယ်။  မီးလောင်ကျွမ်းမှုဟာ ဇူလိုင် ၁၈ ရက် မနက် ၁၀ နာရီ ၃၀ မိနစ်က…

Read More

စစ်ကိုင်း ဧမြဝတီရပ်ကွက်မှာ ဧရာဝတီမြစ်ရေဝင်ရောက်လို့ မြေနိမ့်ပိုင်းက လူနေအိမ်အချို့ ပြောင်းရွှေ့နေရပြီ

စစ်ကိုင်း၊ ဇူလိုင် ၁၈- ၂၀၁၉ စောပြည့်ချမ်းသာ(VOM)   စစ်ကိုင်းမြို့ ဧမြဝတီရပ်ကွက်မှာ ဧရာဝတီမြစ်ရေဝင်ရောက်တဲ့အတွက် မြေနိမ့်ပိုင်းမှာနေထိုင်တဲ့ လူနေအိမ်အချို့ စတင်ပြောင်းရွှေ့နေရပြီလို့ ဒီနေ့မနက်ပိုင်းမှာ ဒေသခံတွေဆီက သိရပါတယ်။   ”ရေက တနေ့ကို တစ်ပေ၊ တစ်ပေခွဲလောက် တက်လာတယ်။ ရပ်ကွက်နေပြည်သူတွေက ချိုင့်ဝှမ်းထဲမှာနေရတဲ့ အခါကျတော့ တဖြည်းဖြည်း  ရွှေ့ပြီးနေထိုင်လာရာကနေ ခုက ရပ်ကွက်အတွင်းမှာ ထားစရာနေရာမရှိတော့ ခံတပ်ကြီးရဲ့ မြောက်ဘက် ဆေးရုံဝန်ထမ်းအိမ်ရာဘေးမှာ နှစ်စဉ်ထားနေတဲ့ နေရာလေးမှာပဲ နေရာချထားပေးမယ်။”လို့ ဧမြဝတီရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးရဲဝင်းက ပြောပါတယ်။   ဧမြဝတီရပ်ကွက်မှာ နှစ်စဉ် ဧရာဝတီမြစ်ရေ ဝင်ရောက်တဲ့အတွက် မြေနိမ့်ပိုင်းမှာ နေထိုင်တဲ့ အိမ်ထောင်စုတွေဟာ ရပ်ကွက်ဝင်ရာလမ်းပိုင်းဘေးဝဲ၊ယာနဲ့ ဘုန်းကြီးကျောင်းအချို့မှာ  ရွှေ့ပြောင်းနေထိုင်နေကြရတာပါ။ ဒါပေမယ့် အချို့အိမ်ထောင်စုတွေက  နေထိုင်မှု၊ သန့်ရှင်းသပ်ရပ်မှုမရှိလို့ဆိုပြီး ဒီနှစ်မှာတော့ ဘုန်းကြီးကျောင်းတွေက လက်မခံတော့ဘူးလို့  ဧမြဝတီရပ်ကွက် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။…

Read More

မန္တလေးမှာ ဝါတွင်းကာလ သံဃာတော် ၃၇၀၀၀ အတွက် ဆွမ်းဆန်လောင်းလှူ

မန္တလေး၊ ဇူလိုင် ၁၈ – ၂၀၁၉ ဖြူဖြူ (VOM)   မြန်မာ ဓလေ့ထုံးထမ်းအရ ဝါဝင်ပြီဆိုတာနဲ့ ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွေ ကျင်းပလေ့ရှိပါတယ်။ ဝါတွင်းကာလမှာ မိုးရွာတတ်တဲ့အကြိမ်အခါတွေများတာကြောင့် သံဃာတော်တွေအနေနဲ့ ဆွမ်းခံထွက်ဖို့ အခက်အခဲရှိတတ်တော့ ဆွမ်းကွမ်းလိုအပ်မှုတွေ ရှိတတ်ပါတယ်။ ဒါ့အပြင် သံဃာ့ထုံးထမ်းအစဉ်အလာအရ ပရိယတ္တိစာပေတွေကို ဝါတွင်းကာလမှာ အထူးလေ့လာသင်ကြားနေတာကြောင့်လည်း ဆွမ်းဆန်လိုအပ်တတ်ပါတယ်။ အဲဒါကြောင့် ဆွမ်းအတွက် မပူပန်ရအောင် ဆန်လှူအသင်းတွေက လောင်းလှူလေ့ ရှိကြပါတယ်။   မန္တလေးမြို့မှာလည်း ချမ်းသာကြီး ဆန်လှူအသင်းကနေ ဝါဆိုသံဃာ ၃၇၀၀၀ ကျော်အတွက် ဆွမ်းဆန်တွေ လောင်းလှူနေပြီ ဖြစ်ပါတယ်။ မန္တလေးခရိုင်အတွင်းရှိ ခြောက်မြို့နယ်က ဝါဆိုသံဃာတွေအတွက် ဒီနေ့ ဝါဆိုလဆုတ် ၂ ရက်ကနေ ၈ ရက်အထိ လှူဒါန်းသွားမှာပါ။   ဝါဆိုသံဃာတစ်ပါးကို ဆွမ်းဆန် ၄ ပြည် ၊ လွယ်အိတ်တစ်လုံး၊ ဆွမ်းစားပန်းကန်…

Read More
VOM News

FREE
VIEW